ဖြစ်တည်ဆဲလော ပျောက်ဆုံးခြင်းလော

မိသားစုငါးယောက် အငယ်ဆုံးသား အစဥ်အလာ မှန်သမျကို ဘယ်တော့မှလက်မခံ မမြင်မတော်ပါက မြင်သည့်အတိုင်းပြော၍ ဘယ်သူနှင့်မျ မတည့်သော ကျွန်တော့်အဖေ။ ကလေးအလွန်ချစ်တတ်သည် ငယ်စဥ်တက္ကသိုလ် ကျောင်းသားဘဝ သထုံဆောင်တွင် နေစဥ်ကတည်းက ကျောင်းပိတ်ရက် အလွန်ဆော့သော တူသုံးယောက်ကို အဆောင်တွင်ခေါ်ပြီး ဆော့တတ်သည်။ အိမ်ထောင်ကျ၍ အကြီးဆုံးသား ကျွန်တော်ကိုလည်း အဖေသာအမြဲထိမ်းသည်။ အမေချစ်သားဟု အမြဲပြောတတ်သည် အဘယုံကြောင့်ဆိုသော် အမေကိုမကပ်ပဲ အဖေကိုကပ်သောကြောင့် အမေအလုပ်ပျက် သက်သာသော ကြောင့်ဖြစ်သည်။

အဖေကလေးထိမ်းသော ပုံစံမှာသူများနှင့် မတူပါ။ ကလေးကို ငိုပါက တတ်နိုင်သမျချော့ပါသည် မုန့်လိုချင်သည်ဆိုက ဝယ်ကွေး၏ တစ်နေရာသွားချင်သည်ဟု ဆိုပါလျင်လည်း မညည်းမညူလိုက်ပို့၏။ သို့သော် မဖြစ်နိုင်သော ကိစ္စများကို ပူဆာ၍ငိုလျင်ကား ကလေးကို နားမလည်မှန်းသိလျက်နှင့် လူကြီးကိုပြောသလို အကျိုးသင့် အကြောင်းသင့် ပြောကာချော့၏ မရလျင်ကား ကလေးကို ချီလည်းမချီတော့ ချော့လည်းမချော့တော့ပဲ ငိုချင်သလောက်သာငိုဆိုကာ မသိချင်ယောင်သာ ဆောင်နေတော့သည်။ အဖေ့သီအိုရီအရကား ကလေးကို စကားမပြောပဲ မသိချင်ယောင်သာ ဆောင်နေပါက ၁ဝ မိနစ်ထက် ပို၍ငိုနိုင်သော ကလေးကားရှားသည်ဟုဆို၏ အလွန်ဆုံး မိနစ် ၂ဝ အတွင်းငိုချင်ပါသော်လည်း ချော့မည့်သူမရှိ၍ ဆက်၍ငိုမရသော အဖြစ်သို့ရောက်၏။ အလွန်ငိုသော ကျွန်တော့် တူဝမ်းကွဲလေးတစ်ယောက်ကို စမ်းသပ်ကြည့်သည်မှာ အောင်မြင်သည်။ ၁၅ မိနစ်ကြာသောအခါ ကလေးမှာ ဆက်ငို၍မရတော့ပဲ အလိုလိုရပ်သွားသည်ကို တွေ့ဖူးသည်။ သို့သော် အငိုတိတ်ခါနီး သွား၍စကားသွားမပြောပါနှင့် အရှိန်တက်ကာ ပို၍ငိုနိုင်သွားတတ်သည်။
Continue reading

ဓာတ်ပုံမှတ်တမ်းနှင့် စိတ္တဇအတွေးများ

ဓာတ်ပုံကိုကြည့်၍ ပုပ္ပားရောက်သလား ဖိုးဝင်းတောင်ရောက်သလား မတွေးလိုက်ပါနှင့် စင်္ကာပူကွန်းပေါ်မှ အမြင့်ဆုံးဆိုတော့ တောင်ပုတုကလေးပေါ် အတက် တောင်ခြေတွင် မျောက်တစ်အုပ် သောင်းကျန်း နေခြင်းဖြစ်ပါသည်။ စင်္ကာပူမှ မျောက်များမှာ သနားစရာကောင်းလှသည် မျောက်ဖြစ်ပင်ငြားသော်လည်း တက်စရာသစ်ပင် ရှားပါးသောကြောင့် တစ်ခါတစ်ရံ အလေ့အကျင့် မပျက်စေရန် ဓာတ်တိုင်ကို သစ်ပင် အမှတ်ဖြင့် အတက်ကျင့်ရပုံရ၏။
Continue reading

မှတ်မိသလောက် အတွက်အချက်များ

ဗမာပြည်မှာ သင်္ချာဆိုတာကို သိသလောက် စဥ်းစားကြည့်တော့ ဂဏန်းသချင်္ာကတော့ ထင်ထင်ရှားရှား တွေ့ရပါတယ်။ ကိန်းဂဏန်းဆိုတာက များလာရင်မှတ်မိဖို့ မလွယ်ပါဘူး။ အခုနောက်ပိုင်း လက်တွေ့ တိုင်းထွာချက်အရဆိုရင် ဂဏန်း ရ လုံးထက် အပို ၂ အလို ၂ ဆိုပြီးဆိုပါတယ်။ ဗမာတွေကတော့ ကိန်းဂဏန်းထက်စာရင် စာနဲ့ပိုပြီးမှတ်မိအောင် လုပ်ထားတတ်တယ် လူသိများတာတွေဆိုရင် သက္ကရာဇ်တွေကို စာနဲ့ကိုယ်စားပြုတယ် လှည်းဝင်ရိုးသံတစ်ညံညံ၊ ရှေလသာဝါဝါဝင်း၊ ဥသြအော်မြည်၊ အောင်ကျော်ချမ်းအေး ဆိုတာတွေက အားလုံးကြားဖူးကြပါတယ်။

ကိန်းတန်ဖိုးကို အက္ခရာနဲ့ မှတ်ထားလိုက်တာက ဗမာနည်းဗမာ့ဟန်ပေါ့။ ဒါတွေက ဗေဒင်ကနေလာလို့ သုညကနေ ခြောက်အထိပဲရှိတယ် ကိန်းအားလုံးကို ကိုယ်စားမပြုနိုင်ဘူး ဒါကြောင့်တစ်ချို့ သက္ကရာဇ်တွေကိုတော့ ရေးလို့မရပါဘူး။ ဗေဒင်ကနေလာတယ်ဆိုတော့ မူရင်းကတော့ မဇ္ဇိမကပေါ့။ ဒါပေမယ့် အိန္ဒိယမှာ ကိန်းကို အက္ခရာနဲ့ဗမာတွေလို ရေးတာရှိမရှိတော့ လက်လှမ်းမမှီတော့ မသေချာပေမယ့်။ တွေ့ရသလောက်ကတော့ ဗမာပြည်ရောက်မှ အသုံးချနည်း တိုးသွားတာလို့ ခန့်မှန်းပါတယ်။
Continue reading