ကျောင်းတော်ကြီးသို့အလွမ်း ( ၆ )

အခန်း(၅)

ကွန်ပျူတာ တက္ကသိုလ် ကျောင်းဝင်းအတွင်းရှိ ဘိုးဘိုးကြီးနတ်နန်းတွင် ကွန်ပျူတာ တက္ကသိုလ်တွင် ဂျူတီကျသော ဘိုးဘိုးကြီးသည် ၄င်း၏ ကိုယ်ရေးအရာရှိ တင်ပြသော အပါတ်စဥ် ကွန်ပျူတာ တက္ကသိုလ်အတွင်း ဖြစ်ပွားသော မှတ်တမ်းအား ဖတ်ရှု့ဆွေးနွေး နေသည်။

ဘိုးဘိုးကြီး။ ။ အိမ်း… ဒီတစ်ပါတ်အတွင်း ဘာတွေများ ထူးခြားသေးသလဲဟဲ့ ထူးခြားဖြစ်စဥ်လေးများ တင်ပြပါဦးဟဲ့။
ကိုယ်ရေးအရာရှိ။ ။ ဒီတစ်ပါတ်တော့ ဘာမှမထူးခြားပါဘူး ကျွန်တော်တောင် ဘာမှမထူးလို့ အတိတ်မကောက်တတ်လို့ ဘာထိုးရမှန်းမသိဖြစ်နေတာပဲ ဘိုးဘိုးရဲ့။
ဘိုးဘိုးကြီး။ ။ ဟဲ့… နင့်ကို အဲဒါမေးတာမဟုတ်ဘူး ကျောင်းထဲမှာ ကျောင်းသူ ကျောင်းသားတွေ ဘာတွေများ လိုအပ်တာရှိသလဲ မတော်မတည့် ဘာတွေလုပ်သလဲ မေးတာ။ ဘာမှ အတိတ်မကောက် တတ်လည်း ကိစ္စမရှိဘူး ကျောင်းသားတွေ ဟိုတစ်နေ့က သချင်္ာစုပြီး တွက်နေလို့ ကျုပ်တောင် အကောက်ဝင်ကောက်တာ အတန်းမှူးလာလို့ ပြေးကြတာ ကျုပ်တောင် ရောယောင်ပြီး ပြေးခဲ့ရသေးဗျား။
ကိုယ်ရေးအရာရှိ။ ။ နည်းနည်းထူးတာကတော့ စက်ခန်းထဲက အင်တာနက်ပါဘုရား သူများတွေ အပြင်မှာ 256 MBs လောက်နဲ့သုံးနေချိန်မှာ ကျွန်တော်တို့ကတော့ 100 MBs တောင် အနိုင်နိုင်ပါ ဘိုးဘိုးရယ် တစ်ခါတစ်လေများ အင်တာနက်သုံးနေတာလား တရားထိုင်နေတာ လားတောင် မှတ်ရပါတယ်။
ဘိုးဘိုးကြီး။ ။ ဒါကတော့ ဘိုးဘိုးလည်း မတတ်နိုင်ဘူးလေ ကျောင်းက VSAT ကိုက နှေးနေတာပဲဟာ ဘာမှလုပ်မရဘူး။
ကိုယ်ရေးအရာရှိ။ ။ နောက်ပြီးတော့ မိန်းကလေးတွေ အကုန်လောက်နီးနီးက chat.net ပေါ်ကနေ ရည်းစားတွေ ရကုန်ကြပြီဘိုးဘိုးရ ဒါကတော့ ကျွန်တော်နဲ့ တိုက်ရိုက်သက်ဆိုင်တယ်။
ဘိုးဘိုး။ ။ အိမ်း… ဒါကတော့ စက်ခန်းတာဝန်ခံ ကိုထူးနဲ့ဆိုင်တယ်ကွဲ့ သူကတစ်ခြားဟာသာ ဘန်းတာ chat.net ကသူလည်း ချက်နေတာဆိုတော့ မဘန်းထားဘူးကွဲ့။ မပူပါနဲ့ သူ့ကောင်မလေးနဲ့ ပြတ်သွားပါပြီ။ မယ့်ရင်သွားကြည့် မနက်ကတော့ chat.net လို့ရိုက်လိုက်တာ google.com ကိုဝင်သွားတယ်။ ဒို့ကျောင်းကတော့ ပုဂံကလည်းဘန်း ကိုထူးကလည်း ဘန်းတဲ့ ဘန်းနှစ်ထပ်ကွမ်းပါကွယ်။
ကိုယ်ရေးအရာရှိ။ ။ ယောက်ျားလေးတွေကတော့ မနက်မိုးလင်း ကျောင်းရောက်ကတည်းက စက်ခန်းထဲမှာ AOE အပြိုင်ဆော့ကြတယ် ဘိုးဘိုးရယ် ဒါလည်းရှင်းပေးပါဦး။
ဘိုးဘိုး။ ။ ဒါကတော့ မင်းငါ့ကို သက်သက်စော်ကားတာပဲ ရှင်းမပေးနိုင်ဘူး အဲဒါငါကိုယ်တိုင် ခေါင်းဆောင်ပြီး ဆော့နေတာ။ ဟိုဇာတ်ဆရာ နှစ်ကောင်အဆိုးဆုံးပဲ။ ငါလည်းနေ့တိုင်း ဒါလေးနဲ့ အပျင်းဖြေပြီး အပြိုင်ခုတ်ရတာပဲ။ နောက်များ ဒီစကားဟကြည့်စမ်း နင့်ကို အလုပ်ဖြုတ်မယ်။

ဒီအခန်းမှာတော့ အကုန်လုံး ကျောင်းသားတွေရော ဆရာမတွေရော ဝက်ဝက်ကိုကွဲတာပါပဲ။ အကုန်လုံးမမှတ်မိလို့ နည်းနည်းပဲရေးထားတယ်။ တစ်ယောက်မှမလွတ်ရဘူး အမှတ်စာရင်းတောင်းတာ ကြာတာကအစပါတယ်။ တစ်ကျောင်းလုံး ကျောင်းသား၊ ဆရာ၊ ဝန်ထမ်း၊ ကန်တင်း ပါမကျန် အမြင်မတော်တာ အကုန်လုံး ပျက်လုံးဖြစ်တော့တာပါပဲ။

ဆက်ရန်

5 thoughts on “ကျောင်းတော်ကြီးသို့အလွမ်း ( ၆ )

  1. ကောင်းပါသည်ပေါ့ … ပျက်တာဘဲဟာ။ တို့က ပျက်ရမှာဆိုသိပ်ကြိုက် … ။ နားပါဦးလေ။

  2. မသက်ဆိုင်သူများကတော့ ဒီအခန်းမှာ နည်းနည်း ပေါ့သွားပါမယ်။ ပွဲတုံးကတော့ အကောင်းဆုံးအခန်းပါ။

  3. ဟိုက် chat.net ဆိုတာကို မသိဘူးဗျ။ ခေတ်များ အနော် နောက်ကျခဲ့ပြီလားမသိ

  4. chat.net ဆိုတာ တစ်ခေတ်တစ်ခါက Browser Based Chat Room ပါ အခုတော့ ခေတ်မရှိတော့သလို chat room လည်းပျက်သွားပါပြီ

  5. ပျိုပျိုတော့ နေကောင်းကာစ ပင်ပန်းနေပီ၊ DD ပြောသလို နားပါဦး

Leave a Reply

Your email address will not be published. Required fields are marked *

*

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong> <pre lang="" line="" escaped="" highlight="">