ငယ်ငယ်ကမြင်ဖူးတဲ့ကွန်ပျူတာ (၁)

ဒီရက်ပိုင်းမှာ အလုပ်တွေနဲ့မနိုင်မနင်းဖြစ်နေတဲ့အထဲကကို စာကရေးချင်သေးတယ်။ အလုပ်တွေကလည်း မနိုင်မနင်းဖြစ်နေတော့ လွတ်လွတ်လပ်လပ်ဆိုတဲ့ ငယ်ငယ်ကအကြောင်းတွေပဲ ပြန်သတိရနေတယ်။ ဒီလောက်ကိုယ်ကိုအခု ဒုက္ခပေးနေတဲ့ကွန်ပျူတာအကြောင်းကိုမှ သွားပြီးတော့ သတိရမိသေးတယ်။ ကွန်ပျူတာကို ဘယ်အချိန်က စပြီးတော့ မြင်ဘူးတာလဲဆိုတော့ ပြောရရင် သုံးတန်းအောင်လို့ နွေရာသီကျောင်းပိတ်ရက်မှာပါ ကျွန်တော်အဖေရုံးကို လိုက်သွားရင်မြင်ဘူးတာပါ။ အဲ့ဒီ့ခေတ်က ကွန်ပျူတာဆိုတာ ဒီခေတ်လို ဖွင့်လိုက်တာနဲ့ မောက်နဲ့ ဟိုစမ်းဒီစမ်းသုံးလို့မှမရတာ။ Window တောင်မပေါ်သေးလို့ ဖွင့်လိုက်ရင် စာကြောင်းတွေ ဟိုပေါ်ဒီပေါ်လာပြီးရင် ဘုရားစူးမိုးကြိုးပစ်ဗျာ C:>_ ဆိုပြီးဒါမျိုးလေးပဲ ပေါ်တယ်။ ကျွန်တော့်အဖေ သုံးတဲ့ Floppy ဆိုတာ ဒီခေတ်မမြင်ဘူးတာတောင် ကြာပါပြီ 5 1/4 သိမ်းတော့လည်း စာအိတ်ထဲထည့်သိမ်းရတယ်။ အဖေကတော့ တစ်နေ့တစ်နေ့ ဘာလုပ်သလဲဆို အဲ့ဒီ ဓာတ်ပြားကြီးထည့်ပြီး Data တွေထည့်လိုက် သူ့ဟာသူ Data တွေကို Program ရေးပြီးတွက်လိုက်နဲ့ ဒါပဲလုပ်တယ်။ ကိုယ်ကတော့ ကလေးဆိုတော့ သူဘယ်လောက်သင်သင်မသိပါဘူး။ အဖေကလည်းပေါက်ပေါက်ရှာရှာ ဒီလေးတန်းအရွယ်ကလေးကို BASIC Language သင်တာတဲ့ ဒီတော့ဘယ်လောက်သင်သင် ဘယ်တတ်မလဲ။ နောက်တက္ကသိုလ်ရောက်မှ Pseudo Code တွေသင်မှသိတယ် ငါဒါမျိုးတွေမြင်ဘူးပါတယ်ပေါ့။ နောက်ပြန်စဥ်းစားမှ သြော် ဒါတွေက ငါငယ်ငယ်က အဖေသင်တဲ့စာတွေပဲလို့။ ကံကောင်းချင်တော့ ကျွန်တော့်အဖေနဲ့ အလုပ်အတူတူလာလုပ်တဲ့လူက နိုင်ငံခြားပရောဂျက်တစ်ခုကလူ နာမည်တော့အကုန်မမှတ်မိပါဘူး ကလေးဆိုတော့ သူ့နာမည်လည်း အကုန်မခေါ်တတ်ပါဘူး။ တိုနီဆိုတာတော့မှတ်မိတယ်။ အန်ကယ်တိုနီလို့ခေါ်ရင် သူမကြိုက်ဘူး ဗမာလို ဦးတိုနီလို့ခေါ်ရင်သူ သဘောကျတယ်။ ဒီတစ်လုံးပဲသူပဲသိတယ်ထင်ပါတယ် သူပြောတဲ့ အင်္ဂလိပ်စကားလည်း ကိုယ်နားမလည်ပါဘူး ကိုယ်ပြောတဲ့ ဗမာစကားလည်း သူမသိပါဘူး။ နောက်တော့ သူလည်း ကျွန်တော်နဲ့စကားပြောရာကနေ ဗမာလိုကို တော်တော်နားလည်သွားတယ်။ သူ့ဆီမှာလည်း ကွန်ပျူတာတစ်လုံးရှိတယ် သူကတော့ တစ်ခြားအလုပ်တွေရှိတော့ ကွန်ပျူတာကိုသိပ်မသုံးပါဘူး အားနေတာများပါတယ်။ သူကကျွန်တော့်ကို သူ့ကွန်ပျူတာကို ကြိုက်သလိုဆော့ခွင့်ပေးထားပါတယ်။ ဦးတိုနီကဘာသင်ထားလဲဆိုတော့ ကွန်ပျူတာကို ဖွင့်တဲ့ခလုတ်ကိုပြထားတယ်။ နောက်ပြီး C:>_ လို့ပေါ်လာရင် cd games ပြီးရင် Enter ကိုနှိပ်လို့သင်ထားပါတယ်။ ပြီးရင် dir လို့ရိုက် Enter နှိပ် ပေါ်လာတဲ့စာတွေထဲက ကြိုက်ရာကို ပြန်ရိုက် Enter နှိပ်လို့သင်ထားပါတယ်။ ဒီတော့ကျွန်တော်ဘာလုပ်လဲဆိုတော့ နှိပ်နေကျစကားလုံးတွေက kingkong, mario, prince။ ဒါမျိုးစကားလုံးတွေကို သိပ်သဘောကျပါတယ်။ အဲ့ဒီအထဲရောက်သွားလို့ကတော့ ဘာမှသင်စရာမလိုတော့ဘူး ကျွန်တော်အကုန်လုပ်တတ်တယ် ဒါမျိုးတော့ အတတ်မြန်ပါတယ်။ ဒီတော့ ကျောင်းပိတ်ရက်မှန်ရင် အမြဲတမ်းပဲ အဖေနဲ့ရုံးကိုလိုက်ပါတယ် အဖေကို ကူဖို့အတွက်တော့မဟုတ်ဘူး ဦးတိုနီအခန်းထဲက စက်ကိုဆော့ချင်လို့။ အဖေကတော့ ပြောရှာပါတယ် တော်လိုက်တဲ့ငါ့သား ငါသင်တာကျတော့ တစ်ပါတ်နေလည်း မတတ် နှစ်ပါတ်နေလည်း မတတ် တိုနီသင်တဲ့ ဂိမ်းကစားနည်းကျတော့ နေ့ချင်းပြီးတတ်တယ်တဲ့။ နောက်တော့ ဦးတိုနီ အဖေ့ကိုဘာပြောလဲမသိဘူး ကျွန်တော့်ကို သူစာသင်ဖို့မကြိုးစားတော့ပါဘူး။ ဘယ်နှယုံဗျာ လေးတန်းကလေး ဒါတွေကိုသင်လို့ ဘယ်စိတ်ဝင်စားမလဲ သူစိတ်ဝင်စားတာ အရင်သင်မှပေါ့။ နောက်တော့ တော်တော်လေးဆော့တတ်သွားပြီဆိုတော့မှ ဦးတိုနီက ကျွန်တော့််ကို Typing အရိုက်ခိုင်းပါတယ် Typing Tutor Program ကိုတော့ မမှတ်မိတော့ဘူး။ ဒါပေမယ့် ကလေးလက်နဲ့ သူ့ Keyboard ကိုရိုက်လို့မရဘူး သူ့ Keyboard ကအကြီးကြီးပဲ ရှေးဟောင်းပစ္စည်းဆိုတော့

7 thoughts on “ငယ်ငယ်ကမြင်ဖူးတဲ့ကွန်ပျူတာ (၁)

  1. သြော် လူပျိုကြီးလဲ DOS မှီသေးတယ်လား .. ခွိခွိ။ 95 လောက်နဲ့စမယ်ထင်တာ။

  2. မှီပါတယ်ဗျာ ဒါကြောင့် DOS command တွေကိုကောင်းကောင်းသုံးတတ်ပါတယ်။ Screen အမဲရောင်နဲ့ System တွေကိုလည်း သိပ်ကြိုက်ပါတယ်။ ဒါမျိုးတွေကို စိတ်မကုန်လို့ Deathrow ကအလကားပေးတဲ့ VMS Account ကိုလှမ်းသုံးနေပါတယ်။ ပြောလို့သာပြောတယ် ကျွန်တော်နဲ့ အသက်တူအရွယ်တူဆိုရင် DOS ကိုမမှီကြပါဘူး။ အလွန်ဆုံးမှီရင် 95 ပေါ့။ ကျွန်တော် ငယ်ငယ်က ကောင်းကောင်းမသုံးဘူးတာဆိုလို့ Mac ပဲရှိတယ်ဗျ။

  3. ဘာေတွေပြောနေမှန်းမသိပေမဲ့ ဖတ်လို့တော့ကောငး်သား

    ဒါနဲ့ ကိုဒီဘီဘာလို့ ဘလော့တွေ လိုက်ဖတ်နေတာလဲ။

  4. စိတ်ဝင်စားပါတယ်၊စိတ်ဝင်စားပါတယ်၊ရေးပါ၊ နားမလည်ပေမယ့်
    ဖတ်လို့ ကောင်းတယ်၊

  5. DOS အကြောင်းလေးတွေဖတ်ရတော့ ဟိုတုန်းက ကွန်ပျူတာစကိုင်တဲ့အချိန်လေးတွေ လွမ်းမိသဗျာ။ Windos Workgroup 3.11 နဲ့စမြင်ဖူးပါတယ်။ DOS ကနေတစ်ဆင့်သွားရတာလေးတွေ။ Game ဆိုရင်လည်း DOOM, Quake, DukeNum3D ဟဲဟဲ နေ့မအား ညမနားပေါ့ …

  6. ဟာသလေးတွေ ညပ်ပြီးပြောတော့ဖတ်ရတာ စိတ်ကျေနပ်စရာကောင်းလှပါတယ်ဗျာ…

    ဝါးရုံက အရွက်တွေရှုပ်တယ်ပြောလို့ ကျွန်တော်ကလည်း စေတနာနဲ့ပါ အရွက်တွေကို သူမရှိတဲ့အချိန် မီးရှိုလိုက်တာ ဝါးရုံပါမီးလောင်လို့ ရုံးဝင်းတစ်ခုလုံးဝိုင်း သတ်ရတယ်

    အဲလိုဇွတ်တရွတ်နိုင်လို့ လူပျိုကြီးဖြစ်တာလားမသိဘူး :P

Leave a Reply

Your email address will not be published. Required fields are marked *

*

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong> <pre lang="" line="" escaped="" highlight="">