အများပြောတဲ့ဘာသာရေးနဲ့ကျွန်တော်

တစ်ခါတစ်လေတော့ ကိုယ့်ဘာသာကိုယ် ပြန်မေးမိသေးတယ်။ ငါဘယ်ဘာသာကို ကိုးကွယ်သလဲလို့။ ငယ်ငယ်ကတည်းက ယုံကြည်လာတာကတော့ ထေရဝါရ ဗုဒ္ဓဘာသာပေါ့ဗျာ။ ဒါပေမယ့် ကြာလာလေ သူများပြောတဲ့ ဗုဒ္ဓဘာသာနဲ့ ငါသိတဲ့ ဗုဒ္ဓဘာသာ လုံးဝကိုမတူသလိုပဲ။ တစ်ရေခြားမြေခြားကိုရောက်လာမှ ပိုပြီးတော့ကို ကွဲပြားသွားသလိုပဲ။ အတူတူနေတဲ့လူတွေက တစ်နေ့အနည်းဆုံးတစ်ခါတော့ မနက်ပိုင်းမှာ ဦးတော်လုပ်တယ် ဘုရားဆွယ်တော်ကပ်တယ်၊ ရေတော်ကပ်တယ် ငါရောက်လာတာ အချိန်လည်း တော်တော်ကြာပါပြီ သူတို့လိုတော့ ငါဘုရားဆွမ်းတော် မကပ်မိဘူး ရေတော်လည်း မကပ်ဖြစ်ပါဘူး ဆီမီးလည်း မပူဇော်မိပါဘူး။ ဒီတော့ ငါကသူတို့ကြားမှာ ဘာသာမဲ့လိုပဲဖြစ်နေတယ်။ သူတို့ကတော်တော်လုပ်နိုင်ကြတယ် မနက်တိုင်း ပရိတ်ကြီး ဆယုံတစ်သုတ်ကို အော်ကြီးဟစ်ကျယ်လည်း အလွတ်ရွတ်တတ်တယ်။ တစ်ခါတစ်လေ ငါကြားတယ် သက်စေ့ရွတ်တာတဲ့။ ဒီတော့ ငါတော်တော်အားငယ်မိတယ် ဘာလို့လဲဆိုတော့ ငါပရိတ်ကြီးဆယုံတစ်သုတ်မပြောနဲ့ သြကာသတောင်ဖြောင့်အောင်မရဘူး။ တစ်ခါတစ်ခါ သူတို့ ပုတီးလည်းစိတ်ကြတယ် သမထပေါ့ဗျာ တစ်ချို့ဆိုရင် မအားတဲ့ကြားကနေ တစ်ရက်တစ်ရက် ပုတီးအပါတ်ရေ နှစ်ဆယ် အစိတ် ရတယ်ဗျာ။ ငါများ ပုတီးစိတ်ဖို့မပြောနဲ့ စိတ်စရာပုတီးတောင်မရှိဘူး။ ဒီတော့လည်း ငါမလုပ်နိုင်တာတွေလုပ်နိုင်တဲ့ သူငယ်ချင်းတွေကို ငါတော်တော်လေး အားရမိတယ်။ သူတို့စကားလုံးကို ငှားပြောရရင် ဘာသာရေး အတော်လုပ်တယ်ပေါ့ဗျာ။ တစ်လောကမှ တစ်ခုသတိထားမိတာက အရင် တစ်နေ့ကို ပုတီးအပါတ် နှစ်ဆယ်အစိတ် လောက်ရအောင်စိတ်တဲ့လူလည်း စိတ်တာမမြင်မိဘူး။ ပရိတ်ကြီးဆယ်တစ်သုတ်ကို သက်စေ့ရွတ်တဲ့လူလည်း ရွတ်သံမကြားဘူး။ ဒါနဲ့မေးကြည့်မိတယ်။ ဘာပြန်ပြောသလဲဆိုတော့ ငါတို့ယတြာချေခိုင်းလို့ အဓိဌာန်ဝင်တာ အောင်သွားပြီတဲ့ ဒီတော့ဆက်ရွတ်စရာ မလိုတော့ဘူးတဲ့။ ဒီတော့မှငါသဘောပေါက်တယ် သူတို့က ဘုရားစင်ရှေ့မှာ သွားပြီးတော့ ဘုရားစာငါရတယ်ဆိုပြီးတော့ တိုင်တည်ပြီးတော့ ဘုရားရှင် ကိုယ်တော်မြတ်ကြီးကို လိုချင်တာတွေ ကပ်ပြီးတော့ ပူဆာနေတာကိုး။ ဒီတော့မှပဲငါတော်တော် စိတ်ချမ်းသာသွားတယ် ဘာလို့လဲဆိုတော့ ငါဘုရားကို ဘာမှ နားပူနားဆာသွားပြီးတော့ နားညည်းအောင်မလုပ်ဘူးလေ။

5 thoughts on “အများပြောတဲ့ဘာသာရေးနဲ့ကျွန်တော်

  1. အကုန်လုုံး ကော်မန့်တွေ လေ ှျာက်ရေးနေလို့ ပြီးမှ မေတ်တာပို့မနေနဲ့ဦးနော် အကိုရေ……..တကယ် လူပျိုကြီးတွေလိုပဲ… အကွက်အကွင်းကို ကက်ကင်းဆင်မနေပဲနဲ့ ဒါရိုက်မြင်အောင် တိုတိနဲ့ ထိထိ ရေးတတ်တယ်ဗျာ…….အင်း… လူပျိုကြီး.. လူပြိုကြီး……လူပြိုကြီးမို့လို့သာပေါ့ဗျာ….

  2. သူပြောမှပဲ တစ်ကယုံလူပျိုကြီးဆိုတော့ လူပျိုကြီး အတုပဲရှိနေသလိုလို။

  3. လူပျိုကြီးမြင်သလို ကျမလည်း အဲလိုဘဲမြင်တတ်လာပြီ….အရင်တုန်းကတော့ဘာမှန်းမသိဘူး လိုက်လုပ်လိုက်တာဘဲ…ကိုယ်လိုချင်တာရှိမှ ရှိခိုးဆုတောင်းဆိုတာကြီးတော့ လက်မခံတော့ဘူး….ထိ၂ မိ ၂ ရေးတတ်တဲ့ လူပျိုကြီးရေ ့….
    ma mie nge

  4. း) ဂွတ်ထ်ကြိုက်တယ် း)
    အဲ လူပြိုကြီး အဲ လူပျိုကြီးပဲခလုတ်တိုက်နေကြတယ်
    း)

Leave a Reply

Your email address will not be published. Required fields are marked *

*

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong> <pre lang="" line="" escaped="" highlight="">