လူတိုင်းမှာ ဝါသနာပါတာ တစ်ခုစီတော့ရှိကြတယ်လို့ ငယ်ငယ်ကဖတ်ဖူးတဲ့ စာစီစာကုံးစာအုပ်တွေမှာတော့ တွေ့ဖူးပါတယ်။ အခုတော့အဲ့ဒါကို သိပ်လက်မခံချင်တော့ဘူး လူတိုင်းမှာ ဝါသနာတစ်ခုမက ရှိကြတယ်လို့ ထင်လာပါတယ် ဒါပေမယ့် ဝါသနာအပါဆုံးအရာလို့ ဆိုရင်တော့ တစ်ခုပဲရှိမယ်ထင်ပါတယ် ဒါတောင် တစ်ချို့လူတွေဆိုရင် ဘာကိုဝါသနာအပါဆုံးလဲ ဆိုတာကိုတော်တော်လေး ခွဲရခက်မယ်ထင်တယ်။ ဝါသနာဆိုတဲ့ နေရာမှာ တစ်ချို့ကတော့ ဝါသနာပါရာ အကြောင်းအရာတွေနဲ့ အသက်မွေးဝမ်းကျောင်းပြုတယ် တစ်ချို့ကတော့ ဝါသနာကို အပန်းဖြေအနေနဲ့ပဲ ထားရှိကြတယ် တစ်ချို့ကတော့ ဝါသနာပါရာကို လုပ်ခွင့်မရကြဘူး။
ငယ်ငယ်ကတော့ ဝါသနာဆိုပြီး မှတ်မှတ်ရရ လုပ်ချင်ခဲ့တာက ပန်းချီဆွဲတာပါ။ စနစ်တကျသင့်ခွင့် တစ်ခါမှမရခဲ့ပါဘူး။ နွေရာသီ ကျောင်းပိတ်ရက်ရောက်ရင် သင်တန်းများ ဘာတက်ရမလဲဆိုတာ တစ်ခါမှ အခွင့်အရေးမရခဲ့ပါဘူး။ ငယ်ငယ်ကတော့ မြို့ပေါ်မှာနေရတယ်ဆိုတာက တောင်ကြီးမှာနေခဲ့တာပဲရှိတယ်။ ကျန်တဲ့နေရာတွေက မြို့နဲ့နည်းနည်းဝေးပါတယ် ဒါကြောင့် ပန်းချီကို သူများဝါသနာပါတဲ့ ကလေးတွေလို သင်တန်းတက်ပြီး စနစ်တစ်ကျ သင်ခွင့်မရခဲ့ပါ။ ဒါကြောင့် တီကောင်တောင် ဖြောင့်အောင် မဆွဲတတ်ပါ။ အိမ်မှာရှိတဲ့ စွယ်စုံကျမ်းတွေကတော့ ပန်းချီဝါသနာအတွက် အထောက်အကူပြုပါတယ် နာမည်ကြီးပန်းချီကား တော်တော်များများကို ရောင်စုံပုံတွေနဲ့ အကုန်ပါပါတယ်။ ပန်းချီကားမြင်ရင် အားရဝမ်းသာ ကြည့်တာကလွဲရင် ဘာမှနားမလည်ပါ။ ကာတွန်းတစ်ခုထဲကလို နေဝင်ချိန် စိတ္တဇပန်းချီကို ကြက်ဥကြော်မှတ်လို့ သွားရည်ကျတာမျိုးများ ဖြစ်နေမလားတော့ မသိဘူး။ ပန်းချီကိုဘယ်လောက် အဆွဲကျင့်တယ်ဆိုတာက ငယ်ငယ်ကတည်းက ဝယ်ထားတဲ့ ရေဆေးတွေ ဆီဆေးတွေ စုတ်တံတွေ အခုအချိန်အထိ အရာမယွင်းတာက သက်သေထူနေပါတယ်။
ဆယ်တန်းအောင်ကာစက သီချင်းဆိုမယ်ဆိုပြီး အများနည်းတူ ဂစ်တာတီးကို ဝါသနာပါကြည့်လိုက်ပါသေးတယ်။ အတူနေတဲ့ညီဝမ်းကွဲက ဂစ်တာတီး အင်မတန်ဝါသနာပါတယ် ပရော်ဖက်ရှင်နယ်လို့ ပြောလို့ရအောင်ကို တီးတတ်ပါတယ်။ ဦးလေးတွေကလည်း အကုန်လုံးတီးတတ်ကြတော့ အိမ်မှာသူတို့စုပြီး တီးကြဆိုကြရင် ကိုယ်ကငပေါကြီးဖြစ်နေတော့ အားကျမခံအတီးသင်ပါတယ်။ ညီဖြစ်သူကိုဆရာတင်ပြီး သင်ခိုင်းတော့ သင်ပေးရှာပါတယ်။ တစ်နေကုန် ဂျုန်ဂျန် ဂျုန်ဂျန်နဲ့ တီးတော့တာပဲ။ အမေကလည်း ဘာမှမပြောပါဘူး အစကတော့ နားထောင်ဖြစ်နေတယ် ထင်ပါတယ်။ နောက်တော့တီးရင်း သီချင်းပါဆိုလိုက်တော့ အဒေါ်တစ်ယောက်က အားပေးတယ် “သားရယ် တီးပဲတီး မဆိုရင် ကောင်းမယ်ထင်တယ်” တဲ့။ ညီမလေးကလည်း အစ်ကိုကိုအားပေးတယ် အစ်ကိုသီချင်းဆိုတာလား တရုတ်ကားထဲက ကဗျာရွတ်တာကို အားကျတာလားတဲ့။ ဒီလိုအားပေးတာတွေကြောင့် ဆက်မတီးတော့ဖြစ်တော့ ပြန်ဘူး။ (တစ်ကယ်ကတော့ လက်ထိပ်လေးတွေနာလို့ ဆက်မတီးတာပါ)
အိမ်မှာက အဖေ့စာအုပ်စင်တွေက သတ်သတ်ရှိပါတယ်။ ကျွန်တော်နောက်ပိုင်း စာအုပ်တွေဝယ်ဝယ်လာတော့ အဖေ့စာအုပ်စင်မှာပဲ သွားသွားတင်ထားတော့ အဖေစာအုပ်ရှာရင် ခက်နေတော့ ကျွန်တော့်အတွက် စာအုပ်စင်အသစ်တစ်လုံး သတ်သတ်လုပ်ပေးတယ်။ စာအုပ်စင်က အကြီးကြီးဖြစ်ပြီး ကျွန်တော့်စာအုပ် ၁ဝ အုပ် ၁၅ အုပ်က အမြင်မတော် ဆင်တော်နဲ့ခလောက် ဖြစ်နေပါရော။ ဒီလိုနဲ့ စိတ်ဝင်စားရာစာအုပ်တွေ ဝယ်ဝယ်ဖတ်ရင်း စာအုပ်စင်က အဆင့်တစ်ဆင့် မှတ်မှတ်ရရ ပြည့်သွားပါရော။ နောက်ပိုင်းတော့ မကြာပါဘူး စာအုပ်စင်လည်း တစ်ဖြည်းဖြည်းပြည့်လာပါရော။ အဲဒီမှာ ကိုယ့်ကိုကိုယ် ပြန်စဥ်းစားမိတာက စာအုပ်တွေက စိတ်ဝင်စားလို့ ဝယ်တာရှိတယ် ဒါကပြဿနာမရှိဘူး တစ်ခါတစ်လေကျတော့ လိုချင်လို့ ဝယ်မိတာရှိတယ် အဲဒီစာအုပ်တွေကတော့ ဝယ်လာကာစတစ်ခါပဲ ဖတ်ပြီးနောက်မဖတ်ဖြစ်ပ
စာအုပ်စျေးကြီးလို့ မဝယ်ဘူးဆိုတာတော့ ဆရာကိုကျေးဇူးကန်းတယ်လို့ ခံစားမိတယ်ဆိုတာကို သေချာပြန်တွေးသွားတယ်။
အဲဒီတယောကြီး ဒီကိုရော ယူလာသေးလား… အခန်းဖော်ကို မကျေနပ်ရင် သီချင်းဆိုရင်း သုံးလို့ရတာပေါ့ း)
ကျွန်တော်လဲ .. သေချာပြန်တွေးလိုက်ဦးမယ် ကလူပျို …။
တယောလက်ဆင့်ကမ်းဖို့ စိတ်ကူးလေးများ မရှိဘူးလားဟင်…
စာအုပ်ကတော့ စုလည်းစုတယ် ဝယ်လည်းဝယ်တယ် အလကားလဲတောင်းတယ်
ယူဖတ်ပြီးလည်း မတောင်းရင် ပြန်မပေးဘူး
နွေးနေခြည် >> တယောယူလာလို့ကတော့ အတူနေတဲ့ အစ်ကိုကအခန်းထဲက ကန်ထုတ်မယ်ထင်တယ်
ပီအမ် >> တယောက ပါမလာဘူး မောင်ပီအမ်ရယ် ယူလို့လွယ်ရင် ပေးပါတယ်
ကိုကိုဒီဘီ >> လက်သုံးစကားများ ဖြစ်နေသလား မသိပါဘူး
ဟိုတစ်ခါ ကြိုးကိုခိုစီးပြီးဆော့တာက ဝါသနာအရလား၊ မဆော့ရမနေနိုင်လို့လား၊
ပန်းချီ ပုံလေး တပုံတော့ အပ်ချင်ပါတယ်၊ အိုးလေး တလုံးနဲ့ လူ ၃ယောက်ပုံလေး ဆွဲ ပေးမလား၊ ဆေတွေ အလကား ဖြစ်ကုန်မှာ နမြောလို့
ကိုလူပျိုကြီး…တယောထိုးသင်တာ…မှတ်သားလောက်ပါပေတယ်….
ရေးပေးတာကျေးဇူးပဲဗျ…..:D
အဲဒီလောက် တောင်ပဲလား ကိုလူပျိုရယ်..
ဟီး.. ဟိုစပ်စပ် ဒီစပ်စပ်ဆိုလို့ ကျွန်တော်လည်း ခုအဲလိုဖြစ်နေတယ်.. Ruby လား Python လား ASP လားဆိုပြီး ဟိုစပ်စပ် ဒီစပ်စပ်ဖြစ်နေတယ်.. နောက်ဆုံးတော့ php ပဲ ပြန်လှည့်သွားတာပဲ.. =D
အဲ.. အားရင် Gtalk ကို ခဏလာပါဦး UML နဲ့ ပါတ်သတ်လို့ မေးမလို့
ဟီး.. ဟိုစပ်စပ် ဒီစပ်စပ်ဆိုလို့ ကျွန်တော်လည်း ခုအဲလိုဖြစ်နေတယ်.. Ruby လား Python လား ASP လားဆိုပြီး ဟိုစပ်စပ် ဒီစပ်စပ်ဖြစ်နေတယ်.. နောက်ဆုံးတော့ php ပဲ ပြန်လှည့်သွားတာပဲ.. =D
အဲ.. အားရင် Gtalk ကို ခဏလာပါဦး UML နဲ့ ပါတ်သတ်လို့ မေးမလို့