တစ်ပါတ်အတွင်း လူ့ခွစာမှတ်တမ်း

တစ်ပါတ်အတွင်း အဆင်မပြေမှု့တွေကတော့ တနင်္လာနေ့ကတည်းက စတယ်ပြောရမယ်ထင်တယ် ရုံးကစက်တစ်လုံး ပျက်သွားလို့ မနက်ကတည်းက ပြင်လိုက်ရတာ ဝိုင်းကူရတယ် Recovery Software များစွာသုံးပြီး စာအုပ်ထဲကလို Disk ကိုရေခဲသေတ္တာထဲထည့်လိုက်လည်း ရေခဲမုန့်မဟုတ်လို့လားမသိပါဘူး ပြန်ကောင်းမလာရှာဘူး။ ပေါက်ပေါက်ရှာရှာဗျာ Disk ငါးလုံးမှာ ၄ လုံးအကုန်ပျက်သွားတယ်။ ကိုယ်နဲ့တိုက်ရိုက် မဆိုင်ပေမယ့် အလုပ်တူတူလုပ်တဲ့ တာဝန်ခံကုလားမလေးကတော့ အဆူခံလိုက်ရတာ သောက်သောက်လဲ မျက်နှာလည်း ဆီးရွက်လောက် ကျွန်တော့်တယ်ဆိုတာ လက်တွေ့မြင်ဖူးသွားတယ်။ တနင်္လာအစည်းအဝေးက စက်ပျက်တာနဲ့ အင်္ဂါကိုပြောင်းသွားပါရောလား။

အင်္ဂါနေ့ ၂ နာရီကတော့ မိတင်ခေါ်တယ်ဆိုတာနဲ့ ရုံးခန်းထဲမှာ ငုတ်တုတ်ထိုင်ပြီး မိတင်ငိုက်တာပေါ့။ တိုက်တိုက်ဆိုင်ဆိုင် အလုပ်လုပ်နေတဲ့စက်က IM ကို Idle မလုပ်ထားခဲ့မိဘူး။ ၃ နာရီခွဲလောက် ပြန်ရောက်တော့ GTalk Account ကနေလှမ်းခေါ်ထားတာ တွေ့ပါရော ကြည်လိုက်တော့ မကြာသေးပါဘူး ခေါ်ထားတာက ၄ မိနစ်လောက်ပဲရှိသေးတယ်။ ကြည့်လိုက်တော့လည်း ဘယ်သူမှန်းမသိဘူး။ ဒါနဲ့ ယဥ်ယဥ်ကျေးကျေးပြန်မေးပါတယ် အစည်းအဝေးလုပ်နေလို့ ချက်ချင်းမဖြေနိုင်လိုက်ဘူး ဘာအကူအညီပေးရမလဲပြောပါလို့ မေးလိုက်မိပါရောလား။

ပြန်ဖြေပုံကညက်တယ်ဗျာ “အသားလွတ်လာ မရောပါနဲ့ ရှင်ကဘာကောင်လဲ” တဲ့ဗျား။ ဒါနဲ့ သူငယ်ချင်းတော့ မဟုတ်ဘူးလို့ သဘောပေါက်လိုက်တယ်။ မဟုတ်သေးပါဘူး ခင်ဗျားခေါ်ထားတာတွေ့လို့ ပြန်မေးကြည့်တာပါ ကိစ္စမရှိပါဘူးဆိုပြီး စကားဖြတ်လိုက်ရော။ ဒါလည်းမရပြန်ဘူး ပြန်ပြောသဗျ “ကိုယ်ဟာကို ခေါ်ချင်လို့ ခေါ်တာဘာဖြစ်သလဲ” ဆိုပြီးရန်တွေ့ပါရောလား။ ပြန်ပြောမနေပါဘူးဆိုပြီး သည်းခံတယ်။ “ကိုယ်ဟာကိုယ်မှားခေါ်တာ ရှင်ကဘယ်လောက် *#$%! ဆင့် ရှိလို့လာပြော *#!@^*# ” ဆိုပြီး နှုတ်ခမ်းတလန် ပန်းတစ်လန် ရန်တွေ့ပါရောလား။

လူတွေနဲ့ အလိုက်အထိုက်ဆိုပြီး အလျော့အတင်းလုပ်ပြီး အပေါင်းအသင်းလုပ်နေတာ နည်းနည်းကြာပါပြီ။ ဒါပေမယ့်အခုတော့ မရတော့ဘူး အတုံးလိုက်အတစ်လိုက် မပြောလို့ကတော့ ဟိုကရပ်တော့မှာ မဟုတ်တော့ဘူး ယဥ်ယဥ်ကျေးကျေး ပြောတာကို ချက်တင်ထဲကငနဲများလို ဖွန်ကြောင်ဖို့ အစပျိုးတယ်များ ထင်နေသလားမသိ။ ရောင်းသူဝယ်သူ အသံတူရမယ် မဟုတ်လား။ “ငါ့မှာမင်းလို ငါးစိမ်းသည် မိတ်ဆွေမရှိဘူး ဘယ်ကအလေနတော အုတ်ကြားမြက်ပေါက်က ငါ့စာရင်းထဲ လာပါနေသလဲ” လို့လည်းပြောလိုက်ရော “မိုက်ရိုင်းလိုက်တာ” ဆိုပြီးတစ်ခွန်းမှ ပြန်မပြောတော့ဘူး။

ဒီရက်ပိုင်း ဘလော့တွေမှာ လိုက်ဆဲနေတယ်လို့ အစ်မ ကောင်းကင်ပြာက ပြောပါသေးတယ်။ ဒီတစ်ခါတော့ လူပျိုကြီးလည်း မဲပေါက်သွားပါတယ် CBox မှာလာဆဲသွားပါရောလား။ ကိစ္စမရှိပါဘူးလေ အများနည်းတူခေတ်မှီသွားတာပေါ့လို့ သဘောထားလိုက်ပါတယ်။ ဆဲတာတောင် စာလုံးပေါင်းမှန်အောင် မဆဲတတ်တဲ့ အကောင်လောက်တော့ အရေးလုပ်မနေလို့ ဖျက်တောင်ဖျက်မထားဘူး။

ကြာသာပတေး နေ့လည်ပိုင်းတွင်လည်း မိတ်ဆွေတစ်ယောက်က ဖုန်းဆက်ပြန်သည် အရေးတစ်ကြီး စာမေးချင်သည် ဆိုပြန်သည်။ အလုပ်ထဲတွင်ဖြစ်နေသဖြင့် ဖုန်းထဲမှပြန်ဖြေမည် မေးပါဆိုတော့ အကြောင်းအရာတစ်ခုကို ရှင်းပြရမည်ဟုဆိုသည်။ ထိုအကြောင်းအရာနှင့် ပါတ်သက်သည်များကို မေးကြည့်ပြန်တော့ တစ်လုံးမှမသိပါ။ ထိုကြောင့် ညနေရုံးဆင်းလျင်လာခဲ့မည် အခုရှင်းပြရန်မဖြစ်နိုင် စာကြိုဖတ်ထားပါဟု စာအုပ်တစ်အုပ်ပင် ညွန်းလိုက်သေးသည် ညနေစောင့်နေမည်ဆိုပြီး ဖုန်းချသွားသည်။ ကျွန်တော်အစ်မ တစ်ယောက်က ဖုန်းဆက်လာသည် စာရှင်းမပြလိုက်သဖြင့် ကျွန်တော့်ကို အင်မတန် စိတ်ဆိုးနေသည်ဟု ပြောသည် အစ်မကို ဖုန်းဆက်တိုင်ပုံရသည်။ အရေးမပါသဖြင့် ဖြေရှင်းရန်ပင် စိတ်ကူးမရှိပါ။
>
မာမီကလည်း ဖုန်းမဆက်တာကြာလို့ မျော်နေတယ်ဆိုလို့ သောကြာနေ့အလုပ်နားလို့အိမ်ကို ဖုန်းဆက်ဖို့ကြိုးစားတယ် မနက်ကတည်းက ဆက်လိုက်တာ ညအထိခေါ်မရဘူး သုံးတာကတော့ Call Back ပါတယ်ဆိုတဲ့ Butterfly ကိုသုံးပြီးခေါ်တယ်။ အိမ်ကဖုန်းနံပါတ်ကိုမရှိပါဘူးဆိုပြီး လုပ်နေပါရောလား။ ဒါနဲ့တစ်ခြားဖုန်းခေါ်လည်း မရပါဘူး။ 1818 ဝယ်ပြီးခေါ်လိုက်မှ ဝင်သွားပါရော။ တစ်နေကုန်ခေါ်မရလို့ ထွက်နေတဲ့ဒေါသတွေက Butterfly အပေါ်ကျပြီသာမှတ် အော်ပရေတာကိုခေါ် သုံးမရမယ့်အတူတူတော့ အလကားမထားဘူး ၈ ကျပ်တန်အောင်တော့ ပြဿနာရှာရမှာပဲ အစုံပလုံ အော်ဟစ်လှတ်လိုက်တယ်။

ကိုယ်နေတတ်သလို နေတာပဲကောင်းတယ် အများလိုလိုက်နေရင် အလကားနေရင်း အလုပ်ရှုပ်တယ်။ ဝတ်ကျေတမ်းကျေ မေးခွန်းများလည်း မေးပြီး လောကဝတ်ပြုရန် မကြိုးစားတော့ပါ။ ကူညီနိုင်သည်များရှိလျင် အားတက်သရောလုပ်ပေးမည် ကျေးဇူးတင်ရန်မလို။ ပြန်လည်မကူညီနိုင်ဆိုပြီးလည်း အားနာရန်မလိုပါ မအားသောအချိန်များ ကူညီမှု့နောက်ကျလျင်သာ သည်းခံပါရန်။ မလုပ်တတ်သောအရာများ အကူအညီ တောင်းလာလျင် မသိပါဟုပြန်ဖြေပါမည်။

7 thoughts on “တစ်ပါတ်အတွင်း လူ့ခွစာမှတ်တမ်း

  1. sin dan lar: ကောမန့်ရေးမရလို့ ဒီမှာရေးသွားတယ်… လူ့ခွစာရေ…
    27 Jun 09, 17:47
    sin dan lar: ဂျီတော့ထဲက ကတော့ လွန်ပါတယ်အေ့….။ လူသေးပေမယ့် စိတ်ကြီးတယ်နော်.. အပြောအဆိုဆင်ခြင်မှ

  2. အဲဂလိုလား ….
    စတော်ဘယ်ရီခြံလေး စိုက်နေပါဗျာ။

  3. လူပျိုကြီး ဆိုတဲ့ အတိုင်း စိတ်ကလည်း တယ်ကြီးသကိုး။
    ဒီလိုပါပဲ ဖြစ်တက်ပါတယ်ဗျာ
    အဆဲခံ ရတယ် ဆိုတော့ ဘလော့ဂ် ခေတ်မှီတယ်လို့ ပြော
    လို့ရနေပြီးဗျ။
    ကျနော် တောင် ဘယ်နေအဆဲခံရမလဲလို့ စောင့်နေတာ။

    ဟဲ ဟဲ ခေတ်မှီချင်လို့

    လာနောက်သွားတယ် အကိုရေ

    ရီနိုမာန်

  4. ကိုလူပျိုတို့ တယ်စိတ်ကြီးသကိုးဗျ တစ်ခါတစ်လေတော့လည်း စိတ်ချဥ်တကယ်ပေါက်တယ်ဗျ

    အလုပ်ဝင်နေပြီပေါ့ ကောင်းပါလေ့ဗျာ

    ခင်မင်စွာဖြင့်
    သီဟသစ်

  5. အဟဲ… ဂျီတောခ့်လား ပြောစမှတ်တွင်အောင် ခံခဲ့ရပြီးပြီ။ ဂျီတော့ခ်ကနေ ဖင်ပါ ချသွားတာဗျ။

    ကျွန်တော်လား… ခံရလွန်းလို့ အရိုင်းကောင်တောင် ဖြစ်နေပါပြီ။ ဆဲတတ်သလား မမေးနဲ့။ မှန်နေအောင် ဆဲတတ်ပြီ။ မအေ နှမ ငါ အကုန် သုံးတတ်သွားပြီ။

    ဘယ်က သင်လဲ ဟုတ်လား…။ ဂျီတောခ့်က သင်တာပါ။ သူတို့ သင်တဲ့အတိုင်း ပြန်ဆဲကြည့်တာပေါ့။

    အခုထိ မှတ်မိနေအောင် ဘယ်လို ကျက်မှတ်ထားသလဲ… ဟုတ်လား။ တစ်ပါတ်မှာ တစ်ခါလောက် ပြန်လှန် လေ့ကျင့်ခန်း လုပ်ဖြစ်တယ်လေ။ အနည်းဆုံး အူကြောင်နွား ဖွန်ကြောင်သားတွေ လာလာတွေ့နေရတော့ လေ့ကျင့်ခန်း မှန်သွားတယ်။

    ~~~~
    အဲဒီလို အတတ်ကောင်းတွေ သင်ပေးတဲ့ ကျေးဇူးတင်ထိုက်တဲ့သူတွေကို သတိတောင် ရမိသေးတယ်။ အခုထိ Block မလုပ်ထားဘူး။ လာထား ဆိုတာပဲ။

Leave a Reply

Your email address will not be published. Required fields are marked *

*

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong> <pre lang="" line="" escaped="" highlight="">