ဗမာပြည်ကွန်ပျူတာလောကကိုအဆိပ်ခပ်သူတွေ

ကျွန်တော်ကျောင်းသားဘဝ စပြီဆိုကတည်းက ကွန်ပျူတာနဲ့ပါတ်သက်တဲ့ ဟောပြောပွဲမှန်ရင် သွားလေ့ရှိပါတယ်။ ကြော်ငြာအနေနဲ့လုပ်တဲ့ပွဲရှိသလို ရောက်တတ်ရာရာပြောချင်ရာပြောတဲ့ ကွန်ပျူတာ ပညာရှင်အသင်းက လုပ်တဲ့ဟောပြောပွဲတွေလည်းရှိပါတယ်။ တစ်ခါလာလည်း ဟိုကလာတဲ့ဥက္ကဋ္ဌ ဒီကလာတဲ့ အတွင်းရေးမှုးဆိုပြီးတော့ လာလာပြီးဟောလေ့ပြောလေ့ရှိပါတယ်။ တစ်ခါဗျာပြောတာသွားနားထောင်ပါတယ် ပြောသွားတာကတော့ Sommerville ရေးတဲ့စာအုပ်ထဲကဟာတွေကို လူပြိန်းနားလည်အောင် ပြောသွားတာပါ။ ပြီးတော့နောက်ဆုံး ဘာပြောသလဲဆိုတော့ သူဆီမှာအလုပ်လုပ်နေတဲ့ ကလေးတစ်ယောက် ကိုယ့်ဘဝကိုယ်ဖျက်ဆီးလိုက်တာ မြင်ဘူးတယ်တဲ့။ အဲ့ဒီကောင်လေးက သူ့ဆီမှာ Programmer လုပ်နေတာပါတဲ့။ သူကတော့ လူအထင်ကြီးအောင် ပြောတဲ့စကားလုံးကတော့ Software Engineer လုပ်တာပေါ့ဗျာ။ တစ်ရက်မှာ အဝေးသင်စာမေးပွဲ ဖြေချင်လို့ဆိုပြီးတော့ ခွင့်တစ်လတောင်းပါတယ်လို့ပြောတယ်။ သူကပြောလိုက်တယ်တဲ့ မင်းငါ့ဆီမှာ Engineer ဖြစ်နေပြီပဲ ဘာလုပ်ဖို့ ဒီသုံးမရတဲ့ဘွဲ့ကိုသွားယူမှာလဲလို့ ပြောလိုက်တော့ ကောင်လေးက အလုပ်ထွက်သွားတယ်တဲ့။ ဒါကိုသူက ကောင်လေးသူ့ဘဝကို သူဖျက်ဆီးလိုက်တယ်ပေါ့ဗျာ။ စိတ်ထဲကနေတော့ ပြောမိပါတယ် ဒါသူ့ဘဝကိုသူ ကယ်တင်သွားတာပါလို့။ ဘယ်နှယုံဗျာ သူ့ကုပ္ပဏီပေါက်တိုးပေါက်စမှာ သူ့ဟာသူနာမည်တပ်ထားတဲ့ Software Engineer နာမည်ကိုယူပြီးတော့ ကိုယ့်ပညာရေးကို အဆုံးရှုံးခံပြီးဘာလို့လုပ်ရမလဲ။ ကျွန်တော်နဲ့အတူလိုက်လာတဲ့ သူငယ်ချင်းကထောက်ခံတယ် ကျွန်တော့်ကို တိုးတိုးလေးပြောတယ် ကျောင်းမှာတက်ရင်း မတတ်မယ့်အတူတူတော့ ငါကျောင်းထွက်ပြီး အလုပ်လုပ်တော့မယ်တဲ့။ ကျွန်တော်တော်တော်လေးလန့်သွားတယ်။ ဒါနဲ့ကျွန်တော်တစ်ခွန်းပဲ ထမေးလိုက်ပါတယ် ဦး………….. ဘယ်ကျောင်းကနေ ဘယ်ဘွဲ့အထိရခဲ့ပါသလဲလို့မေးပါတယ်။ အောင်မယ် အားရဝမ်းသာဖြေပါတယ် ကျွန်တော် ……………. တက္ကသိုလ်ကနေ မဟာဘွဲ့ရပါတယ်။ ဒါဆိုရင် ဦး …………… အနေနဲ့ အဲ့ဒီတက္ကသိုလ်ကိုသာ မတက်ခဲ့ရရင် စောစောကဟောပြောသွားတဲ့ အကြောင်းအရာတွေကို ပြောနိုင်မယ်လို့ထင်ပါသလားလို့ မေးလိုက်တော့ ကျွန်တော်ကို စားမယ့်ဝါးမယ့် မျက်နှာထားနဲ့ပြန်ကြည့်ပြီးတော့ လူကြီးပီပီပဲ ကြည့်ကောင်းအောင်တော့ ပြန်ဖြေရှာပါတယ်။ တစ်ခါလည်းကြုံပါသေးတယ် ဘယ်သူမှန်းတော့မမှတ်မိတော့ဘူး ဘာတဲ့သူကပြောတယ် အခုခေတ်မှာ Technology ဆိုတာ Academic ကထွက်တာမဟုတ်ပဲ Industry ကထွက်တာဆိုတာက ပါးစပ်ကမချဘူး။ ရူးများရူးနေသလားမသိဘူး အဲ့ဒီ့ Industry ဆိုတာမှာ အလုပ်လုပ်နေတဲ့လူတွေက ဆယ်တန်းအောင်လို့ printf scanf သင်ပြီးတော့ ခိုင်းလို့ရအောင် ဖြည်းဖြည်းချင်းသင်လာတဲ့ လူတွေမဟုတ်ဘူးဟ။

ပွင့်ပွင့်လင်းလင်းပြောရရင် အဲ့ဒီ့လူကြီးတွေတော်ကြပါတယ် တစ်ကယ်ပြောတာပါ။ နောက်ပြီးတော့ သူတို့နားလည်တာတစ်ခုရှိတယ် ဘာလဲဆိုတော့ သူတို့ထွက်ခဲ့တဲ့နေရကနေသာ သူတို့လိုလူတွေ ထွက်လာမယ် ဆိုတာကိုပါ။ ဒီလိုလူတွေကို သူတို့ကြာကြာခိုင်းစားလို့မရဘူးဆိုတာ သူတို့ကောင်းကောင်းနားလည်တယ်။ ရှင်းရှင်းပြောရရင် ယေဘုယျပြောမယ် နောက်လူဆိုတာ ရှေ့လူထက်သာစမြဲပဲ ဘာလို့လဲဆိုတော့ ရှေ့ကလူတွေ တစ်ပင်တစ်ပန်းရှာထားတဲ့ ပညာတွေကို အဆင်သင့်ရပြီးသားဖြစ်နေတယ်။ ဒီတော့သူတို့နည်းနည်းပိုကြိုးစားတာနဲ့ ရှေ့လူထက်တော့သာပြီးသားပဲ။ ဒီတော့သူတို့တစ်တွေကို နင်းပြီးတော့ ကျော်တက်သွားမယ့် မျိုးဆက်အတွက် သူတို့မလိုချင်ဘူးလေ။ ဒါကြောင့် သူတို့ထက်သာမသွားနိုင်မယ့် မျိုးဆက်ကို ကိုယ်ပိုင်မွေးထားလိုက်တာပေါ့ ဒါပါပဲမထူးဆန်းပါဘူး။ ဦးအောင်သင်းပြောတဲ့ စကားကိုငှားပြောရရင်တော့ ကားပြင်တတ်ဖို့ကတော့ အဝတ်အဟောင်းလေးဝတ် ကားဝပ်ရှော့ကို ခြောက်လ တစ်နှစ်ပို့ထားလိုက် ကားပြင်တတ်ပါတယ်။ စက်မှု့ပညာအ

Leave a Reply

Your email address will not be published. Required fields are marked *

*

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong> <pre lang="" line="" escaped="" highlight="">