Swordsmanship

ဂျပန်ကြီး ဓားကိုင်ပြီး ကစားပြီဆိုရင် လူတွေပြောတတ်တာက Kendo ဆိုပြီး အမြဲပြောတတ်ကြတယ်။ တော်တော် များများကတော့ မှန်မှာပါ ဒါပေမယ့် အခုခေတ် Kendo ကတော့ ဓားအစစ်ကိုကိုင်တာ ရှားပါတယ် မကိုင်ဘူးမပြောပါဘူး ဒါပေမယ့် တော်တော်ရှားပါတယ်။ တစ်ကယ်က ဂျပန်မှာက မေဂျီတော်လှန်ရေး မတိုင်ခင်က ကိုယ်ခံပညာတွေကို Koryu ( 古流 ) လို့ခေါ်တယ် နောက်ပိုင်းပေါ်လာတဲ့ ကိုယ်ခံပညာတွေကို Gendai Budo ( 現代武道 ) လို့ခေါ်ပါတယ်။ Gendai ထဲမှာက အခုခေတ် ခေတ်စားနေတဲ့ Karate, Judo, Aikido, Kendo, Iaido, Kyudo တွေကိုထည့်ထားတယ် တစ်ခါတစ်လေ Sumo ကိုတောင် Gendai ထဲမှာထည့်တတ်တယ်။ ဒါပေမယ့် Sumo ကတော့ ရှေးကတည်းက ကိုယ်ခံပညာမဟုတ်ပဲ အားကစားအဖြစ် သတ်မှတ်ထားတာဆိုတော့ ဘယ်ထဲထည့်ထည့် ပြဿနာမဟုတ်ပါဘူး။

ဗမာပြည်မှာ ပြပွဲတွေလုပ်ရင် ငှက်ကြီးတောင်နဲ့ ငှက်ပျောတုံးကို ခုတ်ပြတတ်တယ် တစ်ခါတစ်လေ ငှက်ပျောတုံးပေါ်မှာ ရေအိုးတွေဘာတွေတောင် တင်ထားပြတတ်တယ်။ ဂျပန်တွေကတော့ မြက်ဖျာကို ဝါးလုံးမှာပတ်ပြီးတော့ ခုတ်ပြပါတယ်။ ဝါးလုံးက ၄၅ ဒီဂရီမကျရင် ဒီအတိုင်းခုတ်ရင်တောင် ခုန်သွားတတ်ပါတယ်။ ပြောရမယ်ဆိုရင် မြက်ဖျာဆိုတာက ပျော့တယ် ဝါးလုံးကမာတယ် ဒါကိုပြတ်အောင် ခုတ်ရတာက ငှက်ပျောတုံး ခပ်လေးလေးကို တစ်သတ်မှတ်တည်း ခုတ်ရတာထက် ပိုပြီးတော့ခက်ပါတယ်။ ဒါတွေကတော့ Koryu ကအတတ်ပညာတွေပါ ရှေးကဆိုရင် လူကိုပြတ်အောင် ဘယ်လိုခုတ်မယ်ဆိုတဲ့ အတတ်ပညာတွေကိုပါ လေ့ကျင့်ပါတယ်။ လေ့ကျင့်တာက သင်္ချိုင်းမှာ လူသေတွေကို စင်ပေါ်တင်ပြီး အရင်ဆုံး အခုတ်ကျင့်ရာကနေ စတယ်လို့ ကြားဖူးပါတယ်။ အခုခေတ်တော့ မရှိတော့ပါဘူး။ Youtube ကနေ တွေ့လို့ သဘောကျလို့ တင်ထားတာပါ။ အောက်ဆုံးတစ်ခုက ဂင်းနစ်စံချိန်ချိုးတာဆိုပဲဗျ။











6 thoughts on “Swordsmanship

  1. စနေနေ့ကြရင် ကြက်သား ပလာတာချက်စားချင်လို့ ကြက်လာခုတ်ပေးပါ လူပျိုကြီး

  2. တို့လဲ ချက်မှာ ကိုကိုတို့ အိမ်ပီးရင် တို့ဆီလာခဲ့ဦး

  3. ခေါက်ဆွဲမျင် မပြတ်လို့ဗျာ လုပ်ပါဦး :P
    ဟိဟိ ခုတ်ချက်တွေက ကြောက်နေရပါလားနော်…

  4. ဓါခုတ်တာတွေ့လို့ ဇာတိုအိချီဆိုတဲ့ ရုပ်ရှင်ကိုသွားသတိရတယ်။
    ဇာတ်လိုက် ဓါးသမား အဖိုးကြီးကို မျက်မမြင်ကြိးဆိုပြိး အထင်သေးခဲ့ကြတာ
    တစ်ယောက်မှ မနိုင်ဘူး။ အဖိုးကြီးကလည်း မျက်မမြင်သာဆိုတယ် ဓါးခုတ်တာ ရှောင်တာ
    အသံကြားရုံနဲ့သိတယ်။ မြန်သလားလည်း မမေးနဲ့ ဂျပန်ကို ပတ်ပြီး လူဆိုးဂိုဏ်ကို လိုက်ရှင်းတာ။
    နောက်ဆုံးကျမှ သိရတယ် သူက မျက်စိကန်းချင်ယောင်ဆောင်နေတာကိုး။ တတ်လှပြီမှတ်နေတာ။ ဟိ ဟိ

  5. ဦးလူပျိုကြီးက ဒီလောက် ဓားခုတ်ချက်တွေ ကောင်းသားနဲ့ မုတ်ဆိတ်မှေး၊ နှုတ်ခမ်းမှေး တို့လို့တန်းလန်းပါလားဂျ

  6. ဦးလူပျိုကြီးက ဒီလောက် ဓားခုတ်ချက်တွေ ကောင်းသားနဲ့ မုတ်ဆိတ်မှေး၊ နှုတ်ခမ်းမှေး တို့လို့တန်းလန်းပါလားဂျ

Leave a Reply

Your email address will not be published. Required fields are marked *

*

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong> <pre lang="" line="" escaped="" highlight="">