သီချင်းလေးတွေနဲ့ပဲ သင်္ကြန်ကြိုမယ်


မန္တလေးနဲ့သင်္ကြန်ဆိုတာ တွဲမြင်တတ်ကြသလိုပဲ မန္တလေး သင်္ကြန်နဲ့ မြို့မဆိုတာလည်း ခွဲမရလောက်အောင်ပါပဲ။ ငယ်ငယ်ကတော့ သင်္ကြန်ဆိုရင်လမ်းမှာ မြို့မက ငန်းရုပ်ကြီးနဲ့ကားကြီးလာရင် သိပ်ပျော်တာပဲ လူတွေလည်း အများကြီးထွက်ကြည့်တာ။ နောက်ပိုင်းကျွန်တော်တို့ အလယ်တန်ကျောင်းသားဘဝ အထက်တန်းကျောင်းသားဘဝလောက် ရောက်တော့ မြို့မလည်း အလှပြကားမထွက်နိုင်တော့ဘူး။ အခုနောက်ပိုင်း ၃ နှစ် ၄ နှစ်လောက်မှ ပြန်ပြီးတော့ ငန်းရုပ်ကြီးကိုပြန်တွေ့ရတယ်။ စပြီးပြန်ထွက်ကာစ နှစ်ကဆိုရင်လူတွေ အရမ်းဝမ်းသာကြတာပဲ ဘယ်လောက်ပဲ မတွေ့တော့တာ နှစ်တွေကြာပါစေ မန္တလေး သင်္ကြန်နဲ့ မြို့မဆိုတာ လူတွေကတွဲပြီးမြင်နေကြဆဲပဲဗျ။ အခုတော့ အလွမ်းပြေလေးပေါ့ သင်္ကြန်သီချင်းအဟောင်း အကောင်းလေးတွေ တင်ထားလိုက်တယ် တစ်နေကုန်ဒါပဲဖွင့်ထားမယ်။

ဒါလေးကတော့ ဘယ်တော့မှ မရိုးနိုင်တဲ့သီချင်း။ စာသားလေးကလည်း ကျက်သရေရှိတယ် “မြူမှောင်ဝေကင်း”






ရက်မြတ်သင်္ကြန်လည်း ကောင်းတာပဲ မြို့မငြိမ်းရေးတဲ့ သင်္ကြန်သီချင်း နာမည်ကြီးပေါ့ဗျာ။ မူရင်းနဲ့မတူပေမယ့် အရမ်းကြီးမကွဲပြား သွားလောက်တဲ့ ခင်မောင်တိုးဆိုတာကို ရှာထားလိုက်တယ်ဗျာ။






သင်္ကြန်မိုးဆိုတာကတော့ ရှင်းပြစရာကိုမလိုတော့ဘူးနော်။ မူရင်းအဆိုတော်နဲ့သီချင်းကို Youtube မှာရှာမရလို့ နောက်ပိုင်း ပြန်ဆိုတာပဲ တင်ထားလိုက်ရတယ်။ မူရင်းလောက်တော့ မကြိုက်ဘူးဗျ။






ဒါကတော့ သင်္ကြန်မင်းသားပေါ့ဗျာ လူနာမည်ကို ပြောစရာမလိုပါဘူး။ အခုတော့ ဖက်တီးပုတ်ကြီးဖြစ်နေပြီ အသံကလည်း လူကြီးအသံကြီးဖြစ်သွားပေမယ့် အရင်လိုတော့စိက်လိုလက်ရ ဆိုနိုင်နေပါသေးတယ်။




4 thoughts on “သီချင်းလေးတွေနဲ့ပဲ သင်္ကြန်ကြိုမယ်

  1. ဖက်တီးပုတ်ကြီင်္းဆိုတာ ကျုပ်စောင်းပြောနေတာတော့ ဟုတ်ပါဘူးနော်။

  2. ဒီမှာနော် ဆိုချင်ကချင်နေတာ သင်္ကြန်သီချင်းတွေ ဖွင့်ပြီး တစ်ယောက်တည်း စာကျက်လိုက် အော်ပြီး သီချင်းဆိုလိုက်လုပ်နေတာ တစ်အိမ်လုံးလည် ဘယ်သူမှမရှိဘူး မဟုတ်လား

  3. မြူမှောင်ဝေးကင်းကို အကြိုက်ဆုံးပဲ.. အသစ်တွေ ဘယ်လောက်ကောင်းကောင်း အဟောင်းကိုမမှီပါဘူးဗျာ..
    မြနန္ဒာရောမပါဘူးလား.. :)

  4. ဦးဇော်ဝမ်းကြီး စလုံးမှာ လာဆိုတယ်ဗျ။ ဟိုနေ့ကပဲ လောလောလတ်လတ် ယူကျုမှာ တင်ထားတာ တွေ့လိုက်ရသေးတယ်။ ဘယ်ပန်းချီရေးလို့ မမှီ ဆိုရင်း ကြိုက်စားဖို့ မှာတာများ ပရိတ်သတ်တွေ မျက်ရည်ဝဲစေတယ် ဆိုပဲ။

Leave a Reply

Your email address will not be published. Required fields are marked *

*

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong> <pre lang="" line="" escaped="" highlight="">