မည်သူ့ကိုမျ ပြန်လည်ဖြေကြားမည် မဟုတ်ပါ

ပြောပြန်ရင်လည်း ကိုယ်လူရည်မလည်တာလူသိကုန်မယ်။ ပွင့်ပွင့်လင်းလင်းပြောရရင် ခြင်္သေ့နဲ့ကျား နာမည်မှားပေးမိတဲ့နိုင်ငံဆိုတာကို ရောက်နေတာလည်း နည်းနည်းတော့ ကြာပါပြီ ဒါပေမယ့် တစ်ခါမှ ရုပ်ရှင်မကြည့်ဖူးသေးဘူး။ ဒီနေ့တော့ ဘော်တာအစ်ကိုကြီးတစ်ယောက်က လာဗျာခင်ဗျားနဲ့ ကျွန်တော် ရုပ်ရှင်သွားကြည့်မယ် လာခဲ့ဗျာဆိုလို့ သွားကြည့်တယ်ဗျာ။ အဲ့သည့် ဘော်တာကြီးက သူငယ်ချင်းလို့သာပြောရတယ် ကျွန်တော်နဲ့တော့ အစ်ကိုတစ်ယောက်လိုလည်း ဖြစ်နေခင်နေတာပါ။ ဖြစ်ချင်တော့ ဘယ်သူကံဆိုးပြီး ဘယ်သူကံကောင်းတာလဲတော့မသိဘူးဗျာ ရုပ်ရှင်ရုံအပေါ်မရောက်ခင် အောက်ထပ်က မုန့်စျေးတန်းထဲမှာ ကျောင်းက သူငယ်ချင်းတစ်ယောက်ကို တွေ့တယ်ဗျ။ ဖြစ်ချင်တော့ သူကလည်း ကိုယ့်ကိုမှတ်မိတယ် နာမည်မမှတ်မိဘူး ကိုယ်ကလည်း သူ့ကိုလူတော့သိတယ် နာမည်ကတော့ လုံးဝမမှတ်မိဘူး။ သေချာပေါက်ကတော့ ကျွန်တော့်ငယ်သူငယ်ချင်း ရခိုင်ဘက်က မြောက်ဦးမြို့သူနဲ့ သူငယ်ချင်းဆိုတာတော့ မှတ်မိတယ်။ ဖြစ်ချင်တော့ အဲ့သည့် သူငယ်ချင်းနာမည်ပါ မေ့နေပါရောလား။ ဒါပေမယ့် သူကလည်းကိုယ့်သိတယ် သူကလည်း ကိုယ့်သိတာပဲဆိုတော့ ရောယောင်ပြီးအာလူးဖုတ်လိုက်တာပေါ့ဗျာ။ ပါလာတဲ့ဘော်တာ အစ်ကိုကြီးကတော့ ဘေးမှာဘာမှဝင်မပြောဘူး မတ်တပ်ရပ်နေတာပေါ့ဗျာ။ အဲ့ဒါကိုဗျာ ကျွန်တော့်သူငယ်ချင်းက ဘာမေးလဲဆိုတော့ ” ဟဲ့ဒါ နင့်ဒယ်ဒီလားတဲ့ “။ ကျွန်တော်လည်း အားနာလိုက်တာနော် ဘယ်လိုပြောရမလဲ ” ဟဲ့မဟုတ်ပါဘူး နင်ဘာတွေလျောက်ပြောနေတာလဲ ဒါငါ့သူငယ်ချင်း ” လို့အမြန်ပြောပြီး သွားတော့မယ်နော်ဆိုပြီး ထွက်လာခဲ့ရတယ်။ အသက်က အဲ့သည်လောက်ကြီးတော့မကွာပါဘူး ဒါပေမယ့် ကျွန်တော်က လူကောင်သေးသေး အဲသည့်အစ်ကိုကြီးက လူကောင်ကြီးကြီး ဝဝခန့်ခန့်ကြီး ဖြစ်နေတော့ ပိုဆိုးသွားတာပေါ့။ အစ်ကိုရယ် လွန်တာရှိရင်တော့ ဝန္တာမိပါဗျာ ကျွန်တော်လည်း မရည်ရွယ်ပါဘူး။ ကျွန်တော့်သူငယ်ချင်းကိုက လူကဲခပ်အည့လွန်သွားလို့ ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။ ဘယ်သူလဲလု့ိတော့ လာမမေးနဲ့နော် ကာယကံရှင်၏ ဂုဏ်သိက္ခာကို ထောက်ထားသော အားဖြင့် မည်သို့မျဖြေကြားမည် မဟုတ်ပါ။

PS.
လာရောက်ဖတ်ကြသောလူများထဲတွင် ကာယကံရှင်သော်လည်းကောင်း ကာယကံရှင်မည်သူဆိုသည်ကို သိကြသောစာဖတ်သူများ ပါရှိပါကလည်း မိမိတို့သိရှိကြောင်းကို နှုတ်လုံရန်နှင့် ကျွန်တော်ပြောသည်ဟု မည်သူ့ကိုမှမပြောမိစေရန် အထူးသတိပေးအပ်ပါသည်။

20 thoughts on “မည်သူ့ကိုမျ ပြန်လည်ဖြေကြားမည် မဟုတ်ပါ

  1. ခက်ပါ့… တစ်ယောက်နဲ့ တစ်ယောက်မမှတ်မိရုံမကဘူး
    ဒယ်ဒီတစ်ယောက် တိုးအောင်တောင် ပြောသွားသေးတယ်။ မှားလို့ ဒယ်ဒီလားလို့တောင် မေးသွားရှာတယ်။
    ကိုလူပျိုကြီးရေ အသည်းလေးရရင်လဲ အဲလိုအကြီးကြီး မဖြစ်စေနဲ့ တော်ကြာ မာမီလား ဆိုခက်ရော။
    ခုလိုမျိုးလဲ ချော့လို့ရမှာမဟုတ်ဘူး ထင်တယ်။ :P

    ဖြစ်တတ်တာတွေးမိလို့ စိတ်ထဲပေါ်သမျ မန့် ပလိုက်သည်။ :D cheer!

  2. အဒီ လောက်တောင်ကွာတယ်
    ဟီး~~ သူနုတာ ကြော်ငြာ နေပြန်ပီ

  3. တစ်ယောက်ယောက်တော့ ထင်သလိုလိုပဲ။
    မော့စ်ကားထဲကလို ဟောဒီလို လက်ဆွဲပြီး ပြလိုက်ချင်သေးဗျာ။ ဆိုသလိုပဲ။ :P

  4. pm => ဟုတ်တယ်ဟုတ်တယ် ဒါကိုသင်ခန်းစာယူမှဖြစ်မယ်။ တစ်ခါတည်း မာမီဆိုလို့ကတော့ ကိစ္စကိုပြတ်ကြပါရောလား။ :)

  5. သီဟသစ် => သိရင်လည်း လူတစ်ကာကို လိုက်မပြောပဲမနေရဘူးနော် :D

  6. ဟင်းဟင်း၊ အနော် သိနေသလိုပဲ။ သီဟသစ်သိထားသူ မှန်ကန်ကြောင်း အနော် သိနေသည်၊ ကဲ။ :D

  7. ဘူလေးလဲ သူလေးလား သိသလိုလို မသိသလိုလို ပဲ … အဟိ .. စိတ်ထဲမှာပဲထားတော့မယ်နောုံ … အဲဒီလူ ဘယ်သူဆိုတာဘယ်သူ့ကိုမှ မပြောဘူးနော် … အဲဒီလူဆို တာ သူမလား ဦးဦးသယ်ရင်း … တူလေးရဲ့ တိုတိုလားဟင် .. ဘယ်သူမှပြောဘူးနော် … သားက နှုတ်လုံပါတယ်… :P

  8. domain name လုပ်ပုံလေး ရေးပါလား ကိုလူပျိုကြီး… သူငယ်ချင်းတစ်ယောက်လည်း မေးဖူးတယ်။ ရန်ကုန်က သူငယ်ချင်းတွေကလည်း blogspot, ning, worpress စစရှိသမျ တွေ ပိတ်ခံထားရတယ် ပြောလို့။

  9. ရေးမယ်ရေးမယ် တစ်ရက်နှစ်ရက်တော့ ခဏစောင့်နော် :D

  10. အနော်က အပွေးမြင်အပင်သိ .. အရိပ်မြင် လူကိုသိတယ်တဲ့ဗျား .. ဒီနေရာမှာတော့ သိလိုက်ပါတယ်ဗျား :D

  11. ဘူလေးလဲ…. အဲ..ဘူကြီးလဲ.. အဟိဟိဟိဟိဟိ
    တို့ မသိပါဘူး၊ တကယ်မသိပါဘူး

  12. အရိပ်ပြကတည်းက အကောင်သိပြီးသား… ဘယ်သူလဲလို့ မပြောတော့ဘူး… :D

    PS: အစ်ကို့ blog အရမ်းမိုက်တယ်… ကျွန်တော် Normalize လုပ်ရတာ တော်တော်အဆင်ပြေတယ်.. စာတွေ အရမ်းရှည်လို့… :P

  13. အွန်… ဒီဘလော့လည်း သူနဲ့ကျမှ ဗမာစာ Normalize စမ်းစရာဖြစ်တော့တယ်။ ကဲပါဘယ်လိုအသုံးကျကျ သုံးဖြစ်ရင်ပြီးတာပါပဲလေ

Leave a Reply

Your email address will not be published. Required fields are marked *

*

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong> <pre lang="" line="" escaped="" highlight="">