တစ်ခါက ရွာတစ်ရွာမှာ လူတစ်ယောက် ရှိတယ်။ အဲဒီလူက သူများနဲ့မတူပဲ ဘာဖြစ်ချင်တာလဲဆိုတော့ ငရဲကြီးချင်တာ။ ရောက်ချင်တာမှ ဘယ်ငရဲကိုရောက်ချင်လဲဆိုတော့ အဆင့်မြင့်မြင့်ပဲ ငရဲပြည် အောက်ဆုံး အထပ်ကို ရောက်ချင်တာတဲ့။ ဒါနဲ့ ရွာဦးကျောင်းက ဘုန်းကြီးကိုသွား လျောက်တယ် အရှင်ဘုရား တပည့်တော်ကို ငရဲဲကြီးစေမယ့် တရားလေးများ ရှိရင်ဟောပါဘုရားဆိုတော့ ဘုန်းကြီးကလည်း ငါ့က ငရဲမကြီးတဲ့ တရားပဲ ဟောတတ်တယ်လေ ငရဲကြီးစေမယ့် တရားတော့ မဟောတတ်ဘူး ပြောလှတ်လိုက်ရော။ ဒါနဲ့ ကြုံရာလူလိုက်မေးတယ် တစ်ချို့ကလည်း သူများအသက် သတ်ရတယ်ဆိုတာနဲ့ အကုန်သတ်တယ်။ သူများပစ္စည်း ခိုးဆိုတော့လည်း ခိုးတာပဲ။ တိုတိုပြောရရင် အကုသိုလ် အလုပ်စုံလုပ်လိုက်တာ သေတော့ သူရောက်ချင်တဲ့ ငရဲပြည်အောက်ဆုံး အထပ်ကို ရောက်တော့တာပဲ။ ဖြစ်ချင်တော့ အောက်ဆုံးထပ်မှာ သူ့တစ်ယောက်တည်း။ သူအရောက်ချင်ဆုံးနေရာ ရောက်ပြီဆိုပြီး ပျော်လွန်းလို့ ခုန်ပေါက်ပြီး ကတော့တာပဲ။ သူကနေတုံး ကြမ်းပြင်ကို အောက်ကနေ တုတ်နဲ့ ဒုန်းဒုန်း ဆိုပြီးလှမ်းထိုးတယ်တဲ့။ ဒါနဲ့ ဘယ်နှယ် အောက်ဆုံးထပ်ရောက်နေတာ ဘယ်သူများ ကြမ်းတုတ်နဲ့ထိုးသလဲဆိုပြီး အောက်ကဘယ်သူလဲ မေးလိုက်တော့ အောက်က ပြန်ပြောသံကြားရတာက
” ဟေ့… အပေါ်ကကောင် သိပ်မဆူနဲ့ ဒို့ဘုရားဂေါပကတွေ မြေတိုက်ခန်းထဲမှာ အစည်းအဝေးထိုင်နေတယ် “
ဟမ် .. ဒီနေ့ဘဲ ဘုန်းကြီးကျောင်း ခေါ်သွားမိပါတယ် .. ပြောစရာ ရနေပြီပေါ့။ အင်း … စဥ်းစားသွားတယ်။
ပျိုပျိုနော် အဲဒါတွေလျောက်မရေးနဲ့
နိုင်ငံရေးတွေ ပါလာပြီ….
ဟဟဟ…ဂေါပက က အောက်ဆုံးထပ်ဖြစ်နေပါရောလား
ရီရတယ်။
အဲဒါ ဒုတိယအောက်ဆုံးထပ်ဖြစ်မယ်
ဒါလေးကို အရမ်းကြိုက်တယ် ဦးလူပျို…… အင်း လူပျိုကြီးတွေး တွေးတတ်၊ ရေးတတ်ဖို့ ဆိုတာကလည်း လူပျိုကြီး နက္ခတ် နဲ့ ယှဥ်မွေးမှ ရတာကိုးဗျ… နော့….. တော်တော်လက်ပေါက်ကပ်တာတွေ တွေးတတ်ရေးတတ်ပါ့ဗျာ
ဟားဟားဟား
း) ဂွတ်တယ်
း)