ဒီနေ့ညနေကတော့ မရောက်တာကြာလို့ အိုက်ကီဒိုသင်တန်းကို အရောက်သွားပါတယ်။ သင်တန်းနဲ့ပြတ်နေတာကလည်း လေးပါတ်လောက်ရှိပြီဆိုတော့ သက်လုံလည်း အရင်လောက် မကောင်းတော့ပါဘူး။ နည်းပြချုပ်ကလည်း မြင်မြင်ချင်းပဲပြောပါတယ် တရုတ်နှစ်ကူးမှာတော့ မင်းမအားတဲ့ကြားကနေပြီး ငါ့အိမ်ကိုလာပြီး သောက်စားသွားပြီး အိမ်တောင်မပြန်နိုင်တော့လို့ ငါပြန်ပို့လိုက်ရတယ် သင်တန်းကျတော့ မင်းမအားလို့ပုံမှန်မလာဘူး တော်တယ်လို့ပြောပါတယ်။ ဖြစ်ချင်တော့ ဒီနေ့က Kinonagari လို့ခေါ်တဲ့ ရန်သူ့အင်အားကို လွတ်လပ်စွာစီးဆင်းသွားစေတဲ့ နည်းစနစ်တွေကိုပဲ ကစားခိုင်းပါတယ်။ သူတို့ကစားတဲ့ဟန်နဲ့ ကျွန်တော် ဗမာပြည်မှာကစားခဲ့တဲ့ဟန်နဲ့ သိပ်မတူပါဘူး ကိုယ်လည်း တတ်နိုင်သလောက်တော့ သူတို့ကစားတဲ့ပုံစံကို လိုက်ကစားပါတယ် ဒါပေမယ့်ခေါက်ရိုးကျိုးနေတဲ့ ပုံစံကတော့ အနည်းနဲ့အများတော့ ပါနေတာပါပဲ။ မှတ်မှတ်ရရ နည်းပြချုပ်က ကျွန်တော်ကို လာကြည့်ပြီးတော့ နည်းနည်း အတိမ်းအစောင်းကို လာပြင်ပေးပါတယ် ပြီးတော့ပြောပါတယ် ဒီလှုပ်ရှားမှု့ဟာ မင်းခန္တာကိုယ်အချိုးအစားအလိုက် ကွာဟမယ်လို့ပြောပါတယ်။ သူကစားတဲ့အတိုင်းလိုက် ကစားပါလို့ တစ်ခွန်းမှမဟဘူး ဘယ်သူ့ကိုမှလည်း သူအဲ့ဒီလိုမပြောဘူး။ ဗမာပြည်မှာဆိုရင်တော့ ဆရာဒီအတိုင်းဆိုရင် တစ်သွေမတိမ်းလိုက်လုပ်ရပါတယ်။ ကိုယ်လည်း ကိုယ့်တပည့်တွေကို ဒီလိုပဲသင်ခဲ့ပါတယ်။ ကြာတော့ ဘာတွေဖြစ်လာသလဲဆိုတော့ ကိုယ်သင်တာများလာရင် ကိုယ့်သင်တဲ့တပည့်တွေက ကိုယ့်ပုံစံမျိုးတွေ ဖြစ်လာတယ် သူတို့ကိုယ်ပိုင်ပုံစံမဟုတ်ဘူး။ ဒီတော့ သင်တန်းထဲမှာ မနက်ပိုင်းသင်တန်းသားနဲ့ ညနေပိုင်းသင်တန်းသား ပေါင်းလိုက်တဲ့အချိန်ကျရင် သင်တန်းကြီး နှစ်ခုကွဲနေသလိုပဲ။ ဒါကိုဘယ်လိုပြောရမလဲဆိုတော့ Unified Aikido လို့ပြောရမလိုဖြစ်နေတယ်။ ဒီမှာကတော့ပိုဆိုးတယ် တစ်ယောက်တစ်မျိုး။ ဒီတော့ Dynamic Aikido လို့ပြောရမယ်ထင်တယ်။ မှတ်မှတ်ရရ မန္တလေးကို Sensei Kanameda လာတော့ ညစာလိုက်ကွေးတယ်။ စားရင်းသောက်ရင်း သူကဘာပြောလဲဆိုတော့ “Every Aikido is ..” လို့ပြောနေတယ်။ မန္တလေးက ဆရာတစ်ယောက်က ဝင်ပြီးတော့ အားရပါးရထောက်ခံလိုက်တယ် “Same” ဆိုပြီးတော့။ တစ်ကယ်တမ်းက သူပြောမယ့်စကားလုံးက “Different” လို့ပြောချင်တာ။ သူလည်းအူလည်လည်နဲ့ ရောယောင်ပြီးတော့ “Same” လို့လိုက်ပြောလိုက်ရတယ်။ တစ်ကယ်တမ်းက တစ်ယောက်နဲ့ တစ်ယောက်ကွဲပြားနေတာကိုတောင် တစ်စုတစ်စည်းတည်းစုပေါင်း ကစားနိုင်ကြတယ်လို့ ဂုဏ်ယူချင်တာပါ။ ဗမာပြည်ရောက်မှ “Every Aikido is Same” ဖြစ်သွားတာကို သူလည်း သဘောပေါက်သွားပုံရတယ်။ ကိုယ့်ဘာသာကိုယ်လည်း သတိပေးရသေးတယ် မင်းဗမာပြည်အလည်ပြန်ရင် ဒုက္ခတွေ့မယ်လို့ ဘာလို့လည်းဆိုတော့ အခုကကိုယ့်မှာ ဗမာပြည်မှာကစားခဲ့တဲ့ဟန်တွေက ပျောက်ကုန်ပြီ ဗမာပြည်နည်းပြချုပ်တွေ့ရင်တော့့ ကောင်းကောင်းအဆဲခံရနိုင်တယ် သူသင်ပေးလိုက်တာနဲ့ လုံးလုံးမတူတော့ဘူး။ ကိုယ်သင်ခဲ့ကလေးတွေကတောင် ကိုယ်ကိုမှားတယ်ပြောကြမယ်ထင်တယ်။ သြော်…ဘာရယ်တော့မဟုတ်ပါဘူး ကိုယ့်ဆီကလူတွေကို ဒီပညာရပ်နဲ့ပါတ်သက်ပြီးတော့ အမြင်ကျယ်စေချင်တာတစ်ခုတည်းပါ။
လူပျိုကြီး Myanmar Akikai ကလား။ ကျွန်တော်လည်း အရင်က United မှာ ကရာတေး ကစားခဲ့ ဖူးလို့ မေးကြည့်တာပါ။
ဟုတ်ပါ့ဗျာ။ Myanmar Aikikai ကပါခင်ဗျာ။ ကရာတေးကိုတော့ United မှာမကစားဖြစ်ပါဘူး။
I once practice Taekwondo for more than 4 years. I study aikido online and practice with my bro. My aikido is different
. Any good link or learning video.?
Taekwondo ကစားဖူးတယ်လည်းဆိုတယ် နောက်ပြီးကိုယ့်ဟာကိုယ်လေ့ကျင့်တယ်ဆိုရင်တော့ သေချာပေါက်ကို ကွဲပြားခြားနားနေမှာသေချာတယ်။
ကိုယ်တိိုင်လေ့ကျင့်တယ်ဆိုရင် Ukemi တွေဘယ်လို့ လေ့ကျင့်သလဲဗျ။ Tomi Ukemi (Fly Fall) ကိုဘယ်မှာကျင့်သလဲဟင် စိတ်ဝင်စားလို့ပါ။ On-Line လေ့လာလို့ ရတဲ့ဆိုက်တော့ ကောင်းကောင်းမရှိပါဘူး။ Information ကောင်းကောင်းရတဲ့ဆိုက်တွေကတော့ http://www.aikidofaq.com, http://www.aikidojournal.com ဒါတွေတော့ရှိပါတယ်။
I cannot practice fly fall.. As you know, lack of place and no instructor..
Just back and side fall. For side fall just lying on the floor, bring up the legs and twist the hip, thats.
The advantage for practice aikido is I understand (feel) my body reaction than before.
I watch the basic training from expertvillage and ehow then practice with taekwondo style attack, Some reaction are different from KRT, JP style. For example Karate practitioner deliver round house kick from side but TKD deliver by bring up the knee forward then twist the hip and straigtened the legs. So you cannot enter straight to bring the attacker down but by moving to the opposite side slightly to avoid the knee.
P.S.. I m planning to attend Myanmar akikai in future. currently cannot go to training regularly.