ကိုယ်ကလည်း အမြင်မတော်တာတွေ့ရင် မနေနိုင်တာနဲ့ လျောက်လျောက်ပြောမိတော့ လူတွေကလည်း အမြင်ကပ်ကြပါတယ်။ စောစောကပဲ ဘလော့တစ်ခုမှာ ရေးထားတာတွေ့လို့ ကြည့်မိပါတယ်ဗျာ ဘာအကြောင်းရေးထားတာလဲဆိုတော့ သင်္ကြန်အကြောင်းရေးထားတယ်။ ဘာပါလဲဆိုတော့ “ဗုဒ္ဓဘာသာထုံးတမ်းစဥ်လာ ယုံကြည်ချက်အရ သင်္ကြန်ချိန်ခါမှာ နတ်တို့ရဲ့ဘုရင် သိကြားမင်းက လူယောင်ဖန်ဆင်းပြီး လူ့ပြည်ကို ရောက်လာပါတယ်” လို့ရေးထားတယ်ဗျာ။ သိကြားမင်း သူ့ဘာသာသူ ရေပက်ခံထွက်တာတော့ ဟုတ်မဟုတ်မသိဘူးဗျာ ဗုဒ္ဓဘာသာ ထုံးစံကတော့ လုံးဝမဟုတ်ဘူးဗျာ။ သင်္ကြန်အကြောင်း ကိုအကျဥ်းချုပ်ပြောရရင်တော့ တစ်ကယ်တမ်းက သိကြားမင်းနဲ့ ဗြဟ္မာမင်းတို့ ဖဲရိုက်တဲ့ကိစ္စကနေ စတာပဲဗျ။ အဲလေ အလောင်းအစား လုပ်တာကနေစတာပဲ။ လောင်းတာကလဲ ခေါင်းဖြတ်ကြေးဆိုပြီး မိုက်မိုက်ကမ်းကမ်းပေါ့ဗျာ။ ဘာအကြောင်းလောင်းတယ်တို့ ဘာတို့ကတော့ ရှည်မှာစိုးလို့မပြောတော့ပါဘူး။ ဒီလိုမျိုးဆတ်ဆော့ရာကနေ ဗြဟ္မာမင်းလည်း ရှုံးတာပေါ့ သိကြားမင်းကလည်း သူ့ခေါင်းဘာလုပ်စားလို့ရမှာလဲ ဒီတော့ မဖြတ်ပါနဲ့ဘော်တာရယ် ဆိုတော့လည်း မရဘူး။ ဗြဟ္မာကြီးကသူ့ခေါင်းသူဖြတ်ပါတယ်။ အဲ့ဒီမှာ ဗြဟ္မာကြီးဦးခေါင်းပြဿနာက စတော့တာပဲ။ ဘာလို့လဲဆိုတော့ အဲ့ဒီ့ဗြဟ္မာကြီးကတန်ခိုး အင်မတန်ကြီးဆိုပဲ ဒီတော့ အဲ့ဒီ့ခေါင်းပြတ်ကြီးကို မြေပေါ်မှာထားရင်လည်း အပင်တွေလူတွေ ပူလွန်းလို့သေမယ် ဘာမှစိုက်လို့ပျိုးလို့မရဘူး မိုးပေါ်ထားပြန်ရင်လည်း မိုးခေါင်မယ် သမုဒ္ဒရာထဲချလိုက်ပြန်လည်း သမုဒ္ဒရာရေခန်းမယ် ဆိုပဲ။ ဒီခေတ်ဆိုရင်တော့ လောင်စာမကုန်ပဲ ရေနွေးငွေ့အင်ဂျင်လုပ်လို့ရတယ်ဆိုပြီး ပျော်နေမှာပေါ့။ သူတို့ခေတ်က ဒါမျိုးမှမလုပ်တတ်သေးတော့ ပြဿနာတက်နေတာပေါ့။ သိကြားမင်းကလည်း ဒါကြီးကို အမြဲဘယ်ကိုင်ထားနိုင်မလဲ ဒါနဲ့ တန်ခိုးကြီးတဲ့ နတ်တွေ တစ်ယောက်ပြီး တစ်ယောက်ခေါ်ပြီး ကိုင်ခိုင်းတာပေါ့ ဘယ်သူမှမကိုင်နိုင်ဘူး နောက်ဆုံးတော့သူလည်း ကြံရာမရဖြစ်ပြီးတော့ တစ်ခိုးကြီးတယ်လို့ နာမည်ကြီးတဲ့ နတ်သမီးတွေကိုခေါ် သူ့ရဲ့စလွယ်ကိုအရင်ပေးပြီးတော့ ကိုင်ခိုင်းတော့မှ နတ်သမီးတွေလည်း ကိုင်နိုင်ပါတယ်။ ဒီခေတ်လိုဆိုရင်တော့ ရှေ့နေနဲ့ စပယ်ရှယ်ပါဝါလွဲပြီး ကိုင်ခိုင်းထားတာပေါ့။ ခေါင်းကိစ္စပြီးတော့မှ ကျန်နေတဲ့ ဘော်ဒီကြီးကိုလည်း ရှင်းရသေးတယ် ဖြစ်ချင်တော့ သေခါနီးဆင်တစ်ကောင်တွေ့တာနဲ့ ခေါင်းဖြတ်ပြီးတော့ ဗြဟ္မာကြီးရဲ့ဘော်ဒီမှာ တပ်ပေးလိုက်ရာကနေ ဗြဟ္မာကြီးလည်း နှစ်ပိုင်းတစ်ပိုင်း ဖြစ်သွားတော့တယ် မှားလို့မှားလို့ နောင်လာနောက်သားတွေက အဲ့ဒါကြီးကို မဟာပိန္နဲလို့ခေါ်ကြတယ်တဲ့။ နောက်ပြဿနာက ခေါင်းကိုင်ထားတဲ့နတ်သမီးကလည်း သိကြားမင်းကိုလာရန်တွေ့ပါတယ် ကွန်မက ဒါကြီးကို တစ်သက်လုံးတော့ မကိုင်ထားနိုင်ဘူးတဲ့။ ဒါလည်းဟုတ်တာပဲ ဒီတော့သိကြားမင်းလည်း နတ်သမီးတွေကို လက်ရွေးစဥ်လုပ်ပြီးတော့ တစ်နှစ်တစ်ယောက်ဆိုပြီးတော့ ဂျူတီချပါတယ် အဲ့ဂျူတီချိန်းတဲ့အချိန်ဟာ သင်္ကြန်ကျတဲ့အချိန်ပဲ။ ဂျူတီချိန်းတဲ့အချိန်မှာ ပူလို့ဆိုပြီးတော့ လူတွေရေပက်ကြတယ် လို့တော့ကြားဖူးခဲ့တာပဲ။ ဒီတော့ ဘယ်မလဲဗုဒ္ဓဘာသာ ဆိုင်တဲ့နေရာကိုမပါဘူး။ အသေးစိတ်ပြောရရင် ပုံပြင်အစမှာ ဗြဟ္မာကြီးလေးဦး ကလေးကုလားနဲ့ မြေကြီးစားတာတွေရောပါတယ်ဗျာ စုံနေတာပဲ။ ဒီတော့ဗျာ စဥ်းစားကြည့်ရင် အားလုံး ဟိန္ဒူအယူအဆတွေပဲ ဒါပေမယ့် ဟိန္ဒူတွေသွားမေးတော့လည်း ပုံပြင်ကခွတ်စွတ်မတူပြန်ဘူး သူတို့ဟာကပိုရှုပ်တယ်။ မတူတာကတော့ မထူးဆန်းပါဘူး ဗမာနည်းဗမာဟန်နဲ့ အကုန်ပြင်လိုက်တယ် မွေးစားသင့်တာမွေးစား လုပ်လိုက်တော့ ဘယ်သူနဲ့မှမတူတဲ့ကိုယ်ပိုင် ပစ္စည်းဖြစ်သွားရောပဲလေဗျ
လုပ်လှချည်လား ဦးလူပျိုကြီးရ.. ဂယ်ဘဲဗျာ….. လန်ထွက်နေတယ်…. အမြင်က တကယ်ကို ရှင်းတယ်ဗျာ…. ၄စားဘာဒယ်….လူပျိုကြီးတွေ ပြတ်တယ်ဆိုတာ ဒါမျိုးပြောတာဖြစ်မယ်
ဟား ..ဟား…. ဒီဆောင်းပါးလေးကိုတော့ တော်တော် သဘောကျသွားပြီ။ ဒီလိုဟာလေးတွေ ထပ်ရေးပါဦးဗျာ…။ အားပေးလျက်ပါ…
သေချာသိလိုက်ရပြီမို့ ကျေးဇူးပါ…နို့မို့ဆိုယောင်ဝါးဝါးနဲ့ ….
ma mie nge
း) ပြုံးမိတယ် ဟုတ်တယ်နော်
မြန်မာ့နှစ်ကူးသင်္ကြန်ဆိုတော်ပါပြီ ဘယ်နှယ်
ဘယ်ပို့စ်ဖြစ်ဖြစ် မန့်တာတွေကြည့်လိုက်ရင် လူပျိုကြီး ကိုပဲခလုတ်တိုက်နေတာ
တွေ့တယ် ဟဲဟဲ အဲဒီခလုတ်ကို ရှင်းချင်ဖူးလားဗျာ
း)