ဖြေလိုက်ရတဲ့စာမေးပွဲ ကြာရင်ကိုယ့်ကိုကိုယ် စာမေးပွဲများ ဖြေစားနေသလား တစ်ခါတစ်လေထင်မိတယ်။ ဒီတစ်ခါတော့ စာအုပ်ဖွင့်စာမေးပွဲ။ အရင်လည်း စာအုပ်ဖွင့်ကဖြေနေကျဆိုတော့ စာအုပ်ဖွင့်ထုံးစံအတိုင်း ရှာရတာမြန်အောင် စာအုပ်ကို စာရွက်ရောင်စုံနဲ့ အညှန်းလုပ်ရတာပေါ့ စာအုပ်သုံးအုပ် လက်ရွေးစင်ရွေးပေါ့ စာအုပ်ထဲလည်း အဝါတွေ အစိမ်းတွေ ဆေးသုတ်ထည့်လိုက်တာ စာအုပ်တောင်မလှန်ရဲဘူး နေကာမျက်မှန်တပ်ထားရမလိုပဲ။
ပထမဆုံးအကြိမ်အတွေ့အကြုံကတည်းက နပ်သွားပြီလေ ကိုယ့်ဟာကိုယ်စာမေးပွဲထဲကျမှ ရှာမယ်ဆိုရင် ကြာနေမှာဆိုတော့ စာအုပ်ကိုရောင်စုံ လုပ်ထည့်လိုက်တာပေါ့။ ဆရာကလည်း သင်ထားတာကနည်းနည်း ဖတ်စရာအပိုစာတမ်းတွေကပေးထားတယ်။ ကြည့်တော့သိပ်မထင်ရဘူး အကုန်ပရင့်ထုတ်လိုက်တော့ ကျောကပ်ထုတ်တာကို အရွက် ၈၀ဝ ရှိနေလို့မျက်လုံးပြူးရတယ်။ စာအုပ်ကို ရောင်စုံသုတ်ရုံတင်မကဘူး နောက်ပြီး စာရွက်အမှိုက်ပုံလိုဟာကြီးကိုပါ တစ်ခါဖတ်ရပြန်တယ်။ ကြာတော့ အကြောင်းအရာတစ်ခုက စာရွက်ထုတ်ထဲပါတာလား စာအုပ်တွေ အထဲပါတာလားတောင် ရောကုန်လို့လန့်နေရတယ်။ နေ့မအားညမအား ဘလော့မရေးပဲ စာအုပ်ဆေးသုတ်လိုက်ရတာက ရ ရက်နဲ့ ရ ည။
Continue reading
