စာအုပ်ဖွင့်သလား စာအုပ်ပိတ်သလား ဘာမှန်းကိုမသိပါ

ဖြေလိုက်ရတဲ့စာမေးပွဲ ကြာရင်ကိုယ့်ကိုကိုယ် စာမေးပွဲများ ဖြေစားနေသလား တစ်ခါတစ်လေထင်မိတယ်။ ဒီတစ်ခါတော့ စာအုပ်ဖွင့်စာမေးပွဲ။ အရင်လည်း စာအုပ်ဖွင့်ကဖြေနေကျဆိုတော့ စာအုပ်ဖွင့်ထုံးစံအတိုင်း ရှာရတာမြန်အောင် စာအုပ်ကို စာရွက်ရောင်စုံနဲ့ အညှန်းလုပ်ရတာပေါ့ စာအုပ်သုံးအုပ် လက်ရွေးစင်ရွေးပေါ့ စာအုပ်ထဲလည်း အဝါတွေ အစိမ်းတွေ ဆေးသုတ်ထည့်လိုက်တာ စာအုပ်တောင်မလှန်ရဲဘူး နေကာမျက်မှန်တပ်ထားရမလိုပဲ။

ပထမဆုံးအကြိမ်အတွေ့အကြုံကတည်းက နပ်သွားပြီလေ ကိုယ့်ဟာကိုယ်စာမေးပွဲထဲကျမှ ရှာမယ်ဆိုရင် ကြာနေမှာဆိုတော့ စာအုပ်ကိုရောင်စုံ လုပ်ထည့်လိုက်တာပေါ့။ ဆရာကလည်း သင်ထားတာကနည်းနည်း ဖတ်စရာအပိုစာတမ်းတွေကပေးထားတယ်။ ကြည့်တော့သိပ်မထင်ရဘူး အကုန်ပရင့်ထုတ်လိုက်တော့ ကျောကပ်ထုတ်တာကို အရွက် ၈၀ဝ ရှိနေလို့မျက်လုံးပြူးရတယ်။ စာအုပ်ကို ရောင်စုံသုတ်ရုံတင်မကဘူး နောက်ပြီး စာရွက်အမှိုက်ပုံလိုဟာကြီးကိုပါ တစ်ခါဖတ်ရပြန်တယ်။ ကြာတော့ အကြောင်းအရာတစ်ခုက စာရွက်ထုတ်ထဲပါတာလား စာအုပ်တွေ အထဲပါတာလားတောင် ရောကုန်လို့လန့်နေရတယ်။ နေ့မအားညမအား ဘလော့မရေးပဲ စာအုပ်ဆေးသုတ်လိုက်ရတာက ရ ရက်နဲ့ ရ ည။

စာမေးပွဲခန်းရှေ့ရောက်တော့ တရုတ်၊ ကုလား လူမျိုးပေါင်းစုံ စာအုပ်တွေ၊ ဖိုင်တွေနဲ့ လက်နက်အပြည့်အစုံနဲ့ သူ့ကိုယ်ကြည့် ကိုယ့်သူကြည့်ပေါ့ ဘယ်သူလက်နက် ပစ္စည်းများသလဲပေါ့ အရင်စာမေးပွဲတွေလည်း ဒီလိုပဲလေ စာအုပ်ပေါင်းစုံကစာတွေကို အကိုးအကားပြုရေးတာကိုး စာအုပ်များရင်များသလို ကိုးကားတာကောင်းရင် ကောင်းသလိုအမှတ်ပေးတာကိုး။

စာမေးပွဲလည်းစရော မေးခွန်းကြည့်လိုက်တော့ မေးခွန်းကသုံးပုဒ်ဖြေပါတဲ့။ အထဲကစာတွေကြည့်လိုက်တော့ ပထမတစ်ပုဒ်က အပြင်မှာ တစ်ကယ်ဖြစ်ပျက်သွားတဲ့ အကြောင်းအရာတွေကို သတင်းဆောင်းပါးလေးတွေ ၁ဝ ခုပါတယ်။ အဲ့ဒါတွေကိုဖတ်ပြီးတော့ သင်ထားတဲ့စာတွေထဲကနေ အမျိုးအစားခွဲခိုင်းတယ် ကောင်းကျိုးဆိုးကျိုးတွေ မေးပါရောလား။ ဘာစာအုပ်မှလှန်စရာမလိုဘူး မေးခွန်းထဲမှာ အဖြေပါနေပြီးသား သုံးသပ်ချက်တော့ ကောင်းကောင်းရေးပေတော့ပဲ။ နောက်တစ်ပုဒ်ရောက်တော့ စာသင်ခန်းထဲမှာ အပျော်တွက်ခိုင်းတဲ့ အပေါင်းအနှုတ်လောက်ပဲပါတဲ့စာတွေ ဟောဗျာဘာမှလည်း စာအုပ်မလိုသေးဘူး။ သူလည်းဒီလိုပဲ နောက်ဆုံးတော့ သုံးသပ်ချက်ရေးခိုင်းတယ်။ သြော်နောက်ဆုံးတစ်ပုဒ်တော့ စာအုပ်ပေါင်းစုံလှန်မယ် အားတင်းလိုက်မှ ပိုဆိုးသွားတယ် အကုန်လုံးတန်းစီမြောက်လိုက် အဖြေထွက်ကရော။ ပြီးရင်တော့ ထွက်လာတဲ့ အဖြေအပေါ်မှာ သုံးသပ်ချက်တော့ ရေးပေတော့ပဲ။ ဖြေသာပြီးသွားတယ် ကြောက်စရာကောင်းလောက်တဲ့ စာအုပ်အပုံကြီး ထိကိုမထိလိုက်ရဘူး။

စာမေးပွဲသာပြီးလို့ အပြင်ထွက်လာတယ် ကိုယ့်ကိုကိုယ် စာမေးပွဲလာဖြေတာလား လက်ချာလာတက်နေတာလားတောင် ပြန်စဥ်းစားယူရတယ်။ အပြင်ထွက်ပြီးတော့ မပြန်ခင် စာသင်ခန်းပါတ်လိုက်တော့ ပရော်ဖက်ဆာကို တွေ့ပါရောလား။ သူကလည်း စာအုပ်ထုတ်ကြီးနဲ့ ကျွန်တော့်မြင်တော့ တော်တော်သဘောကျတယ်ထင်တယ် စာအုပ်မဖွင့်လိုက်ရဘူးမဟုတ်လားတဲ့ လှမ်းမေးတယ်။ လူကလည်း ဖြေနိုင်ပေမယ့် အပင်ပန်းခံဖတ်ထားပြီး ဘာမှအသုံးမကျတဲ့ စာအုပ်တွေဖြစ်သွားတာကို မကြည့်တာနဲ့ ဟုတ်လို့ ပြောလှတ်လိုက်တော့။

ငါကဖတ်စေချင်တာ တစ်ခုပဲရှိပါတယ်တဲ့ ဖတ်လိုက်ရင် မင်းတို့အတွေ့အကြုံတွေရသွားမယ် မဖတ်လိုက်ရင် မင်းတို့ဘာမှ တတ်မှာမဟုတ်ဘူးတဲ့။ စာမေးပွဲကို ငါကလက်ချာတစ်ချိန်လို့ပဲ သဘောထားတာပါတဲ့ ဒါကြောင့် လက်ချာတက်ရင်း ပင်ပန်းသလောက်မေးခွန်းပဲ ငါမေးတာပါတဲ့။ နောက်ပြီးတော့ ငါသင်တာက Software Testing ဆိုတော့ ဒါလည်းစမ်းသပ်တာပဲတဲ့ လူအာရုံစိုက်ထားတဲ့ အပိုင်းကို သိပ်စစ်စရာမလိုဘူ

16 thoughts on “စာအုပ်ဖွင့်သလား စာအုပ်ပိတ်သလား ဘာမှန်းကိုမသိပါ

  1. ပြီးသွားတော့လဲ အေးတာဘဲဗျာ။ နက်ဖြန်မှဖြေရမှာလားလို့ ခုတော့ ပြီးသွားပြီပေါ့။ ဖြေနိုင်တယ်ဆိုလို့ ဝမ်းသာရပါတယ်။ (ရင်ထဲကစကားပါ ….. ဟမ်!)

  2. ဆေးသုပ်ဖို့ လူလိုသေးလား။ ဒီမှာ part time အလုပ်ရှာနေလို့။ ဟိဟိ
    စတာနော် အကိုရေ… စာမေးပွဲ ဖြေနိုင်တယ်မလား။
    အောင်မြင်ပါစေနော်……

    ခင်တဲ့
    ရောင်ပြန်

  3. ဖြေနိုင်တယ် ဆိုလို့ ဝမ်းသာပါတယ် ကိုလူပျိုရေ

  4. ဟိုတစ်နေ့က Open Book သွားဖြေတယ်။ ဆရာက မေးထားတာ Calculation ပိုင်းကို ဂဏန်းတောင် ပြောင်းမထားတာနဲ့ Calculator တောင် မနှိပ်လိုက်ရဘူး။ သီအိုရီပိုင်းတော့ ထုံးစံအတိုင်း ဟိုလှန်ဒီလှန် ဟိုကူးဒီကူးပေါ့။ ကူးရတာ အချိန်တောင် မလောက်ဘူး။ :D

  5. စာမေးပွဲဖြေနီုင်တယ်ဆိုတော့ ကျနော်လည်းဝမ်းသာပါတယ်…

  6. လာပြီးအားပေးကြတဲ့အတွက် ဝမ်းသာပါတယ် ကျေးဇူးလည်းတင်ပါတယ်ဗျာ။ စာအုပ်ဖွင့်တွေပြီးရင် နောက်ထပ် စာအုပ်ပိတ် တစ်ခုကျန်နေသေးတယ် မတတ်နိုင်ဘူး အသားကုန်ကြဲရဦးမှာပဲ :D

  7. စာအုပ်ပိတ်တော့ လူပျိုကြီးက ပိုင်ပါတယ်။ တစ်သက်လုံး ကြက်စာလားတာ အဲလေ ကျက်ဖြေစားလာတာ။

    သိပ်သိပ်ခင်တဲ့
    ဒီဘီ…. :P

  8. လူပျိုကြီးရေ..
    ဒီက စာမေးပွဲက ဂလိုကြီးကိုး

    good luck for စာအုပ်ပိတ်ပါဗျာ..

  9. ကျွန်တော် ပြောသားပဲ အဲဒါတွေ ဆေးသုတ်လည်း ဖတ်ဖို့ အချိန် မရပါဘူးလို့။
    ကျွန်တော် တော့ ခံရတာများလို့ရိုးနေပြီ။
    သူများတွေ စာအုပ်တွေယူချင်ရာယူ ကျွန်တော်တော့ summary ထုတ်ထားတဲ့ စာရွက်ပဲယူတယ်။
    ဒါတောင် formula တွေ ကျက်ရပျင်းလို့။
    ဘာပဲဖြစ်ဖြစ် ပြီးတော့လည်းပြီးသွားတာပါပဲ။ အောင်တာတော့ သေချာပါတယ်။

  10. ကဲ ဝါးတီး ဘယ်မှာတုန်း။ တပုဒ်လုံး ဖတ်လိုက်တာ သူဖြေနိုင်ဒယ် ဆိုတာ တွေ့လိုက်ရတယ်….
    အောင်ပွဲခံ ဝါးတီး…………………………..

  11. စာမေးပွဲပြီးမှ ချက်ကွေးမယ် PM ရယ် အိမ်လာခဲ့ အပြင်မှာစားတာထက် ကောင်းစေရမယ်။ ဘာစားချင်သလဲပြော ချက်ပေးမယ် မယ့်မရှိနဲ့

  12. အူးလူပျူကြီး……..စာရွက်တွေ ဆေးသုတ်မနေနဲ့တော့ဗျာ ပင်ပန်းတယ်….. စားသောက်ဆိုင် ဖွင့်ရောင်းရအောင်.. .. ရှယ် ယာလေ…………မကောင်းဘူးလား…အေးဆေးပဲ..ပိုင်ပြီးသားတွေဆိုတော့….

  13. ဟားဟား…
    တော်သေးတာပေါ့…
    ကျွန်တော့်လို အောက်ပါတို့ကို တစ်နေကုန် မဖြေလိုက်ရဘူးပေါ့….

  14. Hi Bro,
    I got grade A in every subject except for open book exam. For the first time, I thought it was so easy, just copy it, but in the exam room I couldn't find the suitable pages. Anyway, i hate all type of exam. :)

  15. ဘာ စာမေးပွဲဖြေလို့ ဘယ်ကျောင်းတက်နေတာလဲ ဗျာ။ မသိသေးသူမို့ နည်းနည်းလောက် ဟင့်(hint) ပေးပါလား ။ ဖြစ်နိုင်မယ်ဆိုရင် ..။

Leave a Reply

Your email address will not be published. Required fields are marked *

*

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong> <pre lang="" line="" escaped="" highlight="">