Multiple Screens for Single Login Session

ကွန်ပျူတာအဟောင်းများဖြင့် စတင်သုံးခဲ့သော်လည်း Unix ကိုတော့ ငယ်စဥ်ကအတွေ့ အကြုံမရှိပါ။ Linux ကိုသုံးပါသော်လည်း Command အများစုကို အလွတ်မမှတ်မိပါ မတတ်သာမှသာ Terminal သို့ဝင်ကာသုံး၏။ သာမန်အချိန်တွင်တော့ GUI အားကိုးဖြင့် Click နှိပ်တတ်လျင် အလုပ်ဖြစ်နေသည်မှာ အကျင့်ဖြစ်နေသည်။ Terminal နှင့် Browser ကိုတစ်ပြိုင်တည်းဖွင့်ပြီး ဟိုဘက်ကရှာ ဒီဘက်မှာကူးထည့်ကာ Enter ကိုနှိပ်လိုက်သောနည်းဖြင့် အသုံးချလာသည်မှာ ကြာပြီဖြစ်သည်။

ကံဆိုးသည်ပဲပြောရမလား ကျွန်တော့်စက်ပဲ ကံကောင်းသွားသည်လားမသိ ဆာဗာပေါင်းများစွာ တင်ထားသော ကျွန်တော့်၏ စက်ကလေးမှာ Data ပေါင်းများစွာ မိနစ်ပိုင်းအတွင်း တင်သွင်းသော စမ်းသပ်မှု့များကို လုပ်ဆောင်နိုင်စွမ်းမရှိပါ။ ထို့ကြောင့် ဆရာမှ စမ်းသပ်ရန်ဟုဆိုကာ Server တစ်လုံးကို Lab Operator ထံမှဓားပြတိုက်ပေးသည် Itanium Processor နှစ်လုံးတပ်ဆင်ထားသော အနှီ Server ကားတွက်ချက်နိုင်စွမ်းရှိမည်ဟုဆို၏။

ပြဿနာကား ဆာဗာတွင်တင်ထားသော OS မှာ Die Hard ဟုဆိုရမည့် FreeBSD ကိုတင်ထားသည်။ ကိုယ်ကြိုက်တာလည်း ပြန်တင်၍မရပါ Software ကိုသာစိတ်ကြိုက်တင်ခွင့်ပေးပြီး OS သူ့အတိုင်းသာ သုံးခွင့်ရှိမည်ဖြစ်သည်။ ကျွန်တော် ကွမ်းကျင်သော မသိလျင် Right Click နှိပ်ဆိုသည့် မူဝါဒကိုသုံးမရပါ။ X Window လည်းတင်မထားပါ။ SSH ဖြင့် Remote Login ဝင်လိုက်လျင် Screen အနက်ရောင်ကြီးကိုသာ ဆွဲဆောင်မှု့မရှိစွာ မြင်ရရှာသည်။

ထုံးစံအတိုင်း Browser ကိုဖွင့်ကာ ဦးဂူဂဲကို မေးလိုက်မြန်းလိုက် ရှာလိုက်သုံးလိုက် လုပ်ရသည်။ Lynx ကိုလည်း အင်မတန်စိတ်ညစ်သည် ပုံကလေးများဖြင့် လှလှပပ မြင်နေရသော Browser နေရာတွင် ရောင်စုံစကားလုံးများဖြင့် သည်းခံကာဖတ်ရသည်။ တစ်ခါတစ်ရံ Link များကို မောက်ဖြင့် ယောင်ကာသွားနှိပ်မိ၏။ အကြီးအကျယ်ပြဿနာကား Multiple Window မရသည့်ပြဿနာဖြစ်သည်။ Security Policy အရဟုဆိုကာ Account တစ်ခုဖြင့် Multiple Session ဝင်လို့မရပါဟု ကန့်သတ်ထားပြန်သည်။ ထို့ကြောင့် Lynx ဖြင့်ရှာလိုက် ပြန်ထွက်လိုက် အလုပ်လုပ်လိုက် မသိလျင်ပြန်ဝင်လိုက်ဖြင့် ဂျာအေးသူ့အမေရိုက်ပါတော့သည်။ Putty သုံးနေသောကြောင့်သာ Screen ပေါ်မှ Mouse ဖြင့် Select လုပ်ကာ Command များကို Copy and Paste အလွယ်လုပ်ရနေသဖြင့် ခံသာသည်ဟု ဆိုရမည်။

ထိုကြောင့် Single Session ဖြင့် Multiple Command Interface မည်သို့လုပ်ရမည်ကို ရှာရဖွေရပြန်ရာ Screen ဟူသော Utility ကိုတွေ့ပါသည်။ ရှေးယခင်က Terminal ခေတ်ကလူများ၏ ကြိုးပမ်းမှု့ဟုဆိုရမည် Terminal Screen များစွာကို Single Login Session ဖြင့်ဖန်တီးပေးထားပါသည်။ သို့သော် Window Environment မဟုတ်သောကြောင့် Screen တစ်ခုနှင့်တစ်ခုကို ပြောင်းလိုပါက Short Cut ဖြင့်ပြောင်းပေးရသည်။ မည်သို့ပင်ဖြစ်စေ တစ်ခုချင်း ပြန်လုပ်ရသည်ထက် များစွာခရီးတွင်ပါသည်။ လိုအပ်ပါက ပြန်မှတ်မိစေရန် Short Cut များကို Blog တွင်တင်ကာမှတ်ထားလိုက်သည်။ အသုံးတည့်သူများလည်း သုံးလိုကသုံး၍ရပါရန်နှင့် ကျွန်တော်မကြာခင်မေ့မည် ဖြစ်သောကြောင့် ပြန်ဖတ်ရလွယ်ရန် မှတ်ထားခြင်းလည်းပါသည်။







































































Command Description
Ctrl-a + c Create new window (shell)
Ctrl-a + k Kill the current window
Ctrl-a + w List all windows (the current window is marked with “*”)
Ctrl-a + 0-9 Go to a window numbered 0-9
Ctrl-a + n Go to the next window
Ctrl-a + Ctrl-a Toggle between the current and previous window
Ctrl-a + [ Start copy mode
Ctrl-a + ] Paste copied text
Ctrl-a + ? Help (display a list of commands)
Ctrl-a + Ctrl- Qui
t screen
Ctrl-a D + (Shift-d) Power detach and logout
Ctrl-a + d Detach but keep shell window open


8 thoughts on “Multiple Screens for Single Login Session

  1. အတော်ရှုပ့်ပါလား. ညဏ်ရည်မြင့်လို့သာခံနိုင်မယ်ထင်တယ်။

  2. ကိုလူပျိုရေ
    အနက်ရောင် screen ကြီးထဲမှာ သူများနားမလည်နိုင်တဲ့ဟာတွေ ဟိုရိုက်ဒီရိုက် ရိုက်ရတာ ပျော်စရာကြီးနေမှာနော် :D

    ကျွန်တော်တော့ အရင်က သုံးဖူးတယ် ကြာလှပြီ ဘာမှ မသိတော့ဘူး

    ခင်မင်စွာဖြင့်
    သီဟသစ်

  3. ကိုလူပျိုရေ မရောက်တာကြာလို့ လာဖတ်တာ .. FreeBSD က အရမ်းစိတ်တိုဖို့ကောင်းတဲ့ OS ပဲ.. ကျနော် Gnome2 ကို ports ကနေ upgrade လုပ်တာ အားပါးပါး make နေလိုက်တဲ့ဖြစ်ခြင်း. ပြီးကို မပြီးနိုင်ဘူး။ စက်ကိုဒီအတိုင်းဖွင့်ထားပြီး အိပ်တော့လဲ.. မနက်ကျတော့ တချို့ compile options တွေနဲ့ အဖြေကို စောင့်နေလေရဲ့ .. စိတ်တိုဖို့ကောင်းတယ် :D

  4. ကိုလူပျိုရေ မရောက်တာကြာလို့ လာဖတ်တာ .. FreeBSD က အရမ်းစိတ်တိုဖို့ကောင်းတဲ့ OS ပဲ.. ကျနော် Gnome2 ကို ports ကနေ upgrade လုပ်တာ အားပါးပါး make နေလိုက်တဲ့ဖြစ်ခြင်း. ပြီးကို မပြီးနိုင်ဘူး။ စက်ကိုဒီအတိုင်းဖွင့်ထားပြီး အိပ်တော့လဲ.. မနက်ကျတော့ တချို့ compile options တွေနဲ့ အဖြေကို စောင့်နေလေရဲ့ .. စိတ်တိုဖို့ကောင်းတယ် :D

Leave a Reply

Your email address will not be published. Required fields are marked *

*

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong> <pre lang="" line="" escaped="" highlight="">