အတွေ့ချင်ဆုံးလူဆယ်ယောက်

အစ်မကောင်းကင်ပြာက Tag လုပ်ထားတဲ့အတွက် လျောက်ပြီးရေးထားပါတယ်။ လူဆယ်ယောက်ကလည်း မနည်းစဥ်းစားရတယ်။ ကျွန်တော့်လိုဝဋ်မလည်စေချင်လို့ ဘလော့ပေါ်ကလူတွေကို ထည့်မရေးပါဘူး။ အတွေ့ချင်ဆုံးဆယ်ယောက် သံသရာက မဆုံးနိုင်ဖြစ်သွားမယ် ဒါကြောင့် အပြင်ကလူတွေကိုပဲ ရေးထားပါတယ်။

ပထမဆုံးအတွေ့ချင်ဆုံးကတော့ ကျွန်တော့်ရဲ့မာမီပါပဲဗျာ။ ဒါကတော့ ပြောစရာကိုမလိုပါဘူး။ ဟိုတစ်နေ့ကတော့ ကျွန်တော် အခုကျောင်းပိတ်ရက် ပြန်မလာနိုင်ဘူး ပြောလို့တောင် ငိုနေတယ်ပြောတယ်။ အခုအချိန်အထိ ကျွန်တော့်ကို ကလေးလို့ပဲ သူ့စိတ်ထဲမှာ ထင်နေတာပါ။ ဖုန်းဆက်ရင် ဆေးသောက်ရဲ့လား အစားမှန်မှန်စားရဲ့လား ဒါပဲအမြဲမေးပါတယ်။ လူကြုံတိုင်း ဆေးတွေထည့်ပေးလွန်းလို့ မထည့်ပေးပါနဲ့တော့ ရောဂါသည်လည်း မဟုတ်ပါဘူးပြောယူရတယ်။

ဒုတိယတစ်ယောက်ကတော့ ကျွန်တော်ညီမလေးပါ။ အသက်ကလည်း ရ နှစ်လောက်ကွာပါတယ်။ အင်မတန်လည်းဆိုးပါတယ်။ အဖေကဘယ်တော့မှ မလုပ်ရဘူးဆိုတာ ဘယ်တော့မှမပြောပါဘူး။ ဘာကြောင့် မလုပ်သင့်ကြောင်း အကျိုးသင့် အကြောင်းသင့် အမြဲပြောပြ ရှင်းပြပြီးမှ လုပ်ချင်သေးရင်လုပ်လို့ပဲ ပြောလေ့ရှိပါတယ်။ ကျွန်တော့် ညီမကတော့ ဘယ်လောက်ဆုံးမဆုံးမ မရပါဘူး လုပ်မယ်ဆိုတာပဲ ပြောပါတယ်။ ကျွန်တော်ကသူ့ကို ညီမလေးလို့ အင်မတန်ခေါ်စေချင်ပါတယ်။ ဒါပေမယ့်ကျွန်တော်က နာမည်ပဲခေါ်ပါတယ်။ သူသဘောပေါက်တာက ကျွန်တော်နာမည်ခေါ်နေရင် သူခိုင်းချင်တာခိုင်းလို့ ရနေတယ်လို့ သူသိပါတယ်။ ညီမလေးလို့ ခေါ်ရင်တော့ သူ့ကိုအင်မတန် စိတ်ဆိုးပြီဆိုတာ သိပါပြီ ဒီအချိန်ဆိုရင်တော့ ပြေသမျ ဟုတ်ကဲ့ပဲပြောတယ် ပြီးမှသာ လုပ်ချင်ရာလုပ်ပါတယ်။

တတိယတစ်ယောက်ကတော့ ကျွန်တော့်အဖေရဲ့အစ်ကိုပါ။ ကျွန်တော့် အဖေထက် အသက် ၂ဝ ကြီးပါတယ်။ ပြောရမယ်ဆိုရင်တော့ အင်မတန်တော်တဲ့လူကြီးပါ ဆယ်တန်းစာမေးပွဲဆိုတာ တစ်နိုင်ငံလုံးမှာ သတင်းစာစာမျက်နှာ တစ်ဝက်ပဲအောင်တဲ့ခေတ်မှာ သူက ဂုဏ်ထူး ၃ ဘာသာနဲ့ ဂုဏ်ထူးသိန်းနိုင်ရဲ့ Private ကျောင်းကနေအောင်ပါတယ်။ ကျွန်တော် ဆယ်တန်းအောင်တဲ့ အရွယ်ရောက်တော့ သူ့သားသမီးတွေက အိမ်ထောင်တွေကျကုန်လို့ သူ့နားမှာ ဘယ်သူမှ မရှိတော့ပါဘူး။ ဒီတော့ ကျွန်တော်ရောက်ရင် သူလည်း ကလေးတစ်ယောက် ကောက်ရသလိုဖြစ်လို့ ရောက်နေရင် ပျော်နေတာပါ။ ထမင်းဟင်းလည်း သူကိုယ်တိုင်ပဲ ချက်ပါတယ် သူ့ကောင်းမှု့နဲ့ ကျွန်တော်လည်း ငယ်ငယ်ကတည်းက ချက်တတ်သွားတာပါပဲ။ ညကျရင်တော့ တူအရီးနှစ်ယောက် ဖဲရိုက်ပါတယ်။ ရိုက်တာကတော့ Hollywood အမြဲရိုက်ပါတယ် ကျွန်တော်ဘယ်တော့မှလည်း မနိုင်ပါဘူး။ သူက မှတ်ဥာဏ်ကောင်းလွန်းတော့ ကျွန်တော့်လက်ထဲမှာ ဘယ်ဖဲပါသွားတယ်က အစမှတ်မိနေတယ် ကျွန်တော်ခင်းမရအောင် သူကအမြဲကိုင်ထားတော့ မနိုင်တာများပါတယ်။

စတုတ္ထတစ်ယောက်ကတော့ ကျွန်တော့်အဖေရဲ့ တက္ကသိုလ်တုံးကဆရာပါ အရင်ကတော့ သစ်တောမင်းကြီးလုပ်သွားပါတယ်။ သူကတော့ အင်မတန်မှ ဂွတီးဂွကျ နိုင်ပါတယ်။ သူကတစ်ဌာနလုံးကလူတွေနဲ့ ဘယ်သူနဲ့မှမတည့်ပါဘူး။ စိတ်ထဲရှိတဲ့အတိုင်း ပြောလှတ်ပါတယ် မြင်တဲ့အတိုင်း ဟုတ်တိုင်းမှန်ရာ ပြောနေတော့ ဘယ်သူကမှ မတည့်ပါဘူး။ သူအရေးပိုင်ဘဝတုံးက သူ့အလုပ်စားပွဲမှာ မျဥ်းလုံးကိုမျဥ်းသားရန်မဟုတ် ရန်ဖြစ်လျင်ရိုက်ရန်လို့ ရေးထားပါတယ်။ တရုတ်ဆိုလျင်သူ တော်တော်အမြင်မတည့်ပါဘူး။ ဒါပေမယ့် သူ့အမျိုးသမီးက တရုတ်စစ်စစ်ကြီးပါ လုံးဝရေမရောဘူး။ ကျွန်တော်ကတော့ သူနဲ့တော်တော်လေး ဓာတ်တည့်ပါတယ် ဘယ်သူနဲ့မှ မတည့်တဲ့လူချင်းများ တူနေလို့လားမသိပါဘူး။ သူ့အိမ်မှာက စာကြည့်တိုက်အကြီးကြီးရှိပါတယ် ကျွန်တော် ခေတ်မြန်မာတည်ဟန် ကိုသူ့ဆီကနေ တောင်းထားဖူးပါတယ်။ အဲ့ဒီအချိန်ကတော့ ဒီစာအုပ်ဟာ အင်မတန်ရှားပါတယ်။ အခုတ

21 thoughts on “အတွေ့ချင်ဆုံးလူဆယ်ယောက်

  1. ကြည့် လူဇိုး၊ ဒူလဲပြော ဒသမ က ၊ဟိုနေ့ က ဆွဲထားတဲ့ မကြီးမငယ် အပျိုကြီးပဲ ဖြစ်ရမယ်၊ ကဲ ဘယ်လိုပဲ ရေးရေး ရေးပေးတာ ကျေးဇူးတင်ပါတယ်၊ ကိုလူပျို တွေ့ ချင်သူတွေနဲ့ လဲ တွေနိုင်ပါစေ

  2. ဒဿမ ရောက်မှ အစက်တွေ လိုက်ကြည့်တာ.. ကုလားထိုင်ပေါ်ကနေ ချောတောင်ကျတယ်။…. မျော့..အဲ…မျော်နေမယ်နော်.. ဟီ… :p

  3. ဂုဏ်ထူး ဦးသိန်းနိုင်ဆိုလို့….ကျွန်တော့််ဆရာကြီးပြောပြတာ အမှတ်ရတယ်။
    ဂုဏ်ထူး ဦးသိန်းနိုင် ဆယ်တန်းဖြေတုန်းက လက်ရေးလေးတွေ ဝိုင်းစက်၊ ဖျက်ရာမပါ၊ ဖြေတာလည်း စနစ်ကျ၊ စာရေးကလည်း ကောင်းဆိုတော့ စာစစ်သူများက အမှတ် ၉ဝ ကျော် ၉၉ မှတ် လား ပေးတယ်တဲ့။

    ဒါနဲ့ စာစစ် ဘုတ်အဖွဲ့က စာစစ်သူပါမောက္ခ ကို ထုချေလှာတင်ခိုင်းတယ်။
    ဘာ့ကြောင့် ဒီလောက် ထိအမှတ်ပေးရသလဲပေါ့။
    ပြန်ဖြေတာက… ၁၀ဝ ပေးလို့မသင့်လို့ ၉၉မှတ်ပဲပေးထားတာပေါ့တဲ့။

    ကျွန်တော်တော့ အဲသလိုကြားဖူးတာပဲ။ ဆရာဦးသိန်းနိုင်ကို မမြင်ဖူးပေမယ့် အဲဒီကတည်းက လေးစားသွားရော။

  4. နောက်ဆုံးတစ်ယောက် က ကျွန်တော်သိတယ်နော် .. ငှဲငှဲ။

  5. နောက်ဆုံးတစ်ယောက်က လမ်း ၂ဝ မှာ တုတ်ထိုးရောင်းပါတယ်။

  6. နောက်ဆုံးတစ်ယောက်ကိုအရမ်းသိချင်တယ်.. .. ကျနောုံအမလားဟင်.. ???? :P

  7. မောင်ပြုံးအမက လမ်း 20 မှာဒုတ်ထိုးရောင်းတယ်လား ။ ဟီးဟီး

  8. မောင်ပြုံး>> ဘာတွေလျောက်ပြောနေတာလဲ ကြားသွားရင် အားနာစရာဖြစ်မယ် ဒီကလေးနဲ့တော့ ခက်ပါတယ်။
    Div>> ကျွန်တော့် ညီမလေးကို ဘာပြောတာလဲ ဟွန်း ဟွန်း။

  9. ဟယ် လူပျိုကြီးတော့ ပရိုမိုးရှင်းနဲ့တွေ့ပြီ။ ရတုန်းဆွဲထားနော့ .. နောက်ဆို မသေချာဘူး .. ဟူးဟူုး

  10. ညီမဆိုတာက မိန်းခလေး အချင်းချင်း ကိုယ့်ထက်ငယ်သူကို ခေါ်တာတဲ့။ ယောကျာင်္းလေးက ခေါ်မယ်ဆိုရင် နှမလို့ခေါ်ရတယ်တဲ့။ လူပျိုကြီးက အခု ကျွန်တော့် ညီမလိူ့သုံးလိုက်တော့ လူပျိုကြီး ဘာဖြစ်သွားမလဲ ဟေးဟေး … ပျော်ထှာ

  11. ကြည့်ရတာ လူထုအဒေါ်အမာရဲ့ အမေ့ရှေးစကားကိုများ ဘေးချပြီးရေးနေသလား မသိဘူး။

  12. အကိုကြီး…:-D :-D …. နောက်ဆုုံးတစ်ယောက်ပြောဦးလေ အကိုကြီးရ…..:-D (ခုမှဘဲ ခေါ်ရတာ ပိုလေးနက်တယ် အကိုကြီးရေ) ဟိုနေ့က ပုုံကိုလည်း ပြန်ဖြေဦးလေဗျာ…… ဘယ်သူလဲ… မိန်းမကြီးလား/ငယ် လား ဆိုတာ ပြောဦးလေ.ဗျာ..

  13. ကိုလူပျိုသိတယ်. ကျနောုံအစ်မကို.. (ချစ်လို့စတယ်မှတ်.. ကိုဒီဘီ့စကား.. ) :P

  14. လူကြီးကြည့်ရတာ ရိုးမလိုလိုနဲ့ . . . ဒါနဲ့များလူပျိုကြီးတဲ့
    ကြီးမှ ဝက်တုပ်ကွေးဖြစ်ချင်နေတာ အဲယောင်လို့ ဝက်သက်ပေါက်ချင်နေတာ . . :P

  15. Div ပြောတာကိုပဲ ရီလိုက်မိတယ်။ နောက်ပြီး သေသွားတဲ့သူတွေကို တွေ့လို့မှ ရတော့ပဲလေ… ဘာပဲ ဖြစ်ဖြစ် ခင်မင်မိပါကြောင်း

  16. ဒဿမမြောက်တစ်ယောက်ကတော့….အင်း ဒဿမမြောက်တစ်ယောက်ကတော့……….. တစ်ယောက်ယောက်တော့ တယောက်ယောက်ပဲပေါ့လေ :P

  17. သိုင်းလောကစိတ်ခေါ်သံ မဟုဟ်ပါဘူး
    သိုင်းလောကရဲ့ စိန််ခေါ်သံ ပါ

  18. ကြည့်ရတာ လူထုအဒေါ်အမာရဲ့ အမေ့ရှေးစကားကိုများ ဘေးချပြီးရေးနေသလား မသိဘူး။

Leave a Reply

Your email address will not be published. Required fields are marked *

*

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong> <pre lang="" line="" escaped="" highlight="">