ကွန်ပျူတာသမားဆိုတာ့ ကွန်ပျူတာနဲ့ ပါတ်သက်တဲ့ Video ဆိုရင်လည်း သဘောကျတာပဲ။ ဒီရက်ပိုင်းတော့ Youtube ကိုဓါတ်ကျပြီး မှေနှောက်ရှာဖွေရင်းတွေ့တာလေးတွေတင်ထားတယ်။
HP Disaster Proof Solutions ကိုတော့ တော်တော်လေးသဘောကျမိတယ်။ ကိုယ့်ရဲ့ ကွန်ပျူတာ စနစ်ကို ဘယ်လိုဘေးအန္တရာယ်တွေ ဖြစ်လာပါစေ ပြန်လည်ပြီးတော့ Recover လုပ်နိုင်ဖို့ Business Continuity Management ဆိုတာကို ပြထားတာပါ။ သူတို့ဖောက်ခွဲပစ်လိုက်တဲ့ Data Centre ကြီးပဲနှမြောပါတယ်။
ဒီ Datarock – Computer Camp Love လေးကတော့ ရှင်းပြစရာမလိုဘူးထင်ပါတယ်။ ကိုသီဟသစ်ရဲ့ D-Mail ဆိုတာ အဲ့ဒီကစတာဖြစ်မယ်ထင်တယ်။ ဒီအထဲက D-Mail ကတော့နည်းနည်း အဆင့်မြင့်တယ် 5-1/4″ ကြီးနဲ့ဗျ အကြီးကြီးပဲ။ ဒါမျိုးကြီးတွေ မမြင်ဖူးတာကြာလို့ မေ့တောင်နေပြီ။
ကို့ဖာသာဆိုရှာကြည့်တတ်မှာမဟုတ်ဘူး
ဆက်တင်အုံးနော်
သူမရိုးတော့ ဘူး
ဆရာမကိုများ ကွေ နေလား မသိ
ဒါလေးတင်ထားပီး ဆရာမကို blog address ပေး လာလည်ခိုင်း
ဟား~~~~ idea ကတော့ လန်းတယ်ကွာ
တကယ်ဘဲ အဲလောက်မြန်နိုင်လားဗျ။ ကြည့်လို့တော့ကောင်းသား။ ကျုပ်တို့ဘလော့တွေလဲ အဲလို ပလန်လေး လုပ်ထားရင်ကောင်းမယ် တစ်ခုဒေါင်းရင် တစ်ခုတက်နေအောင်လို့ …
ကျွန်တော်တို့ ဘလော့တွေရဲ့ Continuity Plan ကောင်းချက်ကတော့ဗျာ သူတို့ဘယ်လိုက်မှီမလဲ။ သူတိုက OpenVMS တောင်အနည်းဆုံး စက္ကန့် 13.71 လောက်စောင့်ရတယ်နော်။ ကျွန်တော့်ဘလော့ကတော့ ဟိုတစ်နေ့ကဒေါင်းတာ တစ်ရက်ကြာတယ်။ တစ်ဆိုတာ 13.71 ထက်တော့ နည်းတာပဲဟာ။
ဆရာမကိုပဲ အသည်းကွဲအောင် ချစ်တော့မည်…။
အူးလူပျိုကြီး လာလည်သွားတယ်.. ဒီနေ့မှ ရေလောင်းသွားတယ်နော်..အချိန်မီလောက်ပါသေးတယ်… ပြီးတော့ နှစ်သစ် အတွက်လည်း ဆုတောင်းပေးသွားပါတယ်.. မင်္ဂလာအပေါင်းနဲ့ ပြည့်စုံပြီး ရှင်လန်းချမ်းမြေ့ပါစေဗျာ…. သြော်.. စကားမစပ်….ဆရာမလေး တော့ သနားပါတယ်နော်……:-P
တကယ်ဘဲ အဲလောက်မြန်နိုင်လားဗျ။ ကြည့်လို့တော့ကောင်းသား။ ကျုပ်တို့ဘလော့တွေလဲ အဲလို ပလန်လေး လုပ်ထားရင်ကောင်းမယ် တစ်ခုဒေါင်းရင် တစ်ခုတက်နေအောင်လို့ …