ဘာသာရေးမုသားများ

ဘာသာရေးကိုလည်း လေ့လာစရာတစ်ခုအနေနဲ့လည်း သဘောထားပါတယ် ဘာလို့လဲဆိုတော့ လေ့လာနေတာတွေက ဘာသာတစ်ခုထက် ပိုနေတာမျိုးလည်းရှိတယ် ကိုယ့်ဘာသာကိုယ် ကောက်ချက်ချက် ချထားတာတွေလည်းရှိတယ်။ လေ့လာစရာတစ်ခုအနေနဲ့ ဘာသာရေးသမိုင်းကိုလည်း ကရုတစ်စိုက်လေ့လာဖြစ်ပါတယ်။ ကိုယ့်ဘာသာအကြောင်းကတော့ အဓိကလေ့လာပါတယ်။ အကျင့်တစ်ခုက ဆန့်ကျင်ဘက်မှတ်တမ်းတွေကို ယှဥ်ကြည့်တတ်ပါတယ်။ အစကတော့ ဗုဒ္ဓဘာသာကို တစ်ခြားဘာသာတွေနဲ့ ယှဥ်ကြည့်လေ့ရှိပါတယ် ဒါပေမယ့် နောက်ပိုင်းမှ ဆန့်ကျင်ဘက်တွေကို ယှဥ်ကြည့်လို့မရမှန်း သဘောပေါက်လာပါတယ်။ ဒီတော့လိုင်းတူတာတွေကို ယှဥ်ကြည့်ပါတယ် ထေရဝါရ၊ မဟာယာန၊ ဇင် ဒါတွေကိုယှဥ်ကြည့်တတ်ပါတယ်။ ဘာလို့လဲဆိုတော့ ထေရဝါရကို ဘုရားဟောအတိုင်း အတိအကျလို့ပြောပေမယ့် အချိန်ကာလပြောင်းလဲမှု့ကြောင့် လက်ရှိစာတွေကို သိပ်စိတ်မချပါဘူး ပြီးတော့ မဟာယာနဖြစ်တဲ့အတွက် အကုန်မှားတယ်လို့ တစ်ယူသန်မဟုတ်ပါဘူး။ တူတာတွေရှာတယ် နှစ်ဘက်စလုံးကနေ ဘုရားဟောဖြစ်နိုင်တဲ့ အကြောင်းတွေကို သီးသန့်လေ့လာပါတယ်။ ကိုယ်ပြင်လို့ရတဲ့အရာတွေမဟုတ်တော့ ကိုယ့်စိတ်ထဲမှာပဲထားပါတယ် ဘယ်သူမှတော့ ထုတ်မပြောဖြစ်ပါဘူး။ အခုနောက်ပိုင်းကျတော့ ပြဿနာကို မီးထွန်းရှာပြန်ပါတယ် ဘာလုပ်သလဲဆိုတော့ ဗမာပြည်မှာ မတရားဝါဒအဖြစ် သတ်မှတ်ခံခဲ့ရတဲ့ ဗုဒ္ဓဘာသာအဖွဲအစည်းတွေရှိပါတယ် ဒါတွေကိုပြန်ရှာပါတယ် ဘာတွေကြောင့်လည်း ပြန်ကြည့်ပါတယ်။ ဗုဒ္ဓဘာသာတွေက ဘာသာရေးအတွက်ဆိုရင် ပေါ်တင်လည်းလိမ်တတ်တယ် ဒါ့ကြောင့် ဘယ်သူ့ရေးတဲ့စာကိုမှ ကိုယ်အသိဥာဏ်နဲ့ မဆုံးဖြစ်ရင်ယုံလို့မရပါဘူး။ အသေးအဖွဲဆိုပေမယ့် လုံးဝမဟုတ်တာတွေကို မျက်စေ့မှိတ်ယုံနေတဲ့ အကြောင်းတွေကို ဥပမာပြောမယ်ဆိုရင် ဗမာပြည်မှာရှိတဲ့ တောင်ထိပ်တွေမှာ ဗျာဋ္ဌိပေးကိုယ်တော်ကြီးတွေ တည်ထားတတ်ကြတယ် ပြီးတော့နေရာတိုင်းမှာပြောတဲ့ တူနေတဲ့စကားက ဘုရားရှင်လက်ထက်က ဒီနေရာကိုကွလာပြီးတော့ ဗျာဋ္ဌိတော်ပေးဆိုတာကို အမြဲပြောတတ်တယ်။ ကလေးဥာဏ်နဲ့စဥ်းစားရင်တောင် ဗမာပြည်နဲ့ ဘုရားပွင့်တဲ့ အိန္ဒိယ အဝေးကြီးပဲ ပြီးတော့ ဘုရားဆိုတာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ထက် အဆတစ်ရာမက အလုပ်များပါတယ် ဗမာပြည်အနှံ့ တောင်ထိပ်ပေါင်းစုံတော့ ဘုရားအလည်မလာအားဘူး။ ဘယုံနှယုံဗျာ နည်းတဲ့ခရီးမှမဟုတ်တာပဲ။ နောက်တစ်ခုက ရှေစက်တော် စက်တော်ရာအရှာထွက်မယ်ဆိုပြီးတော့ မင်းဘူးဘက်ထွက်သွားရနေ တွေ့ပြီးတော့ ရှေစက်တော်ဇာတ်လမ်းကစတာပဲ ဟုတ်မဟုတ်တို့ တောကြီးမျက်မည်းထဲမှာ ဘယ်လိုများ ရှာတွေ့သလဲဆိုတာတော့ တွေ့တဲ့ဘုန်းကြီးကို ပြန်မေးမှပဲ အသေအချာသိမှာပဲ။ လက်ရှိအမြင်နဲ့ပြောရရင်တော့ ဘုရားရခိုင်ပြည်ကို ရောက်တယ်မရောက်ဘူးဆိုတာကို ကျွန်တော်အခုအချိန်အထိ မသေချာသေးဘူး။ အခုထက်ထိ လေ့လာမိသလောက်ကတော့ ရခိုင်ကိုတောင်မရောက်သလိုပဲ။ သေချာတာကတော့ ရခိုင်ရောက်ခဲ့တယ်ဆိုရင်တောင် တစ်ပါးတည်းတော့ ရှေစက်တော်ကို ထွက်မလာလောက်ပါဘူး။ ပြီးတော့ ခြေတော်ရာကလည်း စာအုပ်ထဲဖတ်ရတာနဲ့ တစ်အားတူနေသလိုပဲ ဘာလို့လဲဆိုတော့ အကြီးကြီးပဲ။ ဘုရားလက်ထက်က အဆောက်အဦးတွေ အိန္ဒိယမှာ လက်ကျန်တွေရှိပါသေးတယ် တံခါးပေါက် အမြင့်တွေက အခုခေတ်နဲ့ သိပ်မကွာပါဘူး ဒီတော့ ဘုရားလည်း သူများထက် အလုံးအထည်ကြီးတောင် နည်းနည်းပေါ့။ ဒါမျိုးတွေကို ဗမာပြည်က ဗုဒ္ဓဘာသာဆိုတာတွေက ဆန်းစစ်တာ တစ်ခါမှ မတွေ့ဖူးဘူး။ ကိုယ်လည်း အယူဝါဒါအားဖြင့် ဗုဒ္ဓဘာသာစစ်စစ်ပါ လုံးဝကိုခိုင်မာပါတယ်။ ဒါကြောင့်လည်း လူအမုန်းခံပြီးတော့ ဘုရားဟောတာကဘာလဲ သီရိလင်္ကာက ကုလားတွေ ကိုယ်ဆီက ဘုရားကို ဗမာဖြစ်အောင် မွေးစားချင်နေတဲ့လူတွေကြောင့် ပိုနေတဲ့ဟာတွေကိုရှာကြည့်နေတာပါ။

3 thoughts on “ဘာသာရေးမုသားများ

  1. ကိုလူပျို ဝါသနာပါရင် ကျွန်တော်တစ်ယောက်နဲ့ မိတ်ဆက်ပေးမယ် ဆွေးနွေးကြပါလား ခွိခွိ။ ကျွန်တော်နဲ့တော့ မခင်ပါဘူး။ သူက ဘာသာရေး ဘလော့ရေးနေတဲ့လူပါ။ ဟဲဟဲ ပွဲကောင်းမယ်ထင်လို့။ :P

  2. ကိုဒီဘီရယ် စိတ်တော့စိတ်ဝင်စားပါတယ် ဒါပေမယ့်ကျွန်တော်က အခုအခြေအနေတိုင်းက ငြင်းဖို့သိပ်မအားတာရယ် စာအုပ်စာတမ်း လက်ထဲမှာ လုံးဝမရှိဖြစ်နေတယ်လေဗျာ။ မိတ်ဆက်ပေးတာကတော့ ဘာမှမဖြစ်ပါဘူးဗျာ လုပ်ပါလုပ်ပါ တွေ့ရတာပေါ့ On-Line ငြင်းဘက်တစ်ယောက်တိုးတာပေါ့။ :D

  3. လူပျိုကြီး မျက်မှန်က တကယုံ ကြည်လင်နေတဲ့ အဖြူရောင်စစ်စစ်ကို တပ်ကြည့်တော့ ပကတိအတိုင်းပဲ မြင်နိုင်စွမ်း ရှိတယ်ဗျာ…..တစ်ချို့က နေကာတွေ၊ ကာလာတွေနဲ့ ကြည့်တော့ အရောင်ပြောင်းသွားတာနေမှာပေါ့…….အကို လေ့လာ ဆန်းစစ်တဲ့ ပုုံမျိုးကို ကြိုက်တယ်ဗျာ…………တကယ်ပြောင်မြောက်လွန်းတယ်……အဲဒီ မွေးစားချင်သူတချို့ကြောင့် နာလို ခံခက်နဲ့၊ ဇာတ်လမ်းတွေ ရှုပ်နေကြတာ၊ ပြသနာမရှိရင် မနေတတ်တဲ့ လူတွေလို့ ပြောရမယ်နဲ့တူတယ်ဗျို့

Leave a Reply

Your email address will not be published. Required fields are marked *

*

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong> <pre lang="" line="" escaped="" highlight="">