ငယ်ငယ်ကတော့ လူပျိုကြီးဆိုတဲ့လူက အင်မတန်ဆော့တယ်ဆိုပြီး နာမည်အလွန်ကြီးပါတယ်။ ကိုယ်တင်မကဘူး သူများကလေးတွေလည်း ဆော့အောင် အဖော်စပ်တတ်တယ်။ လူပျိုကြီးနဲ့ ပေါင်းလို့ကြံကြံဖန်ဖန် ဆော့တတ်သွားတာကို တစ်ချို့က ကလေးတွေဆိုးသွားတယ်လို့ အမြင်လည်း မှားတတ်ပါတယ်။ သူတို့ကလေးက လူပျိုကြီအိမ်လာမှတော့ လူပျိုကြီးက ဆော့ရင်းဧည့်ခံဖို့တာဝန်ရှိတယ်လေ အတုမြင်အတတ်သင် ကိုယ်အိမ်ပြန်ရောက်မှ လူပျိုကြီးကိုဆော့လို့ အရိုက်ခံရတာကတော့ လူပျိုကြီးတာဝန်မဟုတ်လို့ ထင်တာပဲ။
ကိုယ့်ဒယ်ဒီကို အားမနာတမ်း ပြောရမယ်ဆိုရင် သူလည်းမကြီးမငယ်နဲ့ ဆော့တာပဲ။ လူပျိုကြီးနဲ့ လာကစားတဲ့ကလေးတွေနဲ့ တစ်ခါတစ်လေ ပေသီးပစ်နေရင်တောင် သူကဝင်ပစ်ရင်ပစ်သေးတာ ပြီးတော့လူကြီး လက်တံရှည်ကြီးနဲ့ လုပ်ပြီးတော့ စည်းကခိုးသေးတယ်။ တစ်ခါတစ်လေများ ကလေးတွေနဲ့တောင် ရန်ဖြစ်သေးဗျာ။ တစ်ခုကောင်းတာက ကျွန်တော်ဘယ်လောက်ဆော့ဆော့ မတားဘူးဗျ။ မာမီကတားရင်တော့ စာအုပ်နဲ့ကိုင်ပေါက်လိုက်တယ် ဗမာ့စွယ်စုံကျမ်း ဘယ်အတွဲလည်း မှတ်မိတော့ဘူး။ ကလေးများ ဆော့ကစားခြင်းသည် ကျန်းမာရေးနှင့် ညီညွတ်၏ ဥာဏ်ကောင်းစေ၏ဆိုတာကို စာရွက်ကလေးညှပ်ပြီး မှတ်ထားတယ်။
အိမ်ရှေ့မှာလည်း ဆော့ရအောင်ဆိုပြီး ဝက်သစ်ချပင် အမြင့်ကြီးမှာ အုန်းဆံကြိုးအတုတ်ကြီးကို အပင်ပေါ်ကနေ တွဲလဲချထားတယ်ဗျာ။ စိတ်ကူးပေါက်တဲ့အချိန် သက်လုံကောင်းအောင်ဆိုပြီး အဲဒီ့ကြိုးကိုဆွဲပြီး တက်သေးတာ။ ကိုယ်လည်း သူ့ကစိတ်ကူးပေါက်တဲ့အချိန် တက်ခိုင်းသေးတာ စတက်ကာစကတော့ မသိဘူးလေ ကိုယ့်အားအကုန်သုံးပြီး ဆွဲတက်လိုက်တာ အပေါ်လည်ရောက်ရော ပြန်ဆင်းစရာ အားမရှိတော့ဘူး ပြန်အဆင်း လက်အံသေပြီး ပြုတ်ကျတာပါပဲ။ ဒယ်ဒီကမေးတယ် ကျိုးတော့မကျိုးဘူး မဟုတ်လားတဲ့။ အဲ့ဒီအကျင့်က အခုထက်ထိ ပါလာတယ် မယ့်ရင် အောက်မှာသာ ကြည့်ပါတော့ဗျာ။
တချို့ မပေါ့မပါးတွေကတော့ အနားတောင်ကပ်မှာ မဟုတ်ဘူးနော်… တွေးကြည့်တာပါ…။
ပုံသာမပါရင် ယုံမှာမဟုတ်ဘူး…
ဒီလောက်ဆော့ပုံမျိုးနဲ့ လွတ်လပ်ရေးနေ့ဆိုရင် ဘာဆုတွေရလဲ?
ဟေးဟေး .. သူမတင်ရင် နာတင်တော့မှာ ..ခွိ။
ဆင်ဆင် တို့က ဒါ့ပုံရိုက်ရသေးတယ်အေ့ .. မဆော့အားပါဘူး။
မပေါ့မပါးနဲ့လို့ ပြောပါနဲ့ .. သတိ္တချိရင် ရန်ဖြစ်ကြမလား …
ကိုဒီဘီက မဆော့ချင်လို့ မဟုတ်ဘူး အားနာလို့။ ဘာဖြစ်တာလဲဆိုတော့ ကြိုးပြတ်ရင် သူများတွေ မဆော့ရမှာစိုးလို့
တို့ကတော့ ခိုပဲ စီးတယ် အပေါ်တွယ်မတတ်ဘူး ဟိဟိ။
လူပျိုကြီးမိန်းမသာယူရင် အမျိုးသမီးအစား ရင်လေးတယ်ဗျာ။
ကုတင်တိုင်ဖက်တက်နေမှာ စိုးရတယ် ဟဲဟဲ
MrDBA တက်ရင် ဘယ်နှယုံ ကြိုးပြတ်ကျရမှာလဲ။ ကျုပ်တို့ အစ်ကိုကြီး အဲသလောက်လည်း မဟုတ်ပါဘူး။
…အိမ်မှာတောင် သံကုတင် နဲ့ အိပ်တယ်ထင်တယ်။ ခွိခွိ
တန်းတော့ ကျိုးရင်ကျိုးမယ်
စိတ်ပူထှာ ပျိုပျိုရေ၊ မတော် ပြုတ်ကျမှ မိန်းမပါ မရပဲ နေတော့မယ်၊ စိတ်ပူထှာ
ဟိုက်..တယ်လဲဆော့တဲ့ ကိုလူပျိုကြီး ပါလား။ အားကျစရာကြီး.. ဆက်လက်ဆော့နိုင်ပါစေ ။
၄ စားသွားပြီ။
" ကိုယ်ရတာနဲ့ တင်းတိမ်ရောင့်ရဲ ကစားချိန်မှာ ကစားမယ် အိမ်ချိန်မှာဝင်အိပ်မယ် အပူအပင်ကင်းတဲ့ ကလေးလေးဘဝကို တစ်ခါပြန်ပြီး ရောက်ချင်သေးတယ် " ဒီလိုပဲ သီချင်းဆိုချင်တော့တယ်။
ကျန်းမာရေး ကျန်းမာရေး အဟေး…..
အောင်မလေး ဆော့ချက်ကတော့ ဖိုးစိန်ရှုံးမယ်နော်။ ပုံသာမထည့်ထားရင် ယုံနိုင်ဖွယ်မရှိ၊ ဂလောက်တောင်ဆော့ရလား။
ခင်မင်လေးစားလျက်
မေတ္တာရောင်ပြန်
လူပျိူကြီးက အဲလိုကိုး..
ထင်ရတယ်နော်.. နဂိုကတည်းက..
ကိုကြီးဒီဘီ အဲလိုလုပ်ရင်တော့ NEA ကလာတားမယ်ထင်ပါ့…
အံသြပါရဲ့
လူ က မျောက် က ဆင်းသက် လာတယ် ဆိုတဲ ့ ဒါဝင် ရဲ ့ အဆို ကို ထောက်ခံ တဲ ့သဘော..ဟီးးးးးးး
ဓာတ်ပုံမှတ်တမ်းနှင့် စိတ္တဇအတွေးများ …………….ဆိုတဲ့ အဆက်က ဓာတ်ပုံတစ်ပုံကျန်တာကို ဒီမှာလာတင်ထားတာကိုး ဦးလူပျိုကြီးက…..:-P
အိမ်း…. ချား(လ်)(စ်)ဒါဝင်ကြီး ပြောခဲ့တာ မှန်ပြီးရင်မှန်နေသကိုး…. ဒါကြောင့်မို့လဲ အီဗော်လျူးရှင်းသီအိုရီ နာမည်ကြီးပေတာပဲ… ငှဲ… ငှဲ…ငှဲ…
အိမ်း…. ချား(လ်)(စ်)ဒါဝင်ကြီး ပြောခဲ့တာ မှန်ပြီးရင်မှန်နေသကိုး…. ဒါကြောင့်မို့လဲ အီဗော်လျူးရှင်းသီအိုရီ နာမည်ကြီးပေတာပဲ… ငှဲ… ငှဲ…ငှဲ…