Archive for March, 2009

28
Mar 09

မည်သူ့ကိုမျ ပြန်လည်ဖြေကြားမည် မဟုတ်ပါ

ပြောပြန်ရင်လည်း ကိုယ်လူရည်မလည်တာလူသိကုန်မယ်။ ပွင့်ပွင့်လင်းလင်းပြောရရင် ခြင်္သေ့နဲ့ကျား နာမည်မှားပေးမိတဲ့နိုင်ငံဆိုတာကို ရောက်နေတာလည်း နည်းနည်းတော့ ကြာပါပြီ ဒါပေမယ့် တစ်ခါမှ ရုပ်ရှင်မကြည့်ဖူးသေးဘူး။ ဒီနေ့တော့ ဘော်တာအစ်ကိုကြီးတစ်ယောက်က လာဗျာခင်ဗျားနဲ့ ကျွန်တော် ရုပ်ရှင်သွားကြည့်မယ် လာခဲ့ဗျာဆိုလို့ သွားကြည့်တယ်ဗျာ။ အဲ့သည့် ဘော်တာကြီးက သူငယ်ချင်းလို့သာပြောရတယ် ကျွန်တော်နဲ့တော့ အစ်ကိုတစ်ယောက်လိုလည်း ဖြစ်နေခင်နေတာပါ။ ဖြစ်ချင်တော့ ဘယ်သူကံဆိုးပြီး ဘယ်သူကံကောင်းတာလဲတော့မသိဘူးဗျာ ရုပ်ရှင်ရုံအပေါ်မရောက်ခင် အောက်ထပ်က မုန့်စျေးတန်းထဲမှာ ကျောင်းက သူငယ်ချင်းတစ်ယောက်ကို တွေ့တယ်ဗျ။ read more »

28
Mar 09

အိပ်ရာထ မျက်နှာသစ် အစာစား စက်ဘီးပျောက်

အိပ်ယာဘယ်လိုထတာလဲဆိုတာကို ရေးပါတဲ့ ပေါက်ပေါက်ရှာရှာ တက်(ဂ်) သွားတယ် မနေ့မနက်ကရေးမယ်ဆိုပေမယ့် မအားလို့ရယ် ငိုချင်နေတာရယ်ကြောင့် အခုမှပဲ ရေးထားလိုက်တယ်။ ရေးမယ်ဆိုတဲ့ညကလည်း အိပ်လိုက်တာက မနက် ၄း၃ဝ မှအိပ်လိုက်တယ်လေ။

သောကြာနေ့ နံနက် ၈း၃ဝ “အုဝဲ အုဝဲ …… အုဝဲ”။ ခလေးငိုသံကြားတယ် အိမ်မက်ထဲမှာ ဘယ်ကလေးက ငိုနေတာပါလိမ့်။ လူပျိုကြီးလည်း အိမ်ထောင်မကျသေးပါဘူး ကလေးကဘယ်ကရောက်ပါလိမ့်ပေါ့။ မဟုတ်သေးဘူးဟ ဖုန်းလာနေတာပဲ ဖုန်းသံကို ကလေးငိုသံပြောင်းထားတာ မေ့နေတာ။ အိပ်ရေးမဝရတဲ့အထဲ ဘယ်သူဆက်ပါလိမ့် ဆိုကောက်ကိုင်လိုက်တယ် ဖုန်းနံပါတ်ကြည်လိုက်တော့လည်း ဘယ်သူမှန်းမသိဘူး။ “ဟယ်လို ဘယ်သူလဲမသိဘူးခင်ဗျာ”။
read more »

27
Mar 09

Domain အသစ်ပြောင်းခြင်း

အခုပဲ http://lupyogyi.info ဆိုပြီးပြောင်းလိုက်ပါပြီ။ ဒါပေမယ့် DNS အပြောင်းအလဲအတွင်းမှာတော့ ချက်ချင်းဝင်လို့ရမှာ မဟုတ်သေးပါဘူးခင်ဗျာ။ ဖြစ်တတ်တာတော့ ၄၈ နာရီ ကြာတတ်ပါတယ်။ ကြိုတင်အကြောင်းကြားထားပါတယ်ခင်ဗျာ။ လိပ်စာသစ်မှာ အရင်လိုပဲ ဗရုတ်သုတ်ခတွေ ဆက်ရေးတာပေါ့။

25
Mar 09

ကြက်က ပိုပြီး အမှု့ကြီးတယ်

ကျွန်တော် အလယ်တန်းကျောင်းသား ဘဝကိုတော့ ရေဆင်းမှာနေခဲ့ရတယ်ဗျ။ သွားတက်ရတဲ့ကျောင်းက နည်းနည်းဝေးတယ် ဒါကြောင့်ရုံးကနေ ကျောင်းကားစီစဥ်ပေးထားပါတယ်။ အရာရှိဆိုတဲ့လူတွေများ တော်တော်လေး ကြီးကျယ်တယ်ပြောရမယ်။ အရာရှိဆိုတဲ့လူတွေထက် သူတို့မိန်းမတွေက ပိုကဲတယ်ထင်တာပဲ။ လူအများအတွက် စီစဥ်ပေးထားတဲ့ ကားနဲ့ ကလေးတွေကို မထည့်ချင်လို့ဆိုပြီး ကားသပ်သပ်တောင်းထားကြတယ်။ ကျွန်တော်လည်း အဲသည့်သီးသန့်ဆိုတဲ့ကားနဲ့ ကျောင်းသွားရတယ်ပေါ့ဗျာ။ ကားပေါ်မှာလည်း ကျောင်းသားက သိပ်မများပါဘူး ကျွန်တော်ရယ် အိမ်ရှေ့အိမ်က မွန်မိသားစုက သူငယ်ချင်း ၃ ယောက်ရယ် နောက်ထပ် သူငယ်တန်းကလေးလေး တစ်ယောက်ရယ် ဒါပဲပါတယ်။ သူငယ်တန်းကလေးလေး ကိုတော့ သူ့အမေက အမြဲလိုက်ပို့လို့ ကားပေါ်မှာ သူ့အမေပါအဆစ်ပါလာတတ်တယ်။
read more »

25
Mar 09

Cooking Jargon

ရေးစရာမရှိတော့ ဟင်းချက်နည်း ရေးလိုက်ဦးမယ်။ ကိုဒီဘီစကားကို အငှားသုံးရရင်တော့ ဆားချက်ပေါ့ဗျာ။ ဟင်းချက်နည်း စာအုပ်ကိုဖတ်မယ်ဆိုရင် ပထမဆုံးသူတို့ အခေါ်အဝေါ်တွေကို နားလည်မှ ဖတ်လို့ရတယ်ဗျ။ ဗမာပြည်က ဦးကြီးပု စာအုပ်ဆိုရင်တော့ မလိုဘူးပေါ့ဗျာ။ ပထမဆုံး မဖြစ်မနေတွေ့ရတာကတော့ အသားတွေကို မချက်ခင်မှာ ပြင်တာဆင်တာကို သူတို့က အသေးစိတ်မပြောတော့ပဲ သူတို့ အခေါ်အဝေါ်တွေကိုပဲ သုံးလေ့ရှိတယ်။ ဒါကြောင့်တစ်ခါတစ်လေ စာအုပ်ဆိုင်ကနေ တွေ့တဲ့ ဟင်းချက်နည်း စာအုပ်တွေက ဖတ်ကြည့်လည်း ဘာလုပ်ရမှန်းမသိတာပါ။
read more »

25
Mar 09

O’Sensei’s Training

စိတ်ရှည်လက်ရှည်စုပြီး ပေါင်းထားတဲ့ Video လေးပါ။ တော်တော်လေးကောင်းပါတယ်။ တစ်ချက်တစ်ချက်တော်တော်လေး အ့သြမိတယ် အသက် ရဝ နီးနီး အဖိုးကြီးတစ်ယောက် ဒီလောက်သွက်သွက် လက်လက် လှုပ်ရှားနိုင်တာ ယုံချင်စရာတောင်မရှိဘူး။ Partner အဖြစ်လိုက်ပေးတဲ့ Saito Sensei ဆိုတာက အနည်းဆုံး ပေါင် ၂၀ဝ လောက်ရှိတဲ့လူကြီး။ နောက်ပြီးတော့ Koichi Tohei ဆိုတာကလည်း နည်းတဲ့လူကောင်ကြီး မဟုတ်ဘူး။ O’Sensei ကအရပ် ၅ ပေ ၁ လက်မပဲရှိတယ်။ ဒါတောင် Saito ရော Tohei ရောသူ့အောက်မှာ ပြားပြားဝပ်ပဲ။ ဘယ်လိုများ လှုပ်ရှားနိုင်သလဲ စဥ်းစားမရဘူး။





25
Mar 09

Aikido Friendship

Aikido Video လေးတွေ တွေ့လို့ဒီရက်ပိုင်း မကစားနိုင်တာနဲ့ အဆက်မပြတ်အောင် ဆိုပြီးဖွင့်ကြည့်မိတယ်။ ဘာတစ်ခုတွေ့သလဲဆိုတော့ Aikido Friendship ဆိုတဲ့ Video တစ်ခုကိုပြန်တွေ့တယ်။ အဲ့ဒီမှာ ပါတဲ့လူအားလုံးက အိုက်ကိကိုင်းလက်အောက်ခံ တစ်ယောက်မှမပါဘူး။ ဒါပေမယ့် အားလုံးကတော့ O’Sensei ရဲ့တပည့်အရင်းတွေပဲ သူတို့အားလုံး အဖွဲ့အစည်း အတူမဟုတ်ကြပေမယ့် တစ်ကယ်တမ်း ပြပွဲလုပ်တဲ့အချိန်မှာတော့ ဘာပြဿနာမှ မဖြစ်လာဘူး အားလုံး အရင်ကလိုပဲ ချစ်ချစ်ခင်ခင်ပဲ ပြသွားတာကို သဘောကျမိတယ်။ ဒါပေမယ့် လက်တွေ့မှာတော့ သူတို့တစ်တွေ လမ်းခွဲသွားကြတာ နှစ်ပေါင်းများစွာ ကြာခဲ့ပါပြီ။ အခုအချိန်မှာတော့ Video ထဲကဆရာကြီးတွေအားလုံးနီးနီးလည်း မရှိကြတော့ပါဘူး။





25
Mar 09

အမြင်ကွဲပေမယ့် အတူတူပါပဲ

တစ်ချို့ကထင်ကြတာက ဟင်းချက်တဲ့နေရာမှာ တရုတ်ဟင်း၊ ကုလားဟင်း၊ ဗမာဟင်း၊ အနောက်တိုင်းဟင်း ဆိုပြီးအမျိုးမျိုး ကွဲပြားနေတယ်လို့ထင်ကြတာပါ။ တစ်ကယ်တမ်းက ပြောရမယ်ဆိုရင် အရမ်းမကွာပါဘူး။ ဒါပေမယ့် အရှေ့တိုင်းနဲ့ အနောက်တိုင်းကတော့ တော်တော်ကွာတယ်။ ဒါဆိုရင် တရုတ်နဲ့ ကုလားချက်တာလုံးဝကွဲတယ် ဆိုပြီးပြောကြဦးမယ်ထင်တယ်။ တစ်ကယ်တမ်းက လှီးပုံဖြတ်ပုံရယ် လူမျိုးအလိုက်သုံးတဲ့ ဟင်းခတ်အမှေးအကြိုင်ရယ်ပဲ ကွာတာပါ ချက်ရတာကတော့ တစ်မျိုးချက်တတ်ရင် အကုန်ချက်တတ်ပါတယ်။ ဥပမာပြောရရင် တရုတ်ချက်တဲ့ကုန်းဘောင်ကြီးကြော်ရယ် ကုလားချက်တဲ့ ခပတ် ဆိုတဲ့ဟင်းရယ်က အတူတူပါပဲ။ ကြက်သားနဲ့ချက်မယ်ဆိုရင် အသားကို Slice လှီးရပါတယ်။ read more »

24
Mar 09

နောက်ဆုံးတော့ ကျောင်းတက်စားရတာပါပဲ

လူပျိုကြီးတို့က တစ်ခါတစ်လေကျရင်တော့ လိုင်းကြောင်တယ်ပဲပြောရမလားမသိဘူး လျောက်လျောက်လုပ်တတ်တယ်။ လွန်ခဲ့တဲ့ တစ်နှစ်ကျော်လောက်ကပါပဲ ဘာတွေဖြစ်နေသလဲဆိုတော့ Software ရေစားတဲ့အလုပ်ကိုလည်း တော်တော်လေးစိတ်ကုန်နေတယ် စာသင်စားတဲ့အလုပ်ကိုလည်း မလုပ်ချင်လောက်အောင်ကို ဖြစ်နေပြီ။ ဘာဖြစ်တာလဲဆိုတော့ အလုပ်ကလုပ်ရလွန်းလို့ စိတ်ဖိစီးမှု့တွေက တစ်အားများနေတာကိုး။ နောက်ဆုံးဘယ်လို ဆုံးဖြတ်လိုက်သလဲဆိုတော့ ကျောင်းတွေလည်း စာမေးပွဲပြီးလို့ ပိတ်လည်းသွားရော စာသင်တဲ့အလုပ်ကို အပြီးအပိုင်ရပ်တော့မယ်ဆိုပြီး ဆုံးဖြစ်လိုက်တယ်။ ဒီတော့ဘာလုပ်မလဲပေါ့ စဥ်းစားတယ်။ ခေါင်းခြောက်လည်း သက်သာ ပိုက်ဆံလည်း ပုံမှန်ရမယ့်အလုပ်ကိုလုပ်မယ်ပေါ့။ ပထမတော့ စဥ်းစားပါသေးတယ် စျေးရောင်းမယ်ပေါ့။ နောက်တော့ ကျွန်တော်စျေးရောင်းရင် ကျန်းမာရေးမကောင်းလို့ စျေးအလုပ် ပွဲရုံအလုပ်မလုပ်ပါနဲ့ဆိုပြီး ချော့မော့နားခိုင်းထားရတဲ အဒေါ်ကြီးကလည်း ပြန်ပြီးလုပ်မယ်ပြောလာတော့ မဖြစ်သေးပါဘူးလေပေါ့။

ဒါနဲ့နောက်တစ်ခုစဥ်းစားတယ် ဆံပင်ညှပ်စားရင်ကောင်းမလားပေါ့။ ဆံပင်တော့မညှပ်တတ်ပါဘူး ဒါပေမယ့် သင်ရမှာပေါ့လေ။ ဘာလို့လည်းဆိုတော့ လူတွေဘယ်လောက်ဆင်းရဲဆင်းရဲ ဆံပင်မညှပ်ပဲ ခေါင်းတုံးတော့ မနေကြဘူးဗျ။ သေချာပေါက်တော့ ထမင်းမငတ်ဘူးသေချာတယ်။ ဒါပေမယ့်လည်း ဆိုင်ကြီးကြီးမားမားတွေကြည့်လိုက်တော့ ညှပ်နေတဲ့လူတွေကတော့ ယောက်ျားတွေပါ ဒါပေမယ့် နှစ်ပိုင်းတစ်ပိုင်းတွေပဲ တွေ့နေလို့ မဖြစ်သေးပါဘူးလေပေါ့ သူတိုလိုဖြစ်သွားမှာလည်း ကြောက်ရသေးတယ်ဆိုပြီး ဒီအစီအစဥ်ကိုပယ်လိုက်တယ်။ အခုမှ မှားမှန်းသိတာ သင်ထားလိုက်ရင် အခုနေများ ကျောင်းအားရက်ကို အချိန်ပိုင်းလုပ်ချင်ရင် တစ်ခြားလုပ်စရာမလိုဘူး ဆံပင်ညှပ်စားရင်တော်တော် ဝင်ငွေဖြောင့်မယ့် သဘောရှိတယ်။

နောက်တစ်မျိုးထပ်စဥ်းစားတာက ဗေဒင်ဟောစားရင်ကောင်းမလားပေါ့ အရင်အနှီးလည်းဘာမှ သိပ်မကုန်ဘူး။ ဘုရားဂေါပကနဲ့အဆင်ပြေရင် စားပွဲလေးတစ်လုံးဖျားလေးတစ်ချပ်ဆိုလည်း တော်တော်အဆင်ပြေတယ်ပေါ့။ ချမ်းသာကြီး ဘုရားပေါ်ဆိုရင် ဂေါပကက ဦးလေးသူငယ်ချင်းဆိုတော့ အကောက်မကောက်လောက်ဘူးလို့ မှန်းရတယ်လေ။ ဒါနဲ့ အစမ်းဆိုပြီး ဟိုလူ့ဇာတာကြည့် သည်လူ့ဇာတာကြည့်ဟောပေးလိုက်တယ်။ ခက်တာက တွက်ပဲတွက်တတ်တာ မလိမ်တတ်တော့ ဘယ်လိုမှန်အောင်ဟောဟော မှန်ကိုမှန်ဘူး။ ဒါနဲ့ဇာတာပဲဖွဲစားမယ်လေဆိုတော့လည်း တွက်တော့တွက်တတ်တယ် လူတွေကလည်း ပေရွက်နဲ့လိုချင်တာ။ ကိုယ်ကလည်း ကညစ်နဲ့ရေးဖူးတာမဟုတ် အစမ်းဝယ်ပြီးရေးကြည့်လိုက်တာ ပစ်လိုက်ရတဲ့ ထန်းဖူးကများနေတာနဲ့ အရင်းမကိုက်လို့ လုပ်စားဖို့မစဥ်းစားတော့ဘူး။

နောက်တော့ အဖေပြောတာကိုသွားသတိရတယ် လူရှိနေသမျတော့ စားနေကြမှာပဲတဲ့။ ဒါနဲ့ စားသောက်ဆိုင်ဖွင့်မယ်ပေါ့။ ဘယ်ရမလဲ စားဖိုမှူးငှားရင် ကိုယ့်ကိုလိမ်မရအောင်ဆိုပြီး ကိုယ်လည်းချက်တတ်အောင် အစားအသောက် အချက်အပြုတ်သင်တန်းသွားတက်တယ်။ ဆရာကနှယ်နှယ်ရရ တော့မဟုတ်ဘူး အရင်က ဆီဒိုးနားမှာ အလုပ်လုပ်ခဲ့တဲ့ စားဖိုမှူး အသက်ကြီးလို့ ပင်စင်ယူပြီး အိမ်တွင်းမှု့ကျောင်းမှာ ဝါသနာအရသင်နေတာ။ စားဖိုမှူးဆိုတာ ယောက်ျားတွေကြည့်ပဲလေ ဒီတော့သင်တန်းလည်း ယောက်ျားကြည့်ပဲ မိန်ကလေးဆိုလို့ အိမ်မှာထမင်းမချက်တတ်လို့ အိမ်ကနေ အတင်းလှတ်လို့လာရတဲ့ လူလောက်ပါတာ။ ဒါနဲ့ အချက်အပြုတ် သင်လိုက်တာ ၂ လလောက်ကြာတယ်။ အိမ်မှာလည်း လက်စွမ်းပြပြီးချက်တော့ အမေကတော့ ကောင်းတယ်ဆိုပြီးစားတာပဲ။ ဒါနဲ့ဆိုင်ဖွင့်မယ်ပေါ့ စီစဥ်တယ် ချက်မယ့်စားဖိုမှူးမရှိလည်း ကိုယ်တိုင်ချက်မယ်ပေါ့။ အဲသည့်လိုနေတုံးကျောင်းတက်ဖို့က ကျလာပါရော။ ဘာလုပ်ရမှန်းမသိတော့ဘူး။ ဒါနဲ့စာကိစ္စကတော့ တော်ပါပြီလေဆိုပြီး ဆိုင်ပဲဖွင့်တော့မယ်ဆိုပြီး လုပ်တော့ အမေကပြောတယ် ငါ့သားရယ်မင်း ကျောင်းသာတက်ပါ ဆိုင်ကိစ္စတော့မစဥ်းစားပါနဲ့ပြောတယ်။ မဟုတ်သေးပါဘူး အမေရယ် ကျွန်တော့်လက်ရာတောင် ဒီလောက်ကောင်းနေပြီဆိုင်ပဲဖွင့်မယ်ပြောတော့။ အမေက ငါ့သားရယ် အမေက မင်းချက်တာ အားနာလို့ကောင်းတယ်ဆိုပြီးစားနေတာ တစ်ကယ်ကစားမဖြစ်ဘူး မင်းမယ့်ရင် အငယ်မကိုသာ မင်းအကဲခတ် မင်းဟင်းချက်တဲ့နေ့ကို သူအိမ်မှာကိုမနေတာသာကြည့်တဲ့။ သည်တော့မှပဲ အဖြစ်မှန်ကိုသိတော့တယ်။

ဒါနဲ့နောက်ဆုံးတော့ တစ်သက်လုံးလုပ်စားလာတဲ့ ကျောင်းတက်စားတဲ့ အလုပ်နဲ့မှပဲ လူပျိုကြီးအဆင်ပြေ သွားတော့တယ်။ ဒါလည်း နောက်လတ်လျားလတ်လျားနဲ့ ဘာမဟုတ်က ဟုတ်ကတွေ ထထဖောက်ဦးမယ်မသိသေးဘူး။

21
Mar 09

New Domain

ဒီရက်ပိုင်းမှာတော့ ကျွန်တော် ဘလော့ကို တစ်ခါတစ်လေ ဝင်လို့ရချင်မှရမယ်နော်။ နောက်ပြီးတော့ စာတွေကလည်း ပေါ်လိုက်ပျောက်လိုက်လည်း ဖြစ်ချင်ဖြစ်ဦးမယ်ဗျ။ ဒိုမိန်းပြောင်းမလို့ လုပ်နေတော့လျောက်စမ်းနေတာပါ။ အခု Hosting ကနေ နောက်ထပ် Hosting ကိုစမ်းပြောင်း နေတာလည်း တစ်ခါတစ်လေ Data တွေပျောက်လိုက် ပေါ်လိုက်ဖြစ်နေပါတယ်။ သူ့တို့ပေးထားတဲ့ Tools များကိုသုံးကြည့်ပါတယ် အဆင်မပြေသေးပါဘူး။ ကြည့်ရတာ နောက်ဆုံးတော့ ကိုယ်တိုင်ပဲ လုပ်စေချင်နေပြီထင်ပါတယ် မရရင်တော့ နောက်ဆုံးအဆင့်ကတော့ Manually ကိုယ်တိုင်ပဲ MySQL Server to Server တိုက်ရိုက်ကူးယူရတော့မယ်ထင်ပါတယ်။ ဒီတစ်ပါတ်အတွင်းတော့ အားလုံး အဆင်ပြေသွားမယ် ထင်ပါတယ်ခင်ဗျာ။ ဒိုမိန်းအသစ်ကတော့ စျေးချိုတဲ့ .info ပဲယူထားပါတယ်။ ဒီဆိုက်ကိုဝင်လည်း ဒီနှစ်မကုန်ခင်အထိတော့ Auto Redirect လုပ်သွားမှာပါပဲဆိုတော့ လာနေကျလူများလည်း ပြဿနာရှိမယ်မဟုတ်ပါဘူးခင်ဗျာ။ ဒီရက်ပိုင်းတော့ လာလည်သူများကိုအားနာပါတယ် ရေးစရာများလည်းစုထားပါတယ်။

Switch to our mobile site

WP SlimStat