ငယ်ငယ်ကတော့ လူပျိုကြီးဆိုတဲ့လူက အင်မတန်ဆော့တယ်ဆိုပြီး နာမည်အလွန်ကြီးပါတယ်။ ကိုယ်တင်မကဘူး သူများကလေးတွေလည်း ဆော့အောင် အဖော်စပ်တတ်တယ်။ လူပျိုကြီးနဲ့ ပေါင်းလို့ကြံကြံဖန်ဖန် ဆော့တတ်သွားတာကို တစ်ချို့က ကလေးတွေဆိုးသွားတယ်လို့ အမြင်လည်း မှားတတ်ပါတယ်။ သူတို့ကလေးက လူပျိုကြီအိမ်လာမှတော့ လူပျိုကြီးက ဆော့ရင်းဧည့်ခံဖို့တာဝန်ရှိတယ်လေ အတုမြင်အတတ်သင် ကိုယ်အိမ်ပြန်ရောက်မှ လူပျိုကြီးကိုဆော့လို့ အရိုက်ခံရတာကတော့ လူပျိုကြီးတာဝန်မဟုတ်လို့ ထင်တာပဲ။
ကိုယ့်ဒယ်ဒီကို အားမနာတမ်း ပြောရမယ်ဆိုရင် သူလည်းမကြီးမငယ်နဲ့ ဆော့တာပဲ။ လူပျိုကြီးနဲ့ လာကစားတဲ့ကလေးတွေနဲ့ တစ်ခါတစ်လေ ပေသီးပစ်နေရင်တောင် သူကဝင်ပစ်ရင်ပစ်သေးတာ ပြီးတော့လူကြီး လက်တံရှည်ကြီးနဲ့ လုပ်ပြီးတော့ စည်းကခိုးသေးတယ်။ တစ်ခါတစ်လေများ ကလေးတွေနဲ့တောင် ရန်ဖြစ်သေးဗျာ။ တစ်ခုကောင်းတာက ကျွန်တော်ဘယ်လောက်ဆော့ဆော့ မတားဘူးဗျ။ မာမီကတားရင်တော့ စာအုပ်နဲ့ကိုင်ပေါက်လိုက်တယ် ဗမာ့စွယ်စုံကျမ်း ဘယ်အတွဲလည်း မှတ်မိတော့ဘူး။ ကလေးများ ဆော့ကစားခြင်းသည် ကျန်းမာရေးနှင့် ညီညွတ်၏ ဥာဏ်ကောင်းစေ၏ဆိုတာကို စာရွက်ကလေးညှပ်ပြီး မှတ်ထားတယ်။
အိမ်ရှေ့မှာလည်း ဆော့ရအောင်ဆိုပြီး ဝက်သစ်ချပင် အမြင့်ကြီးမှာ အုန်းဆံကြိုးအတုတ်ကြီးကို အပင်ပေါ်ကနေ တွဲလဲချထားတယ်ဗျာ။ စိတ်ကူးပေါက်တဲ့အချိန် သက်လုံကောင်းအောင်ဆိုပြီး အဲဒီ့ကြိုးကိုဆွဲပြီး တက်သေးတာ။ ကိုယ်လည်း သူ့ကစိတ်ကူးပေါက်တဲ့အချိန် တက်ခိုင်းသေးတာ စတက်ကာစကတော့ မသိဘူးလေ ကိုယ့်အားအကုန်သုံးပြီး ဆွဲတက်လိုက်တာ အပေါ်လည်ရောက်ရော ပြန်ဆင်းစရာ အားမရှိတော့ဘူး ပြန်အဆင်း လက်အံသေပြီး ပြုတ်ကျတာပါပဲ။ ဒယ်ဒီကမေးတယ် ကျိုးတော့မကျိုးဘူး မဟုတ်လားတဲ့။ အဲ့ဒီအကျင့်က အခုထက်ထိ ပါလာတယ် မယ့်ရင် အောက်မှာသာ ကြည့်ပါတော့ဗျာ။
Monthly Archives: May 2009
အသက်အရွယ်နဲ့တော့မဆိုင်ဘူး
ညအမှောင်က တိတ်ဆိတ်နေသည် သို့သော် ဧည့်ခန်းမီးကား လင်းနေဆဲ။ ရှေးဟောင်း တိုင်ကပ်နာရီမှ ”ဒေါင်… ဒေါင်” မြည်သံက ၁၂ ခါထွက်ပေါ်လာသည်။ သို့သော် မအိပ်နိုင်သေးသူကား အသက် ၅ဝ နှစ်ခန့်အရွယ် လူတစ်ယောက် ဧည့်ခန်းထဲတွင် ခေါက်တုံ့ခေါက်ပြန် လမ်းလျောက်နေသည်။
”တောက်… ၁၂ နာရီတောင်ထိုးပြီ ဟိုအကောင် ပြန်မရောက်သေးဘူး တစ်ရက်လည်းမဟုတ် နှစ်ရက်လည်းမဟုတ် ဒီနေ့တော့လား ပြန်လာပစေဦး နောက်နေ့ အပြင်မထွက်နိုင်အောင်ကို ဆုံးမထားမှဖြစ်မယ်”
Continue reading
ငရဲပြည် အောက်ဆုံးအထပ်
တစ်ခါက ရွာတစ်ရွာမှာ လူတစ်ယောက် ရှိတယ်။ အဲဒီလူက သူများနဲ့မတူပဲ ဘာဖြစ်ချင်တာလဲဆိုတော့ ငရဲကြီးချင်တာ။ ရောက်ချင်တာမှ ဘယ်ငရဲကိုရောက်ချင်လဲဆိုတော့ အဆင့်မြင့်မြင့်ပဲ ငရဲပြည် အောက်ဆုံး အထပ်ကို ရောက်ချင်တာတဲ့။ ဒါနဲ့ ရွာဦးကျောင်းက ဘုန်းကြီးကိုသွား လျောက်တယ် အရှင်ဘုရား တပည့်တော်ကို ငရဲဲကြီးစေမယ့် တရားလေးများ ရှိရင်ဟောပါဘုရားဆိုတော့ ဘုန်းကြီးကလည်း ငါ့က ငရဲမကြီးတဲ့ တရားပဲ ဟောတတ်တယ်လေ ငရဲကြီးစေမယ့် တရားတော့ မဟောတတ်ဘူး ပြောလှတ်လိုက်ရော။ ဒါနဲ့ ကြုံရာလူလိုက်မေးတယ် တစ်ချို့ကလည်း သူများအသက် သတ်ရတယ်ဆိုတာနဲ့ အကုန်သတ်တယ်။ သူများပစ္စည်း ခိုးဆိုတော့လည်း ခိုးတာပဲ။ တိုတိုပြောရရင် အကုသိုလ် အလုပ်စုံလုပ်လိုက်တာ သေတော့ သူရောက်ချင်တဲ့ ငရဲပြည်အောက်ဆုံး အထပ်ကို ရောက်တော့တာပဲ။ ဖြစ်ချင်တော့ အောက်ဆုံးထပ်မှာ သူ့တစ်ယောက်တည်း။ သူအရောက်ချင်ဆုံးနေရာ ရောက်ပြီဆိုပြီး ပျော်လွန်းလို့ ခုန်ပေါက်ပြီး ကတော့တာပဲ။ သူကနေတုံး ကြမ်းပြင်ကို အောက်ကနေ တုတ်နဲ့ ဒုန်းဒုန်း ဆိုပြီးလှမ်းထိုးတယ်တဲ့။ ဒါနဲ့ ဘယ်နှယ် အောက်ဆုံးထပ်ရောက်နေတာ ဘယ်သူများ ကြမ်းတုတ်နဲ့ထိုးသလဲဆိုပြီး အောက်ကဘယ်သူလဲ မေးလိုက်တော့ အောက်က ပြန်ပြောသံကြားရတာက
” ဟေ့… အပေါ်ကကောင် သိပ်မဆူနဲ့ ဒို့ဘုရားဂေါပကတွေ မြေတိုက်ခန်းထဲမှာ အစည်းအဝေးထိုင်နေတယ် “