ကျွန်တော်ဖြတ်သန်းခဲ့သော မန္တလေး လက်ဘက်ရည်ဆိုင် ယဥ်ကျေးမှု့

လက်ဘက်ရည်ဆိုင်ဆိုတာ ကျွန်တော့်ဦးလေးတွေ ခေတ်ကတော့ လူကြီးတွေဆုံးမတဲ့ မသွားသင့် မထိုင်သင့်တဲ့ နေရာပေါ့ဗျာ။ ငယ်ငယ်က ဖတ်ဖူးတဲ့ ကာတွန်းလေးတစ်ခုတောင် မှတ်မိပါသေးတယ် ကလေးက ၉ တန်းအရွယ် အိမ်ကမနိုင်လို့ ဦးလေးဆီပို့လိုက်ရတယ် ဘာလို့လဲဆိုတော့ သူငယ်ချင်းတွေနဲ့ လက်ဘက်ရည်ဆိုင် ထိုင်တယ် လမ်းထိပ်မှာ ဂစ်တာတီးတယ်တဲ့။ အခုခေတ်တော့ လက်ဘက်ရည်ဆိုင်ထိုင်တာများ အဆန်းမှတ်လို့ လမ်းထိပ်ဂစ်တာတီးတာများ စကားထဲထည့်ပြောမနေပါဘူး။ ဘယ်ပြောမလဲ အဲဒီခေတ်က အပြောခံခဲ့ရတဲ့လူငယ်တွေက အခုခေတ် ကိုယ့်အဖေအရွယ် ဦးလေးအရွယ်တွေကိုးဗျ။ သူတို့အသားလွတ် အကန့်အသတ်ခံခဲ့ ရတဲ့ကိစ္စတွေကို လွတ်လပ်ခွင့်ပေးတဲ့သဘောပါ။ အချိန်နဲ့သွား အချိန်နဲ့ပြန်လို့ပဲ တစ်ချို့အိမ်တွေက ပြောတာပဲရှိပါတယ်။

မန္တလေးဆိုတာက လက်ဘက်ရည်ဆိုင် ယဥ်ကျေးမှု့မြို့တော်လို့တောင် ပြောရမလားမသိပါဘူး ကျွန်တော် ၉ တန်းလောက်အထိ အဲဒီယဥ်ကျေးမှုက သိပ်မကြီးကျယ်သေး မစသေးဘူး။ ပြောရမယ်ဆိုရင် အရင်ကတည်းက သက်တမ်းရှည် လက်ဘက်ရည်ဆိုင် အနေနဲ့ မန်းမြို့တော်ကတော့ အခုထက်ထိ ရပ်တည်နေပါသေးတယ်။ အနောက်ပိုင်းမှာဆိုရင် ပေါက်ကျိုင်း နန်းရှေ့မှာဆိုရင် ကြိုင်သင်း ဒါတွေလည်း အခုထက်ထိ ရှိနေပါသေးတယ်။ သူတို့ကတော့ လက်ဘက်ရည်လိုင်းမဟုတ်ဘူး မုန့်ကိုအဓိကထားတယ်။

မင်းသီဟဆိုတဲ့ ၂၈လမ်းက ဆိုင်လေးက အရင်ကဆိုင်သေးသေးလေးပါ ဒါပေမယ့် အဲဒီအချိန်မှတော့ လက်ဘက်ရည် တော်တော်ကောင်း ဆိုပြီး နာမည်ကြီးလာပြီ။ ဦးလေးနဲ့ ၉ တန်းတုံးက တစ်ခါလိုက်သွားဖူးတယ် အဲ့ဒီဆိုင်မှာသောက်ဖူးတဲ့ ဖန်ဆိမ့် (ကျစိမ့် – ရန်ကုန်အခေါ်) လက်ဘက်ရည်ကို အင်မတန်ကြိုက်တယ်။ အခုအချိန်အထိ မန္တလေးရဲ့ အကောင်းဆုံး လက်ဘက်ရည်အဖြစ် ရပ်တည်နေသေးတယ်ပြောရမယ်ဗျ။ သူ့မှာထူးခြားတာက ဆိုင်ခွဲတွေဖွင့်လည်း ကျန်တာသာကွာချင်ကွာမယ် လက်ဘက်ရည်အရသာကတော့ အတတ်နိုင်ဆုံးတူတယ်။ စိတ်ထင်လို့လားတော့ မသိပါဘူး ၂၈ လမ်းက ဆိုင်ကလက်ဘက်ရည်ကိုပဲ ပိုကြိုက်တယ်။ အခုအချိန်မှာ မန္တလေးနဲ့ ပါတ်သက်တဲ့ အစားအစာ မင်းသီဟမှာ မရတာမရှိပါဘူး။ စားပွဲထိုးကလေးတွေ အင်မတန်တော်ကြပါတယ်။ အရင်က ကျွန်တော်ခင်တဲ့ စားပွဲထိုးကလေးလေးတောင် ကျွန်တော်ထွက်လာတော့ စားပွဲထိုး ခေါင်းဆောင် ဖြစ်နေတာ ကြာပါပြီ။ ကျွန်တော့််ကို မြင်ရင် ဘာစားမယ်ဘာသောက်မယ် မှာစရာမလိုဘူး သူကိုယ်တိုင် ကျွန်တော်သောက်နေကျ လက်ဘက်ရည်ယူလာတယ် ဘာမုန့်စားမလဲ ပြီးမှပဲမေးတယ်။

ဆယ်တန်းအောင်ကာစမှာ ယူနီစန်ဆိုတဲ့ လက်ဘက်ရည်ဆိုင်လည်း ပေါ်လာပါရော။ သူကတော့ဖွင့်ကာစက လက်ဘက်ရည်လည်း ကောင်းတယ်ဗျ ထူးခြားတာကတော့ ထပ်တရာပါ လုံးဝကိုထူးခြားတယ် ဆီမခိုဘူး လုံးမကွတ်ဘူး ပျော့ပျော့လေးနဲ့ စားလို့ကောင်းတယ်။ ၂ နှစ်လောက်တော့ သူ့ထပ်တရာ ဖော်မြူလာကို ထိမ်းထားနိုင်လိုက်တယ် ဒါပေမယ့်နောက်တော့ ဆိုင်တိုင်းလိုလို ထပ်တရာတွေ ကောင်းလာတာပါပဲ။ နောက်ပိုင်းတော့ ဆိုင်ခွဲတွေဖွင့်တာ များပြီးအရည်အသွေးကျလာပါတယ် ဒါပေမယ့်ကောင်းတဲ့ဆိုင်ကတော့ တော်တော်လေးကောင်းပါတယ်။ ၃၅ လမ်းနဲ့ ၈၃ လမ်းဒေါင့်ကဆိုင်ဆိုရင် ကျွန်တော်ကြိုက်တဲ့ ဆိုင်ထဲမှာပါတယ်။ ဒါပေမယ့် အမြဲတော့မထိုင်ဖြစ်ဘူး။ မန္တလေးတက္ကသိုလ် အထွက်က ယူနီစန်ကတော့ မတတ်သာမှသာထိုင်ပါတယ် စားပွဲထိုးများက နားရင်းရိုက်ချင်စရာ အလွန်ကောင်းပါတယ်။ ခေါ်ရင် မကြားချင်ယောင်ဆောင်ပြီး မန်နေဂျာကိုတိုင်လည်း မန်နေဂျာက အရေးမလုပ်ပါ။

နောက်ထပ်တစ်ဆိုင်ကတော့ ရှေပြည်မိုး သူလည်းလက်ဘက်ရည် တော်တော်ကောင်းတယ် တစ်ချို့က မင်းသီဟက လက်ဘက်ရည်ထက် ရှေပြည်မိုးက လက်ဘက်ရည်ကို ကြိုက်တဲ့လူလည်းရှိတယ်။ မုန့်လည်းအစုံရတယ် အရည်အသွေးလည်း လုံးဝထိမ်းထားနိုင်ပါ

17 thoughts on “ကျွန်တော်ဖြတ်သန်းခဲ့သော မန္တလေး လက်ဘက်ရည်ဆိုင် ယဥ်ကျေးမှု့

  1. လဘက်ရည်ဆိုင်အကြောင်းပြောရင် မန္တလေးကို သတိရလွန်းလို့ပါဗျာ..

  2. လက်ဖက်ရည် သောက်ချင်အောင်လုပ်တယ်၊ လူဇိုးကြီး၊ အမ လဲ မန်းလေးကို တနှစ်တခေါက်တော့ လာတယ်၊ လမ်း ၈ဝ ကဟိုတည်မှာ တည်းတယ်၊ မင်းသီဟမှာ လက်ဖက်ရည်သောက်တယ်၊ မုနုံစားတယ်၊ သူလုပ်တာနဲ့ မန်းလေး ကို လွမ်းသလိုလို လက်ဖက်ရည် ကို လွမ်းသလိုလို၊ ခုတော့ ကော်ဖီ ထဖျော်နေရပီ

  3. ဒီက ဆိုင်တွေမှာတော့ ၁ကျပ်တန် လက်ဖက်ရည်နဲ့ တင်းတိမ်နေရတယ်။ အဖြစ်ပေါ့…ဂလု ဂလု… (အမြန်မော့သောက်သွားသည်)

  4. မင်းသီဟ သောက်ဖူးပါသည်။ ယူနီစမ်မှာလဲ ထမင်းစားဖူးပါသည်။ မန်းလေးတွင် အခြေချဖို့ စဥ်းစားထားပါသည်။ ငွေစုနေပါသည်။ အိမ်ဝယ်ပါမည်။

  5. လူပျိုကြီးရေ အနော်လည်း မင်းသီဟပိုကြိုက်တယ် စိတ်မကောင်းစရာပြောလိုက်ဦးမယ် မိန်းနားက ဆိုင်တွေရှေ့ရတော့မယ်
    UNISON , Friend တို့ ရှေရွက်လှ တို့ . .. :(

  6. မန္တလေးရောက်ရင် စားမယ့် စာရင်းထဲမှာ ယူနီစန်က ထပ်တရာပါတယ်။ အကြော်စုံဆိုရင်လည်း မန္တလေးက ပိုကောင်းတယ်။ ယူနန်ဆိုင်တွေ အကင်ဆိုင်တွေ ခေတ်ဘက်ရောက်တော့ မရောက်ဖြစ်တော့ဘူး

  7. ဆင်ဆင် တောသူမ။ နန်းမြို့တောင် မရောက်ဖူးဘူး။ တုံးတာတောင်နဲသေး (အသားလွတ် ကြိတ်သွားသည်)

  8. လူပျိုကြီးရေ..
    ခုတစ်ခေါက်ပြန်တာတော့ ၂၈ လမ်း မင်းသီဟမှာ နေ့တိုင်း နံနက်စာ သွားစားတယ်..

    ဒီလိုမှန်းသိ ပါဆယ်ဆွဲခဲ့ပါတယ် လူပျိူကြီးနဲ့ ကိုဒီဘီအတွက်..

    :D

    ခင်မင်စွာဖြင့်
    သီဟသစ်

  9. ကိုသီဟသစ် ပြောမှပဲ သတိထားမိတယ် ကျွန်တော်မှားပြီး ၂၇ လမ်းလို့ မှားရေးထားတာပဲ ဟုတ်သားပဲ ၂၈ လမ်းဗျ ဟီး မှားရေးမိတယ်။

  10. လမ်း ၃ဝ ..ဆေးခန်း အနောက်ပေါက် က .အချစ်ရွာ. ထိုင်ဘူး ဘူးလား..ချစ်သူ လေး နဲ ့..ဟိဟိ

  11. ဟီး မှား လို ့နော်..

    လမ်း 30 ဆေးကျောင်း လို ့ပြောတာ.. လော ကြီး သွားလို ့…

  12. မန်းလေးနဲ့ ပတ်သက်ရင် ခြင်ကိုက်တာဘဲသိတယ်…မန်းလေးကို လွန်ခဲ့တဲ့ ၁၈ နှစ်လောက်က ၁ ခေါက်ရောက်ဖူးပါတယ်…ကြာပြီဆိုတော့ မမှတ်မိတော့ဘူး..ပြန်ဖြစ်တော့မှသွားလည်တော့မယ်…

    ma mie nge

  13. မန်းလေးကို လွမ်းလိုက်တာ အရမ်းဘဲ.. ကျန်မက မိန်းကလေးဖြစ်ပေမဲ ့ လက်ဖက်ရည် ဆိုင်ထိုင်တာကို အရမ်းကြိုက်တယ်… ညနေရုံးဆင်းချိန်ဆိုရင် ကျောင်းအလွမ်းပြေဆိုပြီး. သူငယ်ချင်းတွေနဲ ့ အားတဲ ့ရက်တိုင်းထိုင်ဖြစ်တယ်….ကျန်မလဲ cafe blue ကအရသာတွေ မကြိုက်ဘူး.. ဒါပေမဲ့ ညဆိုရင်လူအရမ်းစည်တယ်…..

  14. ခု ဆိုင်တွေ ရှေ့ထားရပြီ… နည်းနည်းတောင် ကြာပြီ ရှေ့တာ…. ရတနာပုံစျေးနားက ငြိမ်း လက်ဘက်ရည်လည်းကောင်းတယ် …. ခုနောက်ပိုင်း ရှေပြည်မိုးမှာ ထိုင်တာများတယ်…. သူက မုန့်လည်းကောင်းတယ်လေ…..
    ခုနောက်ပိုင်း ကော်ဖီယဥ်ကျေးမှုလည်း ထိုးဖောက်လာတယ်နော်…. ဘီယာယဥ်ကျေးမှုကို ကူးပြောင်းသွားရင်တာ့ မိသားစုတွေ ဘယ်လို စုပြီး ဆိုင်ထိုင်ရပါ့…..

Leave a Reply

Your email address will not be published. Required fields are marked *

*

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong> <pre lang="" line="" escaped="" highlight="">