
မန္တလေးအိမ်မှာဆိုရင် ညပိုင်းဆိုရင် ဆိုင်တွေကိုမနက်က အကွေးပေးလိုက်တဲ့ ကုန်ဖိုးတွေ လိုက်ကောက်ရတယ်။ ဆိုင်တွေမှာလည်း လက်ကလေးတစ်ဘက် လှုပ်တုတ်လှုပ်တုတ် ကြောက်ရုပ်လေးတွေ ကောင်တာတွေပေါ်မှာ တင်ထားတတ်တယ်ဗျ။ မေးကြည့်တော့လည်း ဘာမှန်းဘယ်သူမှ ရေရေရာရာ မသိကြဘူး။ အင်တာနက်မှာ ရှာကြည့်လိုက်တော့မှ ဂျပန်ရိုးရာဆိုပဲ Maneki Neko လို့ခေါ်တယ်ပြောတာပဲ။ ဗမာပြည်တော့ တရုတ်ကဝင်တဲ့ ဂျပန်အရုပ်လို့ ပြောရမယ်ထင်တယ်။ လက်ကလေး လှုပ်နေတော့ လူခေါ်တယ် ဒီတော့စျေးဆိုင်ဆိုတော့ ဧည့်များတော့ လာဘ်ကောင်းတယ်ဆိုပဲ။ ဆိုင်တစ်ဆိုင်ကတော့ အဘွားလက်ထက်ကတည်းက ဖောက်သည်ဆိုတော့ အမျိုးလိုခင်နေတာဗျ။ ဆိုင်ရှင်မိန်းမကြီးက အဒေါ်နဲ့ဆို ငယ်ကတည်းက စီးပွားဖက်ဖြစ်နေတော့ ကျွန်တော့်ကိုလည်း အင်မတန်ခင်တယ်။ မနက်ခင်းသွား ကုန်ပို့ရင်တော့ ဟုတ်နေတာပဲ ဒါပေမယ့် ညပိုင်းမှာ ကျွန်တော့်ကို ဆိုင်ပေါက်ဝကနေ ဝင်လာတာမြင်ရင်တော့ ကောင်တာပေါ်က ကြောင်ရုပ်ကို ကောင်တာထဲ ဇွပ်ကနဲ့သိမ်းတယ်ဗျ။ နောက်ပိုင်း သတိထားမိတော့ မေးကြည့်တယ် အန်တီက ကျွန်တော့်မြင်တာနဲ့ ဘာကိစ္စ အရုပ်ကိုသိမ်းတာလဲ ကျွန်တော်က မယူပါဘူးဗျလို့ ပြောလိုက်တော့ “ဟဲ့ အရုပ်ပျောက်မှာ ကြောက်လို့ မဟုတ်ဘူး နင်ကပိုက်ဆံပေးမယ့်လူမဟုတ်ဘူး ပိုက်ဆံတောင်းမယ့်လူ နင်ရှိတုံး ကြောင်ရုပ်တင်ထားရင် နင့်လိုတောင်းမယ့် လူတွေကြည့် လာနေရင်ဒုက္ခများတယ်” တဲ့ဗျာ ကောင်းရော။ ဘလော့ကလည်း ဒီရက်ပိုင်း လူအလာနည်းတယ်လေ ဒီတော့ အတုမြင် အတတ်သင်ပဲ ပြောပြောပေါ့လေ ငယ်ငယ်ကတည်းက မြင်တွေ့နေရတဲ့ စျေးသည်လူခေါ် အဲလေ ဘလော့လူခေါ် ဓာတ်ရိုက်လိုက်ဦးမယ် အဟိ။
(မှတ်ချက်။ တစ်ကယ်ကတော့ စာမရေးလို့ လူမလာတာပါ။ ရေးစရာမရှိတော့လည်း လူခေါ်လို့ကမရတာနဲ့ တစ်ချက်ခုတ် နှစ်ချက်ပြတ် စာရေးဓာတ်ရိုက် နှစ်ခုပေါင်းလိုက်ခြင်းဖြစ်၏။ စျေးတန်းထဲက ဓာတ်ရိုက်နည်းကတော့ မလိုအပ်သေးဟုထင်သဖြင့် မသုံးသေးပါ။)
နာတော့ တနေ့ အခေါက်တရာလောက်လာနေတာ ပြန်တောင် မပြန်ဖြစ်ဘူး၊ ဟိဟိ၊ ရေးတဲ့ လက်ချင်းတော့ တူနေပီ၊ နာရေးတာ လူ လက်၊ တူရေးတာ ကြောင်လက် ဒါပဲ ကွာတယ်၊ ကဲ လာစေ လာစေ
ဓာတ်ရိုက်ဓာတ်ဆင် လုပ်ထားလို့ မျက်စိလည်လမ်းမှားပြီးတောင် ရောက်လာတယ် း)
လူပျိုကြီး)))))) ကျုပ်အတွက်တော့ အဆောင်မလိုဘူးဗျ…ရေးရေး မရေးရေးလာလည်ဖြစ်နေတာ…ဟီး..ဟီး..
တော်ကြာ ဒီအဆောင်ဓါတ်ရိုက်ဓါတ်ဆင် လုပ်ပြီးမှ ခင်ဗျားကို လာဆဲတဲ့သူ ထပ်လာနေဦးမယ်ဗျ…ဒီပို့စ်ကိုဖတ်ပြီး ရီနေရတယ်ဗျို ့…..
စာလည်ဖတ်တဲ့သူများများလာပါစေ…အောက်တန်းကျသူများ ဆဲဆိုခြင်းမှကင်းဝေးပါစေဗျာ…..
မူပိုင်ခွင့်မတောင်းပါလား ဒီလူ။
လာတဲ့လူတွေကိုတော့ ကောင်းကောင်းဧည့်မခံပဲ(လက်ဖက်သုတ်လေး၊ ရေနွေးကြမ်းလးစသဖြင့်)
မမပြာ – လာပါလာပါ ဟဲဟဲ
နွေးနေခြည် – ဘယ်ရမလဲ ပျောက်နေတဲ့လူတွေ ဓာတ်ရိုက်ခေါ်လိုက်တယ် အဟိ
မမီးငယ် – ဟုတ်ပါ့နော် တော်ကြာ ဗရုတ်သုတ်ခတွေလည်း လာနေဦးမယ် အကာကွယ်လေး ထပ်ပြီး ဓာတ်ရိုက်ဦးမှထင်တယ် ဟီး
ကဒီဘီ – ဟုတ်ပါ့ ဖိုရမ် လူစည်အောင် လုပ်တဲ့ ယတြာကို ယူသုံးမိပြီ
မမဆင် – အဝေးရောက် ဧည့်ခံလို့ ရမယ့်နည်း ပေးပါလားဟင်
ဟုတ်တော့ဟုတ်တယ်။ ကိုကိုဒီဘီ ဆီသာ လာနေတာ လူပျိုကြီးဆီမလာဘူး။
ဒီနေ့ကိုကိုဒီဘီ ချက်ဟစ်ထရိီကိုဖတ်တယ်။ လူပျိုကြိးကို တွေ့သားဘဲ လာဘို့စိတ်ကူးမရှိပါဘူး. ကုိကိုဒီဘီ ရေးထားတာဖတ်တယ်။ အဲဒါလဲ လူပျိုကြီးစီလာဘို့စိတ်ကူးမရှိသေးဘူး. ပြန်တော့မယ် ဆိုပြိး မျက်လုံးက မထင်မှတ်ဘဲ အိုင်ဖုံးလင့် ဆီရောက်သွားတယ။် ပုံမှ ် က ကိုကိုဒီဘီ လင့်တွေ ကို သိတ်မဖတ်ဖြစ်ပါဘူး. ကိုယ့်လင့်နဲ့ကိုယ်ဘဲဖတ်နေတာ။ အဲဒီမှာ အိုင် ဖုံးကိုဖတ်လိုက်တယ။် ပြီး ကိုကိုလူပျိုကိုတွေ့တာနဲ့ထပ်ဖတ်လိုက်မိတယ။် အဲသလိုနဲ့ ရောက်လာပါတယ်။ ဒါတ်ပဲရိုက်ရိုက် ။ဓါတ်ဘဲ ဆင်ဆင် ဆိုင်မဆိုင ်မသိ ရောက်လာပါတယ။်
အိိမ်က ပေးလိုက်တဲ့ အထဲမှာ သော့ပါတဲ့ ဆွဲံကြိုးလေးများရှိရင ်မဆွဲပါနဲ့ အိမ်ထောင် ဘယ်လိုမှ မကျတော့ဘူး။
သေချာတာ ကတော့ မှန်မှန်ရေးပါ. လူမှန်မှန်လာပါ့မယ။် မရေးရင်တော့လဲ မတွေ့တာကြာလို့လူမလာဘူး. ယထြာ ကနောက်. ကြိုးစားမှုက အရင်ပါ။ အဲဒီပိုစ် နစ်ခုမတင်လဲ တခြားပိုစ်နစ်ခုကိုတင်လိုက်ရင် လဲ လူတွေ ရောက်လာကြမှာပါဘဲ.
ဖြစ်ရမယ်…..
နော်လာတကတော့ ဒီဓါတ်ရိုက်လို့ဟုတ်ဘူးထင်တယ်နော်…
အရေးအသား ကြိုက်လို့…..