Aritomo Murashige

ဗမာပြည်ကို ပထမဆုံးရောက်လာတဲ့ အိုက်ကီဒိုပညာကို ပြန်ပွားအောင် စတင်ခဲ့တဲ့ ဂျပန်လူမျိုးဆရာရဲ့နာမည်က အာရိတိုမို မူရရှိငဲ။ သူ့အကြောင်းကို စပြောရမယ်ဆိုရင် သူဟာအစပထမက အိုက်ကီဒိုသမားမဟုတ်ဘူး။ အခုအချိန်အထိသူ့ရဲ့ ငယ်ဘဝကိုသေသေချာချာမသိဘူး။ သိရသလောက်ကစပြောရရင် သူကပထမဦးဆုံး ကိုဒိုကန်ဒိုဂျိုမှာ ဂျူဒိုကစားပါတယ်။ ဒါပေမယ့် သူကလူကောင်သေးပါတယ် ဒါကြောင့် ပရော်ဖက်ဆာ ကာနို ကသူ့ကို တစ်ခြားကိုယ်ခံပညာ အမျိုးအစားတွေလည်း လေ့လာဖို့တိုက်တွန်းခဲ့ပါတယ်။ သူ့ရဲ့ ခန္တာကိုယ် အချိုးအစားကြောင့် သူအနေနဲ့ ဂျူဒိုပညာမှာ မထူးခွန်ခဲ့ပါဘူး။ ဒီနေရာမှာ တစ်ချက်ကြည့်မယ်ဆိုရင် ပရော်ဖက်ဆာ ကာနို ဟာတော်တော်လည်း အမြင်ကျယ်သလို သူ့တပည့်တွေကို အတတ်ပညာပေါင်းစုံကို တတ်စေချင်ပါတယ် ငါ့ပညာမှဆိုတဲ့ မာနမရှိတာကိုတော်တော် လေးစားစရာကောင်းပါတယ်။ သူ့တပည့်တွေအတွက် နာမည်ကြီး သင်တန်းကျောင်းဖြစ်တဲ့ ခတိုရိရှင်တိုရုက သင်တန်းဆရာကို ကိုဒိုကန်မှာ ခေါ်ထားပြီးတော့ တပည့်တွေကို လေ့လာစေပါတယ်။ မူရရှိငဲ အနေနဲ့ ခတိုရိရှင်တိုရု ကအတတ်ပညာတွေဖြစ်တဲ့ လက်နက်အတတ်ပညာတွေကို တစ်စိုက်မတ်မတ် ဝါသနာပါပါ လေ့လာခဲ့ပါတယ်။ အိအိုက်ဂျစ်ဆုနဲ့ ဂျိုဂျစ်ဆုတွေကို သူတော်တော်လေး ဝါသနာပါသလို ထူးခွန်ခဲ့ပါတယ်။ ပရော်ဖက်ဆာ ကာနို ရဲ့အစီအစဥ်နဲ့ အိုက်ကီဒို ပညာရဲ့ ပင်မသင်တန်းကျောင်း ဖြစ်လာမယ့် ကိုဘူကန်ဒိုဂျိုကို တပည့်တွေကိုစေလွတ်ပြီးတော့ ပရော်ဖက်ဆာ မိုရီဟဲရိ အုအဲရှီးဘားဆီမှာ အိုက်ကိဂျူးဂျစ်ဆု ကိုသင်ယူစေပါတယ်။ ကုန်ကျစရိတ်အားလုံးကို ကိုဒိုကန်ကပဲကျခံပါတယ်။ ဒီအစီအစဥ်မှာ အိုက်ကီဒိုလောကမှာ စစ်ကြိုခေတ်မျိုးဆက်တွေထဲမှာ နာမည်ကြီးဖြစ်လာမယ့် ကန်းဂျိတိုမိကိ၊ မိနိုရုမိုချိဇုကိ တို့နဲ့အတူ မူရရှိငဲလည်း ပါသွားပါတယ်။ ကိုဘူကန်ကိုရောက်တော့လည်း မူရရှိငဲကတော့ အိုက်ကိဂျူးဂျစ်ဆုထက် ပရော်ဖက်ဆာ မိုရီဟဲရိသင်ကြားတဲ့ လက်နက်ပိုင်းဆိုင်ရာ သင်ခန်းစာတွေကိုပဲ ပိုစိတ်ဝင်စားလေ့ရှိပါတယ်။ ဒီနောက်သူစစ်မှု့ထမ်းရင်း တရုတ်ပြည် မန်ချူးရီယားမှာ တာဝန်ကျပါတယ်။ စစ်အတွင်းက သူ့ရဲ့သတင်းတွေကတော့ ကောင်းတဲ့အကြောင်းတစ်ခုမှမရှိပါ။ ဓားသိုင်းလေ့ကျင့်ရင်းနဲ့ သူ့ရဲ့အစမ်းသပ်ခံတွေအဖြစ် တရုတ်အကျဥ်းသားတွေကို အသုံးချခဲ့ပါတယ်။ ဒါကြောင့် ပရော်ဖက်ဆာ မိုရီဟဲရိ ရဲ့သား ကိရှိုးမားရု ကမေးမြန်းခန်းတစ်ခုမှာ မူရရှိငဲရဲ့ အကြောင်းကိုပြောရင်း လူသတ်သမား မူရရှိငဲ လို့ကိုအင်မတန် နာမည်ပျက်ခဲ့ပါတယ်လို့ အတည့်အလင်း ပြောကြားခဲ့ဘူးပါတယ်။ စစ်ကြီးပြီးတော့ စစ်ကွေးအနေနဲ့ ဗမာပြည်ကို ဂျပန်ပြည်က ပေးရတဲ့အစီအစဥ်တစ်ခု အနေနဲ့ အတတ်ပညာဖလှယ်ရေး အဖြစ်အိုက်ကိဒိုပညာလည်း ပါလာခဲ့ပါတယ်။ ပရော်ဖက်ဆာ မိုရီဟဲရိက ဗမာပြည်အတွက် မူရရှိငဲကို စေလွတ်ခဲ့ပါတယ်။ မူရရှိငဲ ပထမဆုံးသင်ကြားခဲ့တဲ့နေရာက မန္တလေးက အခုခေတ် ရဲသိပ္ပံမှာ ရဲကျောင်းက သင်တန်းသားတွေကို သင်ကြားခဲ့ပါတယ်။ နောက်ရန်ကုန်တက္ကသိုလ်ကို ရောက်လာပါပြီးဆက်လက် သင်ကြားပါတယ်။ သူ့ရဲ့မျိုးဆက်တွေအဖြစ် အိုက်ကိဒိုကို ဗမာပြည်မှာ တည်တန့်အောင် ဆက်လက်လုပ်ဆောင်တဲ့ ထင်ထင်ရှားရှားလူတွေထဲမှာ မြန်မာအိုက်ကိကိုင်းကိုတည်ထောင်ခဲ့တဲ့ ဆရာကြီးဦးသောင်းဒင်ရယ် ဒိုင်းနမစ်အိုက်ကိဒိုကို တည်ထောင်ခဲ့တဲ့ ဆရာကြီးရယ်ကျန်ခဲ့ပါတယ်။ ဗမာပြည်ကနေ သူ့တာဝန်ပြီးတော့ ဥရောပကို သူဆက်ပြီးတော့သွားပါတယ်။ ဘယ်လဂျီယမ်မှာ သင်ကြားပို့ချနေရင်းနဲ့ သူကားတိုက်မှု့ကြောင့် ၁၉၆၄ မတ်လ ၂၄ ရက်မှာ ကွယ်လွန်သွားပါတယ်။ ဗမာပြည်မှာ အိုက်ကိဒိုပညာကို လေ့လာတဲ့လူ သိပ်မများပါဘူး ဒါပေမယ့် သိပ်မများတာတောင် လေ့လာလိုက်စားတဲ့ လူတော်တော်များများ အိုက်ကိ

Leave a Reply

Your email address will not be published. Required fields are marked *

*

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong> <pre lang="" line="" escaped="" highlight="">