နောက်ဆုံးပေါ် Language တွေရဲ့ ပြဿနာ

ကျွန်တော် အခုရက်ပိုင်း Search Engine အသေးလေး တစ်ခုကိုယ်ပိုင်ရေးဖို့ လုံးပန်းရင်းနဲ့ Programming Language တော်တော်များများကို ပြန်ကြည့်ဖြစ်တော့ ဘာဖြစ်သလဲဆိုတော့ အခုနောက်ပိုင်း Language တွေက ဘာအခက်အခဲရှိသလဲဆိုတော့ Performance ပြဿနာတော်တော်များတယ် ဘာတွေလဲဆိုတော့ Java နဲ့စမ်းကြည့်တယ် ဘာမှထွေထွေထူးထူးမလုပ်သေးဘူး File တစ်ခုကိုဖတ်တယ် Token ဖြတ်တယ်။ ဖြတ်ပြီးသွားတွေကို Dictionary ထဲကိုသွားရေးတယ် ဒီလောက်ပဲစမ်းကြည့်တယ်။ မဆိုးဘူးအလုပ်ဖြစ်တယ်ပေါ့ ဒါနဲ့စမ်းကြည့်မယ်ဆိုပြီးတော့ File ပေါင်း ရ၀၀ဝ လောက်ကို စမ်းလုပ်လိုက်တာ နေ့တစ်ဝက်လောက်ကြာ သွားတယ်။ စက်ကလေးလည်း သနားပါတယ် ကိုယ့်စက်မဟုတ်တိုင်း စမ်းသပ်ထားခဲ့လိုက်တာ။ ဒါတောင် Noise Word ပယ်တာရယ် Stemming လုပ်တာရယ် မပါသေးဘူး။ ဒါတွေများလုပ်လို့ကတော့ တစ်နေကုန်မယ်ထင်တယ်။ ဂရပ်ဖစ်ဒီဇိုင်း ဆွဲစားတဲ့လူတွေလုပ်လေ့ရှိသလို ၂၅ x ၄ဝ ဆိုက်ကြီးကို Photoshop နဲ့ကာလာဖြည့်ရင် အပြင်ကို လက်ဘက်ရည်နှစ်ခါလောက်ထွက်သောက် ပြန်လာအပြီးနဲ့အတော်ပဲ ဆိုတာကထက်ကဲနေပြီ။ ဒါနဲ့ C# နဲ့စမ်းကြည့်တယ် ဘာမှသိပ်မကွာဘူး နည်းနည်းလောက်ပဲပိုမြန်တယ်။ ဒါကြောင့်ပြောတယ် VM Language တွေအားလုံးဒါမျိုးကတော့ ကောင်းကိုမကောင်းဘူး။ ဒါနဲ့ရှေးဟောင်း ပစ္စည်းတွေပြန်စဥ်းစားမှ Perl ကိုသတိရတယ်။ Perl နဲ့စမ်းကြည့်တော့ ရေးရတာလည်း ဘာမှမများဘူး အလွန်ဆုံးရှိ လိုင်းပေါင်း ၂ဝ လောက်ပေါ့။ Java နဲ့ဖြစ်ဖြစ် C# နဲ့ဖြစ်ဖြစ် အနည်းဆုံးတော့ ၆ဝ လောက်တော့ရေးရတာပဲ။ စမ်းကြည့်လိုက်တော့ မဆိုးဘူး ၄၅ မိနစ်လောက်နဲ့ ပြီးသွားတယ်။ အသစ်တွေဘယ်လောက် ကောင်းကောင်း နောက်ဆုံးတော့ အဟောင်းကောင်းတာကို မမှီပါလားနော်လို့ပဲ ညည်းမိတော့တယ်။

One thought on “နောက်ဆုံးပေါ် Language တွေရဲ့ ပြဿနာ

Leave a Reply

Your email address will not be published. Required fields are marked *

*

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong> <pre lang="" line="" escaped="" highlight="">