6
Jun 09

ဓာတ်ပုံမှတ်တမ်းနှင့် စိတ္တဇအတွေးများ





ဓာတ်ပုံကိုကြည့်၍ ပုပ္ပားရောက်သလား ဖိုးဝင်းတောင်ရောက်သလား မတွေးလိုက်ပါနှင့် စင်္ကာပူကွန်းပေါ်မှ အမြင့်ဆုံးဆိုတော့ တောင်ပုတုကလေးပေါ် အတက် တောင်ခြေတွင် မျောက်တစ်အုပ် သောင်းကျန်း နေခြင်းဖြစ်ပါသည်။ စင်္ကာပူမှ မျောက်များမှာ သနားစရာကောင်းလှသည် မျောက်ဖြစ်ပင်ငြားသော်လည်း တက်စရာသစ်ပင် ရှားပါးသောကြောင့် တစ်ခါတစ်ရံ အလေ့အကျင့် မပျက်စေရန် ဓာတ်တိုင်ကို သစ်ပင် အမှတ်ဖြင့် အတက်ကျင့်ရပုံရ၏။



လူတိုင်းတွင် ဝါသနာတစ်ခုစီ ရှိကြသည် အထက်ပါပုံတွင်ပါဝင်သော လူကြီး၏ ဝါသနာကို အခုပုံကိုကြည့်ခြင်းအားဖြင့် ဖော်ပြန်ရန်မလိုဟု ယူဆမိပါသည်။ ငယ်ငယ်ကတည်းက ကြည့်ဖူးသမျသော ရုပ်ရှင်များထဲတွင် အရက်သမားများ သောက်ချိန်မသောက်ရပါက လက်များတုန်လာတတ်သည်။ အဆိုပါလူကြီး ရိုက်လာခဲ့သော ဓာတ်ပုံများကား သုံးပိဿာခန့်လေးသော ကင်မရာကြီးဖြင့် ရိုက်လာပါသော်လည်း ဝါးတားတား ပုံများသာထွက် လာခဲ့ပါသည်။ အဘယ့်ကြောင့် လက်တုန်ရကြောင်းကို အနှီဓာတ်ပုံပါ လူကြီးကိုသာ မေးရန်ရှိတော့၏။



ယုံထင်ကြောင်ထင် ဆိုသောစကားရှိ၏။ တစ်ချက်ခုတ် နှစ်ချက်ပြတ်ဆိုသော စကားလည်းရှိ၏။ အားကစားဝတ်စုံကို တစ်နှစ်နေမှ တစ်ခါလောက်သာ ထုတ်ဝတ်ပါသည် ဆိုပါသော ဓာတ်ပုံပါလူကား ကင်မရာကိုပဲ လှမ်းကြည့်ကာ ရယ်ပြလေသလား နောက်မှပါလာသော အမေပြောသော အမောပြေကလေးအား လှည်ကြည့်ရန် ဓာတ်ပုံဆရာကျွန်တော့််ကို ခုတုံးလုပ်ခဲ့လေသလားမသိ။



ဗမာလူမျိုးများမှာ တစ်ခါတစ်ယံ အလွန်အယူသည်းကြသည်။ အိမ်ခေါင်ပေါ် ခွေးတက်လျင် လူသေတတ်သည်ဟု အယူရှိသည်။ သို့သော် အိမ်ခေါင်ပေါ် ခွေးတက်သည်ကို သတင်းစာထဲတွင် လည်းပါတတ်သည်။ ခွေးသာမက လူပါအိမ်ခေါင်ပေါ် ရောက်နေသည် အဘယုံကြောင့်ဆိုသော် ရေကြီးနေသောကြောင့် ဖြစ်၏။ အိမ်ပေါ်ဖွတ်တက်လျင် စီးပွားကျတတ်သည်ဟု ယူဆကြသည်။ သို့သော် ကာကွယ်ရန်နည်းလည်းရှိ၏ တက်လာသော ဖွတ်ကို ရိုက်သတ်ပြီး ချက်စားပါက အင်မတန် စီးပွားတက်သည်ဟု ဆိုကြပြန်သည်။ တောထဲတွင်တက်နေသော ဖွတ်ကိုရိုက်သတ်လျင်ကား အဘယ်သို့သော ဥပဒေရှိမည် မသိသောကြောင့် ယတြာကြေအဖြစ် တုတ်ဖြင့် မရိုက်တော့ပဲ ကင်မရာဖြင့်သာ ရိုက်ခဲ့၏။

ဇာတ်တော်ထဲတွင်ပါသော ဘီလူးဆိုသည်ကို အပြင်တွင် မည်သို့မည်ပုံရှိမည်ကို မမြင်ဖူးပါ။ ပေါက်ပေါက်ရှာရှာ ရေးထားသော ဆောင်းပါးတစ်ပုဒ်တော့ ဖတ်ဖူးသည်။ အဆိုပါဆောင်းပါတွင် ရေးသားထားသည်မှာ ပုပ္ပားတောင်ကို အခြေခံ၏။ “ဖီး” ဆိုသော စကားလုံးသည် ကြီးမားပြည့်ဖြိုး သည်ဟု အဓိပ္ပာယ်ရ၏။ ပုပ္ပားသူအညာသူတို့မှာ ရန်ကုန်သူများကဲ့သို့ အားနွဲ့သူ မိန်းမသားဟူသော စကားလုံးကို သုံးလေ့မရှိကြပါ။ ပိန်ပိန်ညောင်ညောင် မဟုတ်ကြပါ တုတ်တုတ်ခိုင်ခိုင်နှင့် အားကောင်းမောင်းသန်များ ဖြစ်ကြ၏။ သို့ဖြစ်၍ ရှေးအခါက ပုပ္ပားသူတို့ကား ယခုခေတ်ထက် ပိုမိုကာ လူကောင်ကြီး၍ အားကောင်းမောင်းသန် ဖြစ်ဖွယ်ရှိ၏။ ထိုသူများကို “လူကြီးကြီး” “ဖီးလူ” ဟုခေါ်သည်ဟုဆို၏။ ထိုမှရှေ့လျောကာ “ဘီလူး” ဖြစ်လာသည်ဟု ပြော၏။ ဆောင်းပါထဲတွင် ပြောသည်မှာ ပန်းစားဘီလူးမဆိုသော ပုပ္ပားမယ်တော်မှာ ဘီလူးမ မဟုတ်ပဲ ပုပ္ပားသူ ဖီးလူမ မိန်းမဝဝကြီး ဖြစ်နိုင်သည်ဟုဆို၏။ အောက်ဖော်ပြပါ ဓာတ်ပုံများကိုသာ ဆက်လက်ရှု့ပါလေ။





မှတ်ချက်။

ကာယိကံရှင်များ၏ တောင်းဆိုချက်အရ ဓာတ်ပုံများကို ဝါးတားတား ဖြစ်စေရန် Soft Focus Effect ထည့်ထားရပါသည်။ သို့သော် ကိုယ်လုံးကိုယ်ထည်ကိုကား ပြုပြင်၍မရသည်ကို သည်းခံရန် ကာယိကံရှင်များကို တောင်းပန်ပါသည်။

12 Responses to “ဓာတ်ပုံမှတ်တမ်းနှင့် စိတ္တဇအတွေးများ”

  1. MrDBA says:

    နဲတဲ့ လူကြီးတွေ မဟုတ်ဘူးနော်။

  2. နွေးနေခြည် says:

    အကောင်ကြီးတယ်လို့ သတင်းမှေးနေတဲ့ ဦးဒီဘီကြီးပဲဖြစ်ရမယ်

  3. kaungkinpyar says:

    ဟဟ ပျိုပျို ကတော့ ရေးထားတာ လန်ထွက်နေတာပဲ

  4. sin dan lar says:

    ဝါးတားတားဖြစ်လေ ကြည့်ကောင်းလေ.. မမြင်ရလေ.. ပိုလှလေ…. ဟိဟိ..၊

  5. khet myint myint says:

    နောက်ဆက်တွဲ အပိုင်း တွေကို မျော်နေပါတယ် ။ ဘာတွေ ဆက်ဖြစ်ကြလဲ လမ်းခုလတ်မှာတွေ့သော အန္တရာယ် အပေါင်းတို့ကို မည့်သို့မည်ပုံ ကျော်လှားကြသည်ကို ဖတ်ရှုရန် စောင့်မျော်နေပါကြောင်း

  6. ပုလုကွေး says:

    ဖီလူးမ ဝဝကြိး ကိုကြည့်သွားတယ်ဗျ…ဘယ်တုန်းက သွားတာလဲဗျ….

  7. ShwunMi says:

    သြော်.. ဒီအုန်းသီးက သုံးပိဿာကိုး..

  8. ဆောင်းချမ်းမိုး says:

    ဟာ
    အဲဒါကြီးတွေလား
    နည်းနည်းနောနောကြီးတွေမဟုတ်

  9. royalheartgate says:

    ဦးလူပျိုကြီးရေ…မရောက်တာတောင်ကြာပေါ့…..လက်စွမ်းကတော့ လန်ထွက်နေတာပဲ…ခု ဦးလူပျိုဘလော့ဂ်လေး ဖွတ်တက်နေပြန်ပေါ့……:-P(စတာနော်…စိတ်ဆိုးရဘူး)

  10. pm says:

    အဲအဲ သစ်ပင်ကြီး စောင်းလာဘီ ဟဲ့ဟဲ့ လုပ်ကြပါဦး။ :D

  11. Ano says:

    ဟို အဝါနဲ့ ကို သိသလိုဘဲ…။

  12. Ano says:

    ဟို အဝါနဲ့ ကို သိသလိုဘဲ…။

Leave a Reply

Switch to our mobile site

WP SlimStat