Cooking Jargon

ရေးစရာမရှိတော့ ဟင်းချက်နည်း ရေးလိုက်ဦးမယ်။ ကိုဒီဘီစကားကို အငှားသုံးရရင်တော့ ဆားချက်ပေါ့ဗျာ။ ဟင်းချက်နည်း စာအုပ်ကိုဖတ်မယ်ဆိုရင် ပထမဆုံးသူတို့ အခေါ်အဝေါ်တွေကို နားလည်မှ ဖတ်လို့ရတယ်ဗျ။ ဗမာပြည်က ဦးကြီးပု စာအုပ်ဆိုရင်တော့ မလိုဘူးပေါ့ဗျာ။ ပထမဆုံး မဖြစ်မနေတွေ့ရတာကတော့ အသားတွေကို မချက်ခင်မှာ ပြင်တာဆင်တာကို သူတို့က အသေးစိတ်မပြောတော့ပဲ သူတို့ အခေါ်အဝေါ်တွေကိုပဲ သုံးလေ့ရှိတယ်။ ဒါကြောင့်တစ်ခါတစ်လေ စာအုပ်ဆိုင်ကနေ တွေ့တဲ့ ဟင်းချက်နည်း စာအုပ်တွေက ဖတ်ကြည့်လည်း ဘာလုပ်ရမှန်းမသိတာပါ။

Le guide culinaire ဆိုတာ စားဖိုးမှူးလက်စွဲ စာအုပ်တွေထဲမှာတော့ နာမည်ကြီးစာအုပ်ပေါ့။ သူ့ထဲမှာ ပါတာလေးတွေ ပြောရမယ်ဆိုရင် သူက Seasoning ဆိုတာကိုတောင် အမျိုးအစား သေသေချာချာ ခွဲထားသေးတယ်ဗျ။

Seasoings:
Saline Seasonings: အသားကို ဆားနဲ့နယ်ခြင်း
Acid Seasonings: အသားကို Organic Acid ဒါမှမဟုတ် ရှာလကာရည် အဖြူ ဒါမှမဟုတ် အနက်နဲ့ နယ်ခြင်း
Hot Seasonings: အသားကို ငရုတ်ကောင်းထည့်နယ်ခြင်း
Sacharine Seasoings: အသားကို သကြား ဒါမှမဟုတ် ပျားရည်ဖြင့်နယ်ခြင်း

အများအားဖြင့်တော့ ဟင်းချက်နည်းစာအုပ်တွေမှာပါတဲ့ Seasoning ဆိုတာကတော့ အသားကို ဆား၊ ငရုတ်ကောင်း ထည့်ပြီးနယ်တာကိုခေါ်တာပါ။ ဒါကြောင့် စာအုပ်ကိုဖတ်ပြီး Seasoning ဆိုရင် သဘောပေါက်လိုက် ဆား၊ ငရုတ်ကောင်းနယ်ခိုင်းတာ။

နောက်တစ်ခုကတော့ ဟင်းချက်ရင် လူတွေက ဆီပေါက်မှာကို အင်မတန်ကြောက်ပါတယ်။ တစ်ကယ်တမ်းက အနောက်တိုင်းအစားအစာတွေမှာက ကြော်ရင်တောင် ဆီမပေါက်ပါဘူး။ သူတို့က Flour လုပ်တယ်လို့သုံးပါတယ်။ ဘာလုပ်တာလဲဆိုတော့ Seasoning လုပ်ပြီးသား အသားတွေကို ရေစိုမနေအောင် ဂျုံမှုန့်လူးထားလိုက်ပါတယ်။

နောက်တစ်ခုက အသားတွေကို Deep Fry ကြော်မယ်ဆိုရင် Seasoning Flour လုပ်ပြီးရင် ကြက်ဥအကာနဲ့သုတ်ပါတယ် နောက်ပြီးတော့ ပေါင်မုန့်ခြောက်ကပ်ပါတယ် ဒါကိုဘာခေါ်သလဲဆိုတော့ Paning လုပ်တယ်လို့ပြောလေ့ရှိပါတယ်။

Seasoning = Salt + Vinegar + Pepper
Seasoning Flour = Seasoning + Flouring
Paning = Seasoning + Flouring + Egg + Bread Crumps

ဒါကြောင့် စာအုပ်တွေထဲမှာကတော့ ရေးထားတာက လွယ်လွယ်လေး Seasoning, Seasoning Flour, Seasoning Flour and Paning ဆိုပြီးပဲတစ်ခုခုရေးထားလိုက်တာ မသိရင်တော့ လည်ပြီသာမှတ်တော့။ တော်ကြာနေ Super Market သွားပြီးတော့ Seasoning လေးဘယ်နားရောင်းသလဲမေးလိုက်ရင်တော့ ကောင်တာက အရောင်းအမျိုးသမီးလည်း ဘယ်ညှန်ရမှန်း မသိဖြစ်သွားမယ်။

4 thoughts on “Cooking Jargon

  1. အိုး မိုင်ဘုရားသခင် ..
    အသင်လူပျိုကြီး အားယားနေပါသည်။ ဘာဘဲဖြစ်ဖြစ် လေ့လာသွားတယ်။

  2. ကဲ သောကြာနေ့ခွင့်ယူထားတယ်ဗျ ..ဘာချက်တီးကြမလဲ ..

  3. အင်း~~~သူတို့ ရဲ အရာရှိ နှစ်ယောက်က ဝင်ငွေတော်တော် ကောင်းပုံရတယ်
    သောက်ကြမယ်စားကြမယ်ဆိုတာကြီးပဲ

  4. အင်း~~~သူတို့ ရဲ အရာရှိ နှစ်ယောက်က ဝင်ငွေတော်တော် ကောင်းပုံရတယ်
    သောက်ကြမယ်စားကြမယ်ဆိုတာကြီးပဲ

Leave a Reply

Your email address will not be published. Required fields are marked *

*

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong> <pre lang="" line="" escaped="" highlight="">