ကျွန်တော်ကျောင်းသားဘဝ စပြီဆိုကတည်းက ကွန်ပျူတာနဲ့ပါတ်သက်တဲ့ ဟောပြောပွဲမှန်ရင် သွားလေ့ရှိပါတယ်။ ကြော်ငြာအနေနဲ့လုပ်တဲ့ပွဲရှိသလို ရောက်တတ်ရာရာပြောချင်ရာပြောတဲ့ ကွန်ပျူတာ ပညာရှင်အသင်းက လုပ်တဲ့ဟောပြောပွဲတွေလည်းရှိပါတယ်။ တစ်ခါလာလည်း ဟိုကလာတဲ့ဥက္ကဋ္ဌ ဒီကလာတဲ့ အတွင်းရေးမှုးဆိုပြီးတော့ လာလာပြီးဟောလေ့ပြောလေ့ရှိပါတယ်။ တစ်ခါဗျာပြောတာသွားနားထောင်ပါတယ် ပြောသွားတာကတော့ Sommerville ရေးတဲ့စာအုပ်ထဲကဟာတွေကို လူပြိန်းနားလည်အောင် ပြောသွားတာပါ။ ပြီးတော့နောက်ဆုံး ဘာပြောသလဲဆိုတော့ သူဆီမှာအလုပ်လုပ်နေတဲ့ ကလေးတစ်ယောက် ကိုယ့်ဘဝကိုယ်ဖျက်ဆီးလိုက်တာ မြင်ဘူးတယ်တဲ့။ အဲ့ဒီကောင်လေးက သူ့ဆီမှာ Programmer လုပ်နေတာပါတဲ့။ သူကတော့ လူအထင်ကြီးအောင် ပြောတဲ့စကားလုံးကတော့ Software Engineer လုပ်တာပေါ့ဗျာ။ တစ်ရက်မှာ အဝေးသင်စာမေးပွဲ ဖြေချင်လို့ဆိုပြီးတော့ ခွင့်တစ်လတောင်းပါတယ်လို့ပြောတယ်။ သူကပြောလိုက်တယ်တဲ့ မင်းငါ့ဆီမှာ Engineer ဖြစ်နေပြီပဲ ဘာလုပ်ဖို့ ဒီသုံးမရတဲ့ဘွဲ့ကိုသွားယူမှာလဲလို့ ပြောလိုက်တော့ ကောင်လေးက အလုပ်ထွက်သွားတယ်တဲ့။ ဒါကိုသူက ကောင်လေးသူ့ဘဝကို သူဖျက်ဆီးလိုက်တယ်ပေါ့ဗျာ။ စိတ်ထဲကနေတော့ ပြောမိပါတယ် ဒါသူ့ဘဝကိုသူ ကယ်တင်သွားတာပါလို့။ ဘယ်နှယုံဗျာ သူ့ကုပ္ပဏီပေါက်တိုးပေါက်စမှာ သူ့ဟာသူနာမည်တပ်ထားတဲ့ Software Engineer နာမည်ကိုယူပြီးတော့ ကိုယ့်ပညာရေးကို အဆုံးရှုံးခံပြီးဘာလို့လုပ်ရမလဲ။ ကျွန်တော်နဲ့အတူလိုက်လာတဲ့ သူငယ်ချင်းကထောက်ခံတယ် ကျွန်တော့်ကို တိုးတိုးလေးပြောတယ် ကျောင်းမှာတက်ရင်း မတတ်မယ့်အတူတူတော့ ငါကျောင်းထွက်ပြီး အလုပ်လုပ်တော့မယ်တဲ့။ ကျွန်တော်တော်တော်လေးလန့်သွားတယ်။ ဒါနဲ့ကျွန်တော်တစ်ခွန်းပဲ ထမေးလိုက်ပါတယ် ဦး………….. ဘယ်ကျောင်းကနေ ဘယ်ဘွဲ့အထိရခဲ့ပါသလဲလို့မေးပါတယ်။ အောင်မယ် အားရဝမ်းသာဖြေပါတယ် ကျွန်တော် ……………. တက္ကသိုလ်ကနေ မဟာဘွဲ့ရပါတယ်။ ဒါဆိုရင် ဦး …………… အနေနဲ့ အဲ့ဒီတက္ကသိုလ်ကိုသာ မတက်ခဲ့ရရင် စောစောကဟောပြောသွားတဲ့ အကြောင်းအရာတွေကို ပြောနိုင်မယ်လို့ထင်ပါသလားလို့ မေးလိုက်တော့ ကျွန်တော်ကို စားမယ့်ဝါးမယ့် မျက်နှာထားနဲ့ပြန်ကြည့်ပြီးတော့ လူကြီးပီပီပဲ ကြည့်ကောင်းအောင်တော့ ပြန်ဖြေရှာပါတယ်။ တစ်ခါလည်းကြုံပါသေးတယ် ဘယ်သူမှန်းတော့မမှတ်မိတော့ဘူး ဘာတဲ့သူကပြောတယ် အခုခေတ်မှာ Technology ဆိုတာ Academic ကထွက်တာမဟုတ်ပဲ Industry ကထွက်တာဆိုတာက ပါးစပ်ကမချဘူး။ ရူးများရူးနေသလားမသိဘူး အဲ့ဒီ့ Industry ဆိုတာမှာ အလုပ်လုပ်နေတဲ့လူတွေက ဆယ်တန်းအောင်လို့ printf scanf သင်ပြီးတော့ ခိုင်းလို့ရအောင် ဖြည်းဖြည်းချင်းသင်လာတဲ့ လူတွေမဟုတ်ဘူးဟ။
ပွင့်ပွင့်လင်းလင်းပြောရရင် အဲ့ဒီ့လူကြီးတွေတော်ကြပါတယ် တစ်ကယ်ပြောတာပါ။ နောက်ပြီးတော့ သူတို့နားလည်တာတစ်ခုရှိတယ် ဘာလဲဆိုတော့ သူတို့ထွက်ခဲ့တဲ့နေရကနေသာ သူတို့လိုလူတွေ ထွက်လာမယ် ဆိုတာကိုပါ။ ဒီလိုလူတွေကို သူတို့ကြာကြာခိုင်းစားလို့မရဘူးဆိုတာ သူတို့ကောင်းကောင်းနားလည်တယ်။ ရှင်းရှင်းပြောရရင် ယေဘုယျပြောမယ် နောက်လူဆိုတာ ရှေ့လူထက်သာစမြဲပဲ ဘာလို့လဲဆိုတော့ ရှေ့ကလူတွေ တစ်ပင်တစ်ပန်းရှာထားတဲ့ ပညာတွေကို အဆင်သင့်ရပြီးသားဖြစ်နေတယ်။ ဒီတော့သူတို့နည်းနည်းပိုကြိုးစားတာနဲ့ ရှေ့လူထက်တော့သာပြီးသားပဲ။ ဒီတော့သူတို့တစ်တွေကို နင်းပြီးတော့ ကျော်တက်သွားမယ့် မျိုးဆက်အတွက် သူတို့မလိုချင်ဘူးလေ။ ဒါကြောင့် သူတို့ထက်သာမသွားနိုင်မယ့် မျိုးဆက်ကို ကိုယ်ပိုင်မွေးထားလိုက်တာပေါ့ ဒါပါပဲမထူးဆန်းပါဘူး။ ဦးအောင်သင်းပြောတဲ့ စကားကိုငှားပြောရရင်တော့ ကားပြင်တတ်ဖို့ကတော့ အဝတ်အဟောင်းလေးဝတ် ကားဝပ်ရှော့ကို ခြောက်လ တစ်နှစ်ပို့ထားလိုက် ကားပြင်တတ်ပါတယ်။ စက်မှု့ပညာအ
Monthly Archives: February 2009
ကျွန်တော်ကြုံခဲ့တဲ့ တက္ကသိုလ်ကျောင်းသားဘဝ (၄)
ဒီတစ်ခါတော့ ကျောင်းသားဘဝမှာ ဖြစ်တတ်တဲ့အချစ်ရေးပေါ့ဗျာ။ ဗမာပြည်မှာက တက္ကသိုလ်တက်ရင် ရည်းစားရှာရတယ်ဆိုတာကလည်း ကျောင်းသားဘဝရဲ့ အလုပ်ကြီးတစ်ခုလို့ သဘောထားနေကြတယ်။ ဘယ်အချိန်မှာ ပိုသိသာသလဲဆိုတော့ ကျောင်းပြီးခါနီးအချိန်တို့ဘာတို့မှာ ရည်းစားမရှိသေးတဲ့ ကျောင်းသူကျောင်းသားများ အားငယ်တာတို့ ယောက်ချာချာဖြစ်နေတာတို့ မြင်ဖူးကြမယ်ထင်ပါတယ်။ ဒါကိုအပြစ်ပြောမလို့မဟုတ်ပါဘူး သဘာဝပဲလေ အသက်က ၁၉ – ၂ဝ လည်းဖြစ်လာပြီဆိုတော့ ဒီကိစ္စတွေကို အပြစ်ပြောစရာအကြောင်းမရှိပါဘူး။ ဘယ်နိုင်ငံက တက္ကသိုလ် ကျောင်းသားကျောင်းသူတွေပဲဖြစ်ဖြစ် တစ်ဘဝလုံး လက်တွဲရမယ့်သူတွေနဲ့ဆုံကြတာ တက္ကသိုလ်မှာပဲများကြပါတယ်။ ပြဿနာက အဲ့ဒီ့ကိစ္စဖြစ်လာရင် ကိုယ်လုပ်နေတဲ့ ပညာရေးကို အထိခိုက်ခံလိုက်ကြတာတွေ တွေ့ရတာသိပ်မကောင်းတဲ့ကိစ္စပဲ။
ဗမာပြည်ရဲ့ တက္ကသိုလ်နောက်ခံ ဝတ္ထုတွေထဲမှာ ပထမဆုံးအနေနဲ့ထွက်လာတာက ကောလိပ်ကျောင်းသား ကောင်းကောင်းတောင် မမှတ်မိတော့ပါဘူး မင်းသားကမင်းသမီးကိုကြိုက်တယ် မင်းသမီးအိမ်ပြန်သွားရတယ် မင်းသားဆွေးပြီး စာမေးပွဲတွေဘာတွေ မဖြေနိုင်ဖြစ်တယ် နှစ်ဝက်စာမေးပွဲကျတယ် အိမ်ကမေးတော့ ဝါးလုံးစစ်စစ်လို့ ကျတယ်တို့ ဘာတို့ ပြောတာတွေကို ဇာတ်နာအောင်ရေးပါတယ်။ ဖတ်လို့တော့ ကောင်းမှာပါဗျာ ဒါပေမယ့် ဘာမှအတုယူစရာလည်းမတွေ့ နောင်လာနောက်သားတွေ ခေတ်အဆက်ဆက် မှားစရာတွေပဲဖြစ်လာတယ်။ ခေတ်အဆက်ဆက် ရေးလာခဲ့တဲ့ တက္ကသိုလ်ဇာတ်လမ်းတွေ ဒီလမ်းထဲကိုမထွက်တော့ပါဘူး။ ဒီဝတ္ထုတွေကို လူငယ်တွေဖတ်တာများတယ် ဒါတွေကိုပဲရုပ်ရှင်ရိုက်တယ် လူငယ်တွေပဲကြည့်တာများတယ်။ ကိုယ့်ဟာကိုယ် ဖွန်ကြောင်လို့ စာမေးပွဲကျတာကိုပဲ သူတို့သူငယ်ချင်းတွေထဲမှာ လူစွမ်းကောင်းကြီးလို ဖြစ်လာတယ်။
ကျွန်တော့်သူငယ်ချင်းတစ်ယောက် တတိယနှစ်မှာ ဒီလိုပဲအကြောင်လွန်းပြီး Re-exam ထိပါတယ်။ ဖြေလိုက်ရင်အောင်ပါတယ် ဒါပေမယ့် ဂုဏ်ထူးတန်းဆက်တက်လို့ မရတော့ပါဘူး။ သူဂုဏ်ထူးတန်း တက်ချင်လွန်းလို့ သူ့အမှားအတွက် သူစာမေးပွဲပြန်မဖြေပဲ အကျခံလိုက်ပါတယ်။ သူပေးဆပ်လိုက်ရတာက သူ့ရဲ့အချိန်တစ်နှစ်နော် နည်းနည်းနောနောမဟုတ်ဘူး။ သူဆက်တက်လာလိုက်တာ သူတက်ချင်တဲ့ ဂုဏ်ထူးတန်းတက်ရပါတယ် နောက်တော့ မဟာတန်းသူဆက်တက်ပါတယ်။ မဟာတန်း စာမေးပွဲမှာလည်း တစ်ခေါက်ထပ်ပြီးတော့ ကြောင်ပြန်ပါတယ် ဒီတစ်ခေါက်လည်း စာမေးပွဲကျပါတယ် ဒီတစ်ခါတော့ မဟာတန်းဆိုတာ Re-Exam မရှိပါဘူး။ အင်မတန်လည်း နှမြောမိပါတယ်။ တစ်ရက် သူနဲ့ကျွန်တော်နဲ့ လက်ဘက်ရည်ဆိုင်မှာထိုင်နေတုံး သူ့ညီဝမ်းကွဲလေးရောက်လာတော့ စကားစပ်မိလို့ သူ့ကြောင်းကိုသူ့ညီသိသွားတော့ ကလေးကဘာပြောသလဲဆိုတော့ အစ်ကိုရယ်အရမ်းဂုဏ်ယူတယ်ဗျာတဲ့။ ကိုယ့်နေရာကိုဆက်ခံမယ့် ကလေးတွေမှာ ဒီလိုအယူအဆတွေဖြစ်နေတာကို တစ်ကယ်ကိုပဲ ဝမ်းနည်းမိပါတယ်။
ကျွန်တော်ရုပ်ရှင် သွားကြည့်လေ့မရှိပါဘူး အိမ်မှာနေရင်းကြည့်လို့ရတဲ့ ဗွီစီဒီကိုတောင် မကြည့်ဖြစ်ပါဘူး ဒါပေမယ့် အမေရယ် အဒေါ်ရယ် ညီမလေးရယ်ကတော့ အမြဲတမ်းကြည့်ကြပါတယ် ကိုရီးယားကားပေါင်း သောင်းခြောက်ထောင် ဝယ်ကြည့်ပါတယ်။ တစ်ရက်သူတို့ကြည့်နေလို့ ဇာတ်လမ်းတစ်ခု ခဏတဖြုတ်ကြည့်လိုက်ပါတယ် ဇာတ်ကားကတော့ ဗမာပြည်မှာတော်တော်လေး နာမည်ကြီးပါတယ် “Love Story in Harvard”။ ဇာတ်ဝင်ခန်းတစ်ခုမှာ မင်းသမီးက ဘာပြဿနာတက်တယ်တော့ မမှတ်မိပါဘူး မှတ်မိတာကတော့ မင်းသားကမင်းသမီးကို ကားနဲ့ညပိုင်းမှာလိုက်ပို့ရပါတယ်။ မင်းသားက နောက်နေ့မှာ Assignment တင်စရာရှိပါတယ်။ မင်းသမီးကားပေါ်မှာ အိပ်ပျော်နေတဲ့အချိန်မှာ သူ Assignment ကိုပြီးအောင်လုပ်ရင်း Laptop Battery ကုန်ပါတယ်။ ဒါပေမယ့်သူ လက်ရေးနဲ့အပြီးရေးပြီးတင်ပါတယ်။ နောက်နေ့မှာတော့ အချ
ိန်မှီတင်လိုက်နိုင်ပါတယ်။ ဗမာကားဆိုရင်တော့ မင်းသား Assignment မပြီးလိုက်လို့ စာမေးပွဲကျ ဒါကိုမင်းသမီးက သူ့ကြောင့်ဖြစ်တယ်ဆိုပြီး ကရုနာတွေပို ဒါမျိုးတွေပဲလာမယ်။ ဒါနဲ့ကျွန်တော် စိတ်ဝင်စားလို့ဆက်ကြည့်မိတယ် နောက်ပိုင်းလည်း တော်တော်ကြီးကျယ်တဲ့ ကိုယ်ရေးကိုယ်တာ ပြဿနာတွေဖြစ်တယ် ဒါပေမယ့် သူတို့လုပ်လက်စ ပညာရေးကိုအထိခိုက်ခံလိုက်တယ်ဆိုတာ တစ်ခါမှမတွေ့ဘူး သူတို့ကိုယ်ရေးကိုယ်တာကိစ္စကိုလည်း မျတအောင်စီမံကြတာတွေ့တယ်။ နောက်လည်း ပညာရေးအတွက်ပဲ ယာယီလမ်းခွဲခဲ့တာတွေ့ပါတယ်။ ဗမာပြည်လို လျောက်လည်တာ အချိန်လွန်သွားတာကနည်းနည်း မောင်နဲ့မခွဲနိုင်ဘူး မေနဲ့မခွဲနိုင်ဘူးဆိုတာများများနဲ့ ပထမနှစ်ကတည်းက လိုက်ပြေး ကျောင်းကိုတစ်ဝက်တစ်ပျက်နဲ့ထွက် ဆိုတဲ့ဟာမျိုးမတွေ့ဘူးဗျာ။ ကျွန်တော်ကိုရီးယားကို အထင်ကြီးတဲ့လူမဟုတ်ပါဘူး ရုပ်ရှင်ထဲကနဲ့ အပြင်ကသူတို့ စရိုက်ကတစ်ခြားစီပါ ဒါကိုသိပါတယ်။ ဒါပေမယ့် ရုပ်ရှင်ထဲက အတုယူစရာကိုမြင်လို့ပြောတာပါ။
မှတ်မှတ်ရရပါ မနေ့ကအလုပ်တွေ စာတွေမပြီးတာနဲ့ ညပိုင်း ၂ နာရီလောက်မှ ကျောင်းကနေပြန်လာပါတယ် စာကြည့်တိုက်ရှေ့ ခုံတန်းကလေးမှာ ကောင်လေးနဲ့ ကောင်မလေး အတွဲတစ်တွဲထိုင်ပြီး Assignment လုပ်နေကြပါတယ်။ သူတို့နားကဖြတ်သွားတော့ နားစွန်နားဖျားကြားလိုက်တာက ကောင်လေးက အခုလုပ်နေတဲ့ Assignment ပြီးရင် မနက်ဖြန်ဘာမှ လုပ်စရာမရှိလို့ အပြင်ထွက်လည်မယ်လို့ပြောတာပါ ကောင်မလေးက မနက်ဖြန်ဘာမှ မရှိပေမယ့် နောက် ၃ ရက်နေရင်နောက်ထပ် Assignment နောက်တစ်ခုကျန်သေးလို့ မနက်ဖြန်ကို အပြင်မထွက်ပါရစေနဲ့တဲ့ ဒီတန်ဖိုးရှိတဲ့ အချိန်တစ်ရက်ကို ဖြုန်းလိုက်တာထက် နောက်လာမယ့် Assignment အတွက်အချိန်တစ်ရက် ပိုပေးလိုက်တာက ငါတို့နှစ်ယောက်ရဲ့ဘဝအတွက် ပိုပြီးအဖိုးတန်မယ်ထင်တယ်တဲ့ အဲ့ဒီ Assignment ပြီးရင်တော့ သူဘယ်ကိုပဲသွားသွားလိုက်ခဲ့ပါမယ်လို့ ကောင်လေးကိုပြောနေတာ ကြားမိလိုက်တယ်။ ဒီကလေးနှစ်ယောက် အသက်ကအလွန်ဆုံးရှိ ၁၈-၁၉ ပေါ့။ ကိုယ်ဆီက တက္ကသိုလ်ကျောင်းသား ကျောင်းသူ စုံတွဲလေးတွေကိုလဲ ပျော်သင့်တဲ့အချိန်မှာပျော် ကိုယ့်ဘဝအတွက် ကြိုးစားသင့်တာတွေကိုလည်း အပျက်မခံပဲကြိုးစားနေတဲ့ လူငယ်လေးတွေအဖြစ်ပဲ တွေ့ချင်ပါတယ်ဗျာ။
ကျွန်တော်ကြုံခဲ့တဲ့ တက္ကသိုလ်ကျောင်းသားဘဝ (၃)
အခုတော့ ဗမာပြည်က ကျောင်းတွေအားလုံးနီးနီးမှာ ယူနီဖောင်းတွေ ဝတ်ပြီးကျောင်းတက်နေရတာတွေ ဖြစ်ကုန်ပါပြီ။ ကျွန်တော်တောင် ကြီးကောင်ကြီးမားကြီးဖြစ်နေမှ ယူနီဖောင်းဒဏ်ကို ၁ နှစ်လောက် မိလိုက်ပါသေးတယ်။ တက္ကသိုလ် ယူနီဖောင်းဝတ်ရတယ်ဘာတွေနဲ့ နည်းနည်းတော့ ပူညံပူညံလုပ်ကြပါတယ်။ ပြန်ဆန်းစစ်လိုက်တော့ ဘယ်သူမပြုမိမိမှု့လို့ပဲ ပြောရပါတော့တယ်။ Globalization ဆိုတာကြီးက ဗမာပြည်ကိုရိုက်ခတ်တယ် ဗမာတွေကဟုတ်တာတွေကို သိပ်စိတ်မဝင်စားဘူး မဟုတ်တာတွေကိုပဲ ယူထားလိုက်တာများတယ်။ ဖြစ်ပုံကတော့ ကျောင်းသူတွေ ဝတ်ပုံစားပုံကနေပဲစတယ်ပြောရမယ် ကျောင်းကိုစကပ် အတိုတွေ ဘောင်းဘီအတိုတွေနဲ့လာတယ် အင်္ကျီကိုလည်း ယောက်ျားလေး ကာယဗလမောင်တွေများ အားကျလို့လားတော့ မသိပါဘူး စွတ်ကျယ်လိုဟာတွေလည်း ဝတ်လာတယ်။ တန်ရုံလောက်တိုတာတွေ ဝတ်တာကတော့ ဘယ်သူမှအလုပ်ရှုပ်ခံပြီးတော့ မပြောကြပါဘူး ဆရာ ဆရာမတွေလည်း ယူနီဖောင်းဘယ်ဝတ်ချင်ပါ့မလဲ ကျောင်းသွားရင် အလှူပွဲသွားသလိုဝတ်ချင်တာပေါ့။ ပြောရမယ်ဆိုရင် အပြင်လောကနဲ့ သိပ်ကွာဟလွန်းတဲ့ အဝတ်အစားမျိုးတွေကိုတော့ ကျောင်းကလက်မခံနိုင်ပါဘူး ဒီတော့ဘာလုပ်သလဲဆိုတော့ ဗမာပီပီပဲ အားလုံးအတူတူဝတ်ဆိုပြီး ယူနီဖောင်းဒီဇိုင်းလုပ်လိုက်တော့တာပေါ့။
ဒီတော့အများကဝိုင်းပြောကြမယ်ဗျာ ကိုလူပျိုကြီး အခုတက်နေတဲ့ကျောင်းမှာရော မိန်းကလေးတွေ စကပ်အတို၊ ဘောင်းဘီအတိုမဝတ်ဘူးလားဆိုပြီးတော့။ ပြန်ဖြေမယ်ဗျာ ဝတ်တယ်ဗျာ မိန်းခလေးမှန်ရင် ကျွန်တော့်ကျောင်းမှာတော့ ရှည်တာမှန်ရင် ဘာမှမဝတ်ဘူး အကုန်လုံး စကပ်အတို၊ ဘောင်းဘီအတိုပဲ ဒါပေမယ့် တစ်နိုင်ငံလုံးဒါမျိုးပဲဝတ်တယ်လေ ကျောင်းထဲမှာမိန်းကလေး စကပ်အတို ဘောင်းဘီအတိုဝတ်တာ မထူးဆန်းပါဘူး။ အပြင်မှာလည်း တော်တော်သရုပ်ပျက်တဲ့ လူငယ်တွေ ဝတ်ပုံစားပုံတွေရှိတယ် အဝတ်အစားတင်မကဘူး မျက်နှာတစ်ခုလုံးလည်း အပေါက်ပေါင်းစုံဖောက်တယ် နားကပ်၊ နှာခေါင်းကပ် အဲလေ ဘာခေါ်ရမှန်းမသိတဲ့ဟာတွေ ဝတ်ထားတယ်။ ဒါမျိုးတွေကျောင်းထဲမှာ မရှိပါဘူး ကျောင်းစည်းကမ်းအရလည်း လက်မခံပါဘူး။ ဒီတော့ ကပ်သီးကပ်သပ်ပြောရရင် ကျောင်းသားအားလုံးဒါမျိုး မဝတ်တတ်ကြဘူးလားဆိုရင် ဝတ်တဲ့လူလည်းရှိမှာပါ ဒါပေမယ့် ကျောင်းဝင်းထဲမှာတော့ လုံးဝမရှိပါဘူး။
ကျွန်တော်မှာပြောရရင် ဘွဲ့သာရသွားတယ် စိမ်းပြာရောင် ယူနီဖောင်းဆိုတာ တစ်ထည်မှမရှိပါဘူး။ ကျွန်တော့်ကျောင်းမှာက ပါမောက္ခချုပ်တွေက တစ်ယောက်ပြီး တစ်ယောက်သာ ပြောင်းသွားတယ် နားလည်မှု့ရှိပါတယ်။ သူတို့ကိုယ်တိုင် စာဝင်သင်တဲ့အချိန်မှာတောင် ကျွန်တော်ဘယ်တော့မှ အင်္ကျီအဖြူ မဝတ်ပါဘူး အစင်းအကွက်နဲ့ ရောင်စုံပဲဝတ်ပါတယ်။ ပုဆိုးကတော့ ပြောမနေနဲ့ အကွက်စိတ်စိတ်ကနေ စောင်ကိုချုပ်ထားသလား ထင်ရတဲ့ လယ်ထွန်လို့ရလောက်တဲ့ အကွက်အဆင်မျိုးတောင် ကျွန်တော်ဝတ်ပါတယ်။ ဒါပေမယ့် ဆရာ ဆရာမတွေဘာမှမပြောဘူး ဘာလို့လဲဆိုတော့ ကျွန်တော်ဝတ်ပုံစားပုံက ဘာမှလွန်ကဲမှု့မရှိပါဘူး သူတို့ပြောတဲ့စည်းကမ်းနဲ့ မညီတာတစ်ခုပဲရှိပါတယ်။ တစ်ရက် ဝန်ကြီးလာမယ်ဆိုတော့ သင်တန်းမှုးကခေါ်ပါတယ် မင်းတို့ဒီနေ့တော့ ကန်တင်းမှာပဲ တစ်နေကုန်နေကြပါကွယ် အတန်းထဲမလာပါနဲ့လို့တော့ တစ်ခါအပြောခံရတယ်။
ကိုယ့်ထက်ငယ်တဲ့ ကလေးတွေတက်တဲ့ကျောင်းမှတော့ ကျွန်တော်တို့ကျောင်းလို လွတ်လွတ်လပ်လပ် သိပ်မရှိလှဘူး။ ယူနီဖောင်းမဝတ်လာရင် ဒဏ်တပ်ပါတယ်တဲ့။ ထားပါတော့ဒါကတော့ စည်းကမ်းဆိုတော့လည်း မပြောတော့ပါဘူး။ ကျွန်တော်ကလည်း ကလေးတွေကို စာပြန်သင်လေ့ရှိတော့ သူတို့ဆီကနေဒါတွေ တစ်နေ့တစ်နေ့ကြားနေရတယ်။ မင်းတို့ဟာကလည်း မဟုတ်သေးပါဘူးပေါ့။ နောက်တော့ တစ်ဖြည်းဖြည်း အဆင့်တက်လာတယ် ဆံပင်မဆိုးရဘ