ချင်းတွင်းအထက်သို့ ဆန်တက်ခြင်း …. (၁) မ့်ရွာ – ကနီ

နံနက် ၄း၃ဝ မ့်ရွာမြို့။ စခန်းဝင်းထဲမှာလည်း လူတွေ လှုပ်လှုပ်နဲ့ ပြင်ဆင်စရာရှိတာတွေ ပြင်ကြဆင်ကြနဲ့ လူတစ်စု အလုပ်ရှုပ်နေကြသည်။ “ဟေ့… မြန်မြန်လုပ်ကြဟေ့ တို့တစ်တွေ ကနဲ ကိုမနက် ၁၀-၁၁ နာရီလောက်ရောက်ချင်တယ်” လို့တပည့်တွေကို သတိပေးနေတဲ့အဖေ့အသံကိုလည်း ကြားလိုက်မိတယ်။ မ့်ရွာကနေ အဖေရယ် အဖေ့သူငယ်ချင်းတစ်ယောက်ရယ် ရုံးကအဖေ့တပည့် ၄ ယောက်ရယ် မနက် ၅ နာရီလောက် မှာမ့်ရွာကနေ ကားနဲ့ထွက်လာခဲ့တယ်။ မ့်ရွာကနေ ဘုတလင်ဘက်ကို ကားနဲ့မောင်းလာရင်း လမ်းဘေးဝဲယာကို ငေးရင်းငယ်ငယ်က လာနေသွားနေကျလမ်းဆိုတော့ မှတ်မိတဲ့နေရာလေးတွေကို စဥ်းစားလာမိတယ်။ မရောက်တာလည်း နှစ်တွေ တော်တော်ကြာပြီဆိုတော့ ဘာမှကိုမမှတ်မိတော့သလောက်ပဲ။ အလုံကနေ ဟိုဘက်ကျော်ပြီး ဘုတလင်မြို့နယ် အစဆိုတဲ့ ဆိုင်းဘုတ်ကို မြင်တော့မှ ရေးတေးတေး မှတ်မိသလိုပဲရှိတယ်။ ထနောင်းကုန်းဆိုတဲ့ရွာကို မြင်မှမှတ်မိလာတယ် နောက်တစ်ရွာက ကန်သစ် ဖြစ်မယ်လို့ ရေးတေးတေးတော့မှတ်မိတယ်။

ဆက်ပြီးခရီးထွက်လာကြတော့ ၆ နာရီကျော်လောက်မှာ ဘုတလင်ကို ရောက်တယ်။ ဘုတလင်မှာပဲ မနက်စာစားကြပါတယ်။ နောက်ဆက်ထွက်လာတော့ ညောင်ကန်ဆိုတဲ့ရွာကိုရောက်တယ်။ ညောင်ကန်ဆိုတာက ပြောရမယ်ဆိုရင် ရှေးနှစ်ပေါင်းများစွာကတည်းက ရှိခဲ့တဲ့ရွာကြီး။ စိတ်အထင်ပြောရမယ်ဆိုရင် ဘုတလင်ကမြို့သာပြောတယ် ညောင်ကန်ရွာကတောင် ပိုပြီးစည်ကားနေသလိုပဲ။ ညောင်ကန်ကျော်တော့ ကျောက်လမ်းမရှိတော့ဘူး လုံးဝကိုမြေလမ်း ဖြစ်သွားတယ်။ တစ်ချို့နေရာတွေမှာက လှည်းလမ်းသာသာပဲ။ တော်သေးတယ် ကားကလမ်းအကြမ်းမောင်းလို့ အဆင်ပြေတဲ့ကားဖြစ်နေလို့ပေါ့။ ဆိုးလိုက်တဲ့လမ်း ဘုတလင်ကနေ စားလာတဲ့ မနက်စာကို ဘယ်ရောက်မှန်းမသိတော့ဘူး။ မနက် ၁၁ နာရီလောက်ရောက်တော့ ကနဲဆိုတဲ့ ချင်းတွင်းမြစ်ကမ်းဘေးက ရွာကလေးကိုရောက်ပါတယ် ဒါကားသွားလို့ရတဲ့လမ်းအဆုံးပဲ။ ကနဲရွာက ဥက္ကဌအိမ်ကိုစုံစမ်းပြီးတော့ ကားကိုအပ်ထားခဲ့ရပါတယ်။

ကနဲရွာနဲ့ ဆန့်ကျင်ဘက်ကမ်းမှာက ကနီဆိုတဲ့မြို့ကလေးရှိပါတယ်။ အစိုးရရုံးတွေ အင်္ဂလိပ်ခေတ်ကတည်းက ရုံးစိုက်ပါတယ် ဒါ့ကြောင့်မြို့လို့ခေါ်တာပါ။ တစ်မြို့လုံးအနှ့ံလမ်းလျောက်ပါတ်မှ နာရီဝက်မကြာဘူး မြို့ကိုလမ်းကြိုလမ်းကြားပါမကျန် အကုန်ရောက်နိုင်ပါတယ်။ လာမယ်လို့ကြိုအကြောင်းကြားထားတော့ ကနီဘက်ကရုံး စက်လှေက ကနဲဘက်ခြမ်းမှာလာစောင့်နေပါတယ်။ ကနီမှာနေ့လည်စာစားကြတာပေါ့။ ဘာပြောကောင်းမလဲ ခရီးလမ်းအခြေအနေက စားကောင်းအောင်ဖန်တီးပေးလိုက်တော့ ဘယ်နှစ်ခါစားမိတယ်တောင် မမှတ်မိတော့လောက်အောင်ပါပဲ။ ငယ်ငယ်ကတော့ အဖေနဲ့လိုက်လာရင်း ကနီမှာ ၁ လလောက်တော့ နေခဲ့ဖူးတယ်။ အိမ်ခြေရင်းမှာစျေးရှိတယ် မနက် ၃း၃ဝ – ၄ နာရီဆိုရင် စျေးကစည်နေပြီ ဆူညံနေတာပဲ အိပ်လို့မရတော့ဘူး။ စျေးထဲမှာ အသားငါးတွေ တောထဲကပစ်လာတဲ့ အကောင်ပလောင်တွေ လာရောင်းကြတယ်။ မရနိုင်တဲ့ တောတွင်းသား ဘာမှမရှိဘူး ငယ်ငယ်ကတော့ ယုန်သားကိုစားချင်တယ် စားချင်တယ်ဆိုပြီး ပူဆာနေကျပဲ။ မနက် ၉ နာရီလောက်ဆိုရင်စျေးကွဲပါတယ်။ ဒီတစ်ခေါက် ၁ဝ နှစ်လောက်ကြာမှ ပြန်ရောက်တော့ တော်တော်လေးပြောင်းနေပြီ ကမ်းနားလည်း ရေတိုက်စားသွားလို့ အရင်ကရောက်နေကျ ကမ်းနားက တစ်ဆိုင်တည်းသော စားသောက်ဆိုင်ကလေးလည်း ကမ်းပါးနဲ့ ကပ်လျက်လောက်ဖြစ်သွားပါပြီ။ ဆိုင်ရှင်လင်မယားကတော့ ကျွန်တော့််ကို အဖေနဲ့ပါလာတာ မြင်တော့။ ဒါဆရာနဲ့ ငယ်ငယ်လေးတုံးက ပါလာတဲ့ကလေးပဲလို့ မှတ်မိပါတယ်။ နောက်တစ်ယောက်ကတော့ ကျွန်တော်ကောင်းကောင်းမှတ်မိပါတယ် အဲ့သည့် အဘကြီးက ကျွန်တော့်ကို ခါချဥ်ဥနဲ့ ခွေးတောက်ရွက်ချက်ကွေးဖူးတယ်။ အင်မတန်ရှားတဲ့အစားအစာပါ လူတိုင်းလည်းမချက်တတ်ပါဘူး စားလို့တော့ တော်တော်လေ

4 thoughts on “ချင်းတွင်းအထက်သို့ ဆန်တက်ခြင်း …. (၁) မ့်ရွာ – ကနီ

  1. ဘယ်တော့ ဆက်မှာလဲ
    သူနော်လူတွေ ကို ဟာဒ်ကော့ ကြီးဖြစ်အောင်မလုပ်နဲ့

  2. this is my first visit to ur blog.
    ur a very good writer like a professional.
    my native is monywa ,monywe-kyemon. now i m in tachi leik, near thailand border.
    i have never been to kani_kanei. but now i m missing my native because of ur good writing.
    thank u so much…….

  3. တာချီလိတ်ဆိုမှ အဲ့သည့်မှာ မနက်ခင်းရောင်းတဲ့ ပဲနို့ရယ် အီကြာကွေးရယ်ကို စားချင်စိတ်ပေါက်လာပြီ။
    တာချီလိတ်က တိုဖူးနွေးလည်း စားချင်တယ် ဟီး ကိုယ်စိတ်ဝင်စားတာ ကိုယ်ပြောတာပဲ။

  4. တာချီလိတ်ဆိုမှ အဲ့သည့်မှာ မနက်ခင်းရောင်းတဲ့ ပဲနို့ရယ် အီကြာကွေးရယ်ကို စားချင်စိတ်ပေါက်လာပြီ။
    တာချီလိတ်က တိုဖူးနွေးလည်း စားချင်တယ် ဟီး ကိုယ်စိတ်ဝင်စားတာ ကိုယ်ပြောတာပဲ။

Leave a Reply

Your email address will not be published. Required fields are marked *

*

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong> <pre lang="" line="" escaped="" highlight="">