တစ်ချို့ကထင်ကြတာက ဟင်းချက်တဲ့နေရာမှာ တရုတ်ဟင်း၊ ကုလားဟင်း၊ ဗမာဟင်း၊ အနောက်တိုင်းဟင်း ဆိုပြီးအမျိုးမျိုး ကွဲပြားနေတယ်လို့ထင်ကြတာပါ။ တစ်ကယ်တမ်းက ပြောရမယ်ဆိုရင် အရမ်းမကွာပါဘူး။ ဒါပေမယ့် အရှေ့တိုင်းနဲ့ အနောက်တိုင်းကတော့ တော်တော်ကွာတယ်။ ဒါဆိုရင် တရုတ်နဲ့ ကုလားချက်တာလုံးဝကွဲတယ် ဆိုပြီးပြောကြဦးမယ်ထင်တယ်။ တစ်ကယ်တမ်းက လှီးပုံဖြတ်ပုံရယ် လူမျိုးအလိုက်သုံးတဲ့ ဟင်းခတ်အမှေးအကြိုင်ရယ်ပဲ ကွာတာပါ ချက်ရတာကတော့ တစ်မျိုးချက်တတ်ရင် အကုန်ချက်တတ်ပါတယ်။ ဥပမာပြောရရင် တရုတ်ချက်တဲ့ကုန်းဘောင်ကြီးကြော်ရယ် ကုလားချက်တဲ့ ခပတ် ဆိုတဲ့ဟင်းရယ်က အတူတူပါပဲ။ ကြက်သားနဲ့ချက်မယ်ဆိုရင် အသားကို Slice လှီးရပါတယ်။ အရင်ကတော့ ကုန်းဘောင်ကြီးကြော်မယ့် အသားကို အံစာတုံးပုံလှီးတာပါ အခုနောက်ပိုင်း စာအုပ်တွေမှာကတော့ သူတို့လည်း အနောက်တိုင်းကို အားကျလို့ထင်တယ် Slice လှီးတဲ့စတိုင်ကို ပြောင်းသွားတယ်။ ခပတ်ကတော့ အရင်ကတည်းက Slice ပဲလှီးပါတယ်။ ပြီးရင်တော့ အသားကိုတရုတ်ရော ကုလားရော Saute လုပ်ပါတယ်။ Saute ဆိုတာဘာလဲဆိုတော့ ဆီကိုအိုးကင်း မကပ်လောက်ရုံလောက်ပဲ ထည့်ကြီးတော့ အသားပါးပါးလေးတွေကို ကျက်အောင်ကြော်တာပါ။ ကျန်းမာရေးနဲ့ညီညွတ်ပါတယ်။ ဆား၊ ငရုတ်ကောင်းထည့်တာတော့ ထည့်မပြောတောပါဘူး။ ပြီးရင်တော့ ကြက်သွန်ရယ် ခရမ်းချဥ်သီးရယ်ကို ထည့်ပါတယ်။ ဒီနေရာမှာတော့ တရုတ်နဲ့ ကုလား အကြိုက်ချင်းတူပေမယ့် လှီးပုံဖြတ်ပုံကွာပါတယ်။ ကုလားကတော့ ကြက်သွန်နဲ့ ခရမ်းချဥ်ကို အကွင်းလိုက်လှီးပါတယ်။ တရုတ်ကတော့ ရှစ်စိတ်စိတ်ထည့်ပါတယ်။ ဒီနေရာမှာ အမြင်ကွာသွားပါတယ်။ နောက်ပြီးတော့ အမှေးအကြိုင်ကိုတော့ ကုလားကသူကြိုက်တဲ့ ပူဒီနာကိုထည့်ပါတယ်။ တရုတ်ကတော့ ဘာထည့်လိုက်သလဲဆိုတော့ နာနတ်ပွင့်အမှုန့်ထည့်ပါတယ် အဆစ်နေနဲ့ ကြာညို့ထည့်ပါတယ်။ ဒီမှာတင်ပဲ တရုတ်နဲ့ ကုလားက ဟင်းကိုချက်ပုံချက်နည်းတူပါလျက်နဲ့ အမှေးအကြိုင်နဲ့ အမြင်ပြောင်းပြီးမျက်လှည့်ပြလိုက်တော့ လူတွေမျက်စေ့လည်သွားပါတယ်။ နောက်ဆုံးအဆင့် မျက်စေ့လည်အောင်ဆိုပြီး တရုတ်ကတော့ ငရုတ်သီးအခြောက်ကို ကြော်ပြီးဟင်းအပေါ်ကနေ အလှဆင်ပါတယ်။ ကုလားကတော့ ငရုတ်သီးစိမ်းကို အပေါ်ကနေတင်ပါတယ်။ ဒီမှာတင်ပဲလူတွေ လုံးဝကို မျက်စေ့လည် သွားပါတော့တယ်။ ကဲဒီတော့ စဥ်းစားသာကြည့်တော့ ဒီဟင်းနှစ်ခုမှာ ပါဝင်ပစ္စည်း ကွဲပြားတာဆိုလို့ ပူဒီနာနဲ့ နာနတ်ပွင့်ပဲရှိတာပါ။ ဒါကြောင့် ဟင်းချက်တယ်ဆိုတာလွယ်ပါတယ် တစ်ခုတတ်ရင် နောက်တစ်ခုက တတ်ဖို့မခက်ပါဘူး လူမျိုးအမြင်သာပြောင်းလိုက် ချက်ချင်းကို တတ်ပါတယ်။
ဟုတ်ပါ့မလား။
အစ်မရေးထားတဲ့အရင် Comment ကိုမြင်ပါတယ်ခင်ဗျ Database ပြောင်းစမ်းရင်းနဲ့ ပျောက်သွားလို့ပါ။ ဖျက်လိုက်တာ မဟုတ်ပါဘူးခင်ဗျ။
ိကိုလူပျိုကြီးကတော့ စွယ်စုံရပဲဗျား …
တရုတ်နဲ့ကုလားစာပြောလို့ တရုတ်မဆလာနဲ့ကုလားမဆလာ ပေါင်းစပ်ထားပုံချင်း လုံးဝမတူတာ လက်ခံတယ်ဗျား ..
ကျနော် တခါတလေကျ တရုတ်စာချက်ပေမယ့်လဲ တရုတ်စာမဖြစ် ကုလားစာချက်ပေမယ့်လဲ ကုလားစာမဖြစ်နဲ့ နောက်ဆုံး ဖြစ်ချင်တာဖြစ်ဆိုပြီး သမတော့တာပဲ
ဥရောပ အစားအစာကျတော့ cheese, butter, sausage တွေက သူတို့ရဲ့ ငါးပိလိုဖြစ်နေတယ် နေရာတကာသုံးတယ် စားတယ်
box02 လည်း အချက်အပြုတ်သမားပဲဟ အဖော်တော့ရနေပြီ။ ဟုတ်တယ်ဟုတ်တယ် အမှေးအကြိုင်ကွဲတာနဲ့ အရသာပါကွဲပြီလို့ မှတ်လိုက်တော့။
ဟုတ်တယ် ကိုလူပျိုကြီး .. ကျနော်လဲ ကိုယ့်ဘာသာပဲချက်ပြုတ်စားသောက်ရတော့ အချက်အပြုတ်သမားပဲပေါ့
အဟိ
ဟုတ်ပဗျား .. အမှေးအကြိုင်တွေက တော်တော်အစွမ်းထက်တယ် .. တခါကျနော် ပဲကုလားဟင်းချက်တာ တရုတ်မဆလာထည့်မိတာ ကုလားမကျ တရုတ်မဟုတ်နဲ့ ဖြစ်သလို တီးလိုက်ရတယ် ..
ခက်တာက ပစ္စည်းပစ္စယ အစုံမရှိတာက တော်တော်ဆိုးတယ်ဗျား .. ကိုယ့်ဟာကိုယ်ဖြစ်သလို လုပ်ပလိုက်ရတဲ့အခါ စားလို့တော့ရပါတယ် .. အရသာမကောင်းဘူးပေါ့နော် .. ကိုလူပျိုကြီးတို့ စင်္ကာပူမှာဆို အစုံရတော့ ကောင်းတယ်ဗျား .