အသက်အရွယ်နဲ့တော့မဆိုင်ဘူး

ညအမှောင်က တိတ်ဆိတ်နေသည် သို့သော် ဧည့်ခန်းမီးကား လင်းနေဆဲ။ ရှေးဟောင်း တိုင်ကပ်နာရီမှ ”ဒေါင်… ဒေါင်” မြည်သံက ၁၂ ခါထွက်ပေါ်လာသည်။ သို့သော် မအိပ်နိုင်သေးသူကား အသက် ၅ဝ နှစ်ခန့်အရွယ် လူတစ်ယောက် ဧည့်ခန်းထဲတွင် ခေါက်တုံ့ခေါက်ပြန် လမ်းလျောက်နေသည်။

”တောက်… ၁၂ နာရီတောင်ထိုးပြီ ဟိုအကောင် ပြန်မရောက်သေးဘူး တစ်ရက်လည်းမဟုတ် နှစ်ရက်လည်းမဟုတ် ဒီနေ့တော့လား ပြန်လာပစေဦး နောက်နေ့ အပြင်မထွက်နိုင်အောင်ကို ဆုံးမထားမှဖြစ်မယ်”

ထိုစဥ် ဧည့်ခန်းဘေး ကပ်လျက်အခန်းတစ်ခုမှ အဘိုးအိုတစ်ယောက် ထွက်လာသည်။

”ဟင်… သားဒီအချိန်ကြီးအထိ ဘာလုပ်နေတာလဲ မအိပ်သေးဘူးလား အဖေတောင် တစ်ရေးနိုးပြီကွဲ့”

”ဘာဖြစ်ရမလဲ အဖေရယ် အဖေ့မြေးပေါ့ ဒီအချိန်အထိ ပြန်မလာသေးဘူးလေ အသက်လည်း ၂ဝ ကျော်နေပြီ ဒီအချိန်အထိ ဖအေဖြစ်သူက မျော်နေရတာ မဟုတ်သေးဘူး ဒီအရွယ်ရောက်တာတောင် အခုထက်ထိ မသိတတ်သေးဘူး အဖေရ”

”ဟေ… အသက်နဲ့တော့ မဆိုင်ပါဘူးသားရယ် မိဘဆိုတော့ ဒီလိုပဲပေါ့ ဒါနဲ့ မင်းအသက် ဘယ်လောက် ရှိပြီလဲ”

”ဘာဖြစ်လို့လဲ အဖေ ကျွန်တော် ဒီနှစ်ဆို ၅ဝ ပြည့်ပြီပေါ့ဗျ အဖေကလည်း သိရဲ့မေးနေပြန်ပြီ”

”အေး… မင်းသား အသက် ၂ဝ မပြောနဲ့ မင်း အသက် ၅ဝ အရွယ်တောင် ငါ့မှာ တစ်ခါတစ်လေ မင်းအပေါင်း အသင်းတွေနဲ့ ပါသွားလို့ နောက်ကျရင် မျော်နေရတုန်းပဲဆိုတာ မင်းလည်း မသိသေးဘူး မဟုတ်လား မင်းကားအိမ်ပေါက်ကို ရောက်လာတာ မြင်မှ ငါအမြဲအိပ်ပါတယ် ကဲကဲ… မင်းရှိရင် ပြီးတာပါပဲ ငါကစိတ်မချလို့ ထကြည့်တာ အဖေပြန်အိပ်တော့မယ်”

”ဟုတ်ကဲ့အဖေ အိပ်ပါတော့ ကျွန်တော်လည်း အဖေအခုအချိန်အထိ စိတ်မချဖြစ်နေမှာကို မသိလို့ပါ နောက်ကို နောက်မကျအောင် သတိထားပါ့မယ် အဖေ့မြေးကိုတော့ အဖေ့တာဝန်ကို လှဲယူတဲ့အနေနဲ့ ကျွန်တော်ဆက်စောင့် လိုက်ပါဦးမယ် အဖေ”

15 thoughts on “အသက်အရွယ်နဲ့တော့မဆိုင်ဘူး

  1. လူပျိုကြီးလဲ မျော်ကောင်းတုန်း ထင်တယ် ဟိဟိ။

  2. ကျွန်တော်လည်း ကျွန်တော့် သမီးကို ခုထက်ထိ စောင့်စရာ မလိုသေးဘူးဗျ …

  3. ကိုလူပျိုကြီးရေ..
    အဆင့်တွေ မကျော်ပါနဲ့။ စောင့်လို့ရတဲ့ ကလေးရှိအောင် မိန်းမ အရင်ယူပါရန်..
    :D
    P.S ရေးတာတခြား မန့်တာတလွဲ မထင်စေလိုပါ။ စချင်လို့သာ။ စာရဲ့ဆိုလိုရင်းကိုလည်း သေချာဖတ်သွားပါ၏။

  4. ကိုလူပျိုလဲ သူများတွေကို အားကျလို့ ထင်၏ :)

  5. အင်း ဟုတ်ပ၊ ကျွန်တော် တစ်ခါကတွေ့ဘူးတာ အဖွားကြီးက လုံမလေးရေ ဒီကဧည့်သည်လေးတွေကို ဧည့်ခံပေးပါဦးကွယ် ဆိုလို့ ထွက်လာတော့ အသက် ၆ဝ ဆယ်နီးပါး အန်တီကြီး ဖြစ်နေပါလေရော။ အဖွားကြီးကတော့ အသက်၈ဝကျော်ပြီဗျ။ လုံမလေးဆိုလို့ ဘေးကသူငယ်ချင်း မျက်လုံးတွေ အရောင်လက်သွားတာ မြင်ယောင်မိတိုင်း…. ရီချင်တယ်ဗျာ။ ဟားဟား။ မိဘဆိုတာကတော့ ကိုယ့်သားသမီး ကို အမြဲကလေးလို မြင်တတ်ကြာတာပါပဲ လို့ထင်ရှားစေခဲ့တာပေါ့။း

  6. ဟယ်… လူပျိုကြီးက ၅ဝ ရှိပြီလား… နောက်ကို ဦးတပ်ခေါ်ပါ့မယ်နော်… :D

  7. sin dan lar@ ရပါတယ် ဒါပေမယ့် ကိုယ်ထက်ကြီးတဲ့လူက ခေါ်လို့မရဘူးလေ :P

  8. သီဟသစ် @ ပြောပေ့ါလေ သူက ပြောအားရှိနေပြီကိုး :P

  9. မောင်ဥပေက္ခာ@ ဥပစ်ခါ ကလေးက ဘယ်အရွယ်ရှိသေးလို့လဲ :P

  10. ဒါတွေသိလို့ လူပြိုကြီး ဖြစ်နေတာဖြစ်မယ်

  11. ဟယ်… လူပျိုကြီးက ၅ဝ ရှိပြီလား… နောက်ကို ဦးတပ်ခေါ်ပါ့မယ်နော်… :D

Leave a Reply

Your email address will not be published. Required fields are marked *

*

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong> <pre lang="" line="" escaped="" highlight="">