ကျောင်းတော်ကြီးသို့အလွမ်း ( ၈ )

ဆောင်းချမ်းမိုးကား လူပျိုကြီးကို အလွန်အင်မတန်ပင် စိတ်ဆိုးနေပါသည်။ စိတ်လည်း ဆိုးထိုက်ပါသည် ကိုယ်တိုင်ဇာတ်ညှန်းရေးပြီး ကိုယ်တိုင်မေ့နေသောကြောင့် ဖြစ်ပါသည်။ ကျွန်တော်ဇဝေဇဝါ ဖြစ်နေသည်မှာ သစ်ခွခြံစောင့်နတ်မှာ တစ်ယောက်လား နှစ်ယောက်လား မသေမချာဖြစ်နေ ၍တစ်ယောက်ဟု ရေးလိုက်ရာ မှားယွင်းသွားပါတော့သည်။ ဆောင်းချမ်းမိုးမှာ သစ်ခွခြံစောင့် နှစ်ယောက်အနက် တစ်ယောက်ဖြစ်နေပါသည်။ ထို့ကြောင့် သစ်ခွခြံအတွင်း အခန်းတွင် နတ်နှစ်ယောက်ဖြစ်ကာ အစ်ကိုဖြစ်သူက မင်းသမီးကိုလိုက်ဖမ်းပြီး ညီဖြစ်သူ ဆောင်းချမ်းမိုးသည် မင်းသားဖြစ်သူ ငမြတ်ကြီးကို ဖမ်းသည့် အခန်းကို ထည့်သွင်း မြင်ယောင်ပါလေ။ ပြန်လည်၍လည်း ပြင်ဆင်ထားပါသည်။ သစ်ခွခြံစောင့်နတ်ဖြစ်ခဲ့သူ ဆောင်းချမ်းမိုး ကျေးအေးတော်မူရန် ဘီယာတိုက်ရန်လိုသည်။

ကျောင်းတော်ကြီးသို့အလွမ်း ( ရ )

အခန်း(၆)

ဘိုးဘိုးကြီးနှင့် ကိုယ်ရေးအရာရှိ အတင်းတုတ်နေစဥ် မင်းသမီး ထဘီခါးတောင်းကျိုက်ဖြင့် နတ်နန်းနားသို့ ပြေးလာသည်။ နောက်မှ သစ်ခွခြံစောင့် နတ်မှ ကွဲမရှိသဖြင့် ကုလားထိုင်ကို ကွဲစစ်စစ်ဖြစ်သည်ဟု စာကိုဆွဲပြီး ကိုယ်တိုင်ပဲ ကုလားထိုင်ကို မ၍ပြေးလိုက်လာသည်။
Continue reading

ကျောင်းတော်ကြီးသို့အလွမ်း ( ၆ )

အခန်း(၅)

ကွန်ပျူတာ တက္ကသိုလ် ကျောင်းဝင်းအတွင်းရှိ ဘိုးဘိုးကြီးနတ်နန်းတွင် ကွန်ပျူတာ တက္ကသိုလ်တွင် ဂျူတီကျသော ဘိုးဘိုးကြီးသည် ၄င်း၏ ကိုယ်ရေးအရာရှိ တင်ပြသော အပါတ်စဥ် ကွန်ပျူတာ တက္ကသိုလ်အတွင်း ဖြစ်ပွားသော မှတ်တမ်းအား ဖတ်ရှု့ဆွေးနွေး နေသည်။

ဘိုးဘိုးကြီး။ ။ အိမ်း… ဒီတစ်ပါတ်အတွင်း ဘာတွေများ ထူးခြားသေးသလဲဟဲ့ ထူးခြားဖြစ်စဥ်လေးများ တင်ပြပါဦးဟဲ့။
ကိုယ်ရေးအရာရှိ။ ။ ဒီတစ်ပါတ်တော့ ဘာမှမထူးခြားပါဘူး ကျွန်တော်တောင် ဘာမှမထူးလို့ အတိတ်မကောက်တတ်လို့ ဘာထိုးရမှန်းမသိဖြစ်နေတာပဲ ဘိုးဘိုးရဲ့။ Continue reading