ဒီနေ့တော့ ညနေပိုင်းစောစောစီးစီး အလုပ်ပြီးလို့ အိမ်ကိုအပြန် စျေးဝင်ဝယ်ပါတယ်။ အားတုံးလေး ကိုယ့်ဟာကိုယ် ချက်စားမယ်ပေါ့ဗျာ ဖြစ်ချင်တော့ ဆိုင်မှာက Pasta တွေရော Spaghetti တွေရော တစ်ကျပ် ဆယ်ပြားနဲ့စျေးချနေတာနဲ့ တစ်ထုပ်ဆိုရင် အနည်းဆုံး ၃ ခါလောက်တော့ စားရတယ်ဆိုပြီး တွက်ခြေကိုက်လို့ Speghetti တစ်ထုပ်ရယ် Fusilli Pasta တစ်ထုပ်ရယ်ဝယ်လာလိုက်တယ်။ နောက်တော့ ဟင်းအနှစ်လည်း ချက်ရမှာ ပျင်းလို့ဆိုပြီး Pasta Tomato တစ်ဘူးလည်း တစ်ခါတည်း ဝယ်လိုက်တယ်။
အိမ်ရောက်တော့ ဗိုက်ဆာတာနဲ့ တစ်ခါတည်း Fusilli ကိုအထုပ်တစ်ဝက်ပြုတ် ထားလိုက်တယ်။ ဟင်းအနှစ်ကလည်း ချက်စရာမလိုတော့တာနဲ့ ဒယ်အိုးတစ်လုံးတည်း ဆီနှစ်ဇွန်းလောက်ထည့် ကြက်သွန်ဖြူရယ် ကြက်သွန်နီကို တောက်တောက်စင်း အနံမှေးအောင်ကြော် ပြီးတော့ Pasta အနှစ်ကိုထည့် နည်းနည်းချက်လိုက်တယ်။ ဆီကတော့တစ်ကယ်က သံလွင်ဆီကိုသုံးရတယ် ကျွန်တော်ကတော့သုံးနေတာ ဘာဆီမှန်းကိုမသိဘူး ရှိတဲ့ဟာထည့်လိုက်တာပဲ။ အသားထည့်မယ်ဆိုရင်တော့ ဆီနည်းနည်းနဲ့အရင်ကြော်ရတယ်ဗျ အသားကျက်မှ ကြက်သွန်ဖြူကို ထည့်ရတယ်။ ကြက်သွန်ဖြူက ကျက်မသွားရဘူး တစ်ချို့ဆိုရင် တောက်တောက်စင်ပြီးသား အစိမ်းတောင်ထည့်ကြတယ်။ ပိုမှေးအောင်ဆိုပြီး ငရုတ်ကောင်းတော့ နည်းနည်းထည့်လိုက်တယ်။ နည်းနည်း ပိုပြီးတော့ ဆိုင်နဲ့တူချင်ရင်တော့ Origano ထည့်ရတယ်။ ပြီးတော့မှ ပြုတ်ထားတဲ့ Fusilli Pasta ထည့်သမအောင်မှေလိုက် စားလို့ရသွားရောပဲ။
Pasta Tomato ကတစ်ဘူးကို သုံးယောက်လောက် စားရမဲ့ဟာကို တစ်ယောက်စာထဲထည့်လိုက်တော့ အရောင်တော့ တော်တော်လေးရဲသွားတယ် စားလို့တော့ကောင်းပါတယ်။ ကိုယ်တိုင်ချက်တာမှ တစ်ခုမှမပါတာပဲကိုး မကောင်းမှာမပူနဲ့ပေါ့။ အကုန်လုံး ဘူးထဲကဖောက်ထည့်လိုက်တဲ့ဟာပဲ။ တစ်ကယ်ကတော့ ကိုယ်တိုင်ချက်မယ်ဆိုရင် Pasta Tomato အနှစ်ကိုချက်ရတာက နည်းနည်းကြာတာပါ ခက်တာတော့ မခက်ပါဘူး။
ဒီတော့ Pasta တို့ Spaghetti တို့စားချင်ရင် ဆိုင်မှာသွားဝင်ဝယ်စားမနေနဲ့ စျေးကြီးတယ် အနည်းဆုံးတော့ ၆ ကျပ် ရ ကျပ်မပေးရင်မရဘူး။ ကိုယ်ဟာကိုချက် အလွန်ဆုံးက ၂ ကျပ်ဖိုးပေါ့ မပူနဲ့ အရသာက အတူတူပဲ သူတို့လည်း ဘူးထဲ့ကဟာကိုပဲ ဖောက်ချက်တာ ကိုယ်ဟာကိုယ် အနှစ်ချက်တဲ့ဆိုင်ဆိုရင်တော့ နည်းနည်းအရသာကွဲတယ်။ Spaghetti ချက်တာလည်း ပေါ်ကဟာနဲ့ အတူတူပဲ ဘာကွာသလဲဆိုတော့ Spaghetti ကတော့ ဖြစ်နိုင်မယ်ဆိုရင် Parmissian cheese အမှုန့်ကို ပေါ်ကနေဖြူးပေးပါတယ် သိပ်လွယ်ပါတယ်။ လူပျိုကြီးပြောတာ မယ့်ဘူးဖြစ်နေမှာစိုးလို့ YouTube ကဟာလေး တစ်ခုယူပြပေးလိုက်တယ်။ သူချက်တာကတောင် ကျွန်တော်ပြောတာထက် ပြီးစလွယ်နိုင်သေးတယ်။
သူ မိန်: မ တွေ blog ကိုလာ အောင် လုပ် နေပီ
ဆင် ကြံကျံ နေ တယ်
ဟင်းအနှစ်ချက်ပုံမပါဘူး
ဒါကြောင့်သူချက်တာက မကောင်းဘူးလို့ ခေါက်ဆွဲဖတ် ပြုတ်စားတာဖြစ်နေတယ်။ နောက်ထပ် ထပ်ထည့်ထားလိုက်ပါတယ်ဗျာ။ ဒီတစ်ခုကတော့ အဘွားကြီးချက်ပြတာဗျ။
ပီစာနဲ့ စပဂတ်တီကိုတော့ ကြိုက်တယ်ဟေ .. အီတလီသွားပြီးတော့တောင် သွားစားချင်လိုက်သေးတယ်နော် ..
ဒါတွေလည်းရတယ်နော်… ဒီလိုတတ်ရဲ့သားနဲ့ လူပျိုကြီး လုပ်နေသေးတယ်…။
အမျိုးကောင်းသမီးလေးတွေ နစ်နာထှာ…..၊
ချက်တတ်ပြုတ်တတ်၊ ဗငုက်းကောင်းကျောက်ဖိ ပညာတတ်ကလေး….
စိတ်ညစ်တယ်နော် ဘာကိစ္စဗိုင်းကောင်းကျောက်ဖိ ဖြစ်ရမှာလဲ အဲ့ဒီ့အသုံးက ယောက်ျားသုံးလို့မရဘူး။ ကိုဒီဘီ့စကားလုံး ထှာလည်း ပါသွားတယ်နော်။
MrDBA said…
ကျွန်တော့် အသိထဲမှာတော့ ဗိုလ်စာတွေလဲချက်တတ်ပြုတ်တတ်တဲ့ လူပျိုကြီးတစ်ယောက်တော့ ရှိတယ်ဗျ။ ကိိုယုံရှိတာလေး လာပြောတာပါနော်။ ဆိုင်မဆိုင်တော့ မသိဘူး။ ဟီးဟီး
ဒါဘဲ
မြင်တာလေးတေ ွလာပြရတာ။
တူလေးလည်းစားချင်တယ် ဦးဦးသယ်ရင်းချက်တာကို ပါဆယ်ထုတ်ပြီး လေဆိပ်ကိုပို့လိုက်
ကိုလူပျိုကြီးရေ
အနော်တော့ ခေါက်ဆွဲ အတွန့်လေးတွေ ပိုကြိုက်တယ်ဗျ ဒီခေါက်ဆွဲ အလုံးအရှည်ကြီးတွေထက်။
အိမ်ရှင်မှ အကူမပါပဲ ချက်တာကိုတော့ မယ့်ပေါင်။ (မျက်စိရှေ့ ချက်ကွေးမယ့်မယ်)
အကြံကုန်….လူပျိုကြီး..ဟင်းချက်ပြတဲ့….အဟဲ..ဟဲ…….
ကိုလူပျိုးကြီးက……….ဟင်းချက်ဝါသနာပါတာလား
ဒါမှမဟုတ်ရင်….ချစ်တဲ့သူကိုချက်ကွေးချင်လို့လေ့လာထားတာလား
ဒါမှမဟုတ်..ချက်ကွေးမဲ့သူမရှိ(ဘယ်သူမှကိုမရှိ)လို့လား…
ဒါဆိုလူပျိုကြီးမလုပ်နဲ့နော့ပေါ့….ချက်ကွေးမယ့်သူရှာလိုက်လေလို့…..
Hi Ko Bachelor!
What is the difference between Noodle and Pasta/Spaghetti? Please explain them. I hope you will give some explainations. I am waiting.
သိလျက်နဲ့များ မေးလေသလားကွယ်။ Pasta ဆိုတာ အီတလီစကား အင်္ဂလိပ်လိုဆိုရင်တော့ Noodle ပေါ့။ Pasta ထဲမှာမှ ပုံစံအပေါ်လိုက်ပြီး နာမည်ကွာတယ် အုပ်စုခွဲရင်တော့ သုံးမျိုးလောက်ပဲရှိမယ်ထင်တယ် အလိမ်ကလေးတွေရယ်၊ အလယ်ကအခေါင်းပေါက်ပါတာရယ်၊ ခေါက်ဆွဲမျင်လိုဟာရယ် ဒါပဲစဥ်းစားရတယ်။ အခေါ်အဝေါ်တွေကတော့ ခေါက်ဆွဲအကြီးအသေး ပုံစံအပေါ်မူတည်ပြီး ပွစိတက်နေတာပဲ အကုန်လည်းမခေါ်တတ်ပါဘူး။ Spaghetti ကတော့ အမျင်ထဲမှာပါတာပဲ သူ့ထက်နည်းနည်သေးတာကတော့ Spaghettini လို့ခေါ်သေးတယ်ဗျ။
တော်တော်ကို ဗဟုသုတ စုံတာပဲနော်။ လေးစားလောက်ပါပေတယ်… ကိုလူပျိုကြီး ရယ်….