လူကြီးဆိုတာ တစ်ခါက လူငယ်ပါပဲ

တစ်ခါက ရွာတစ်ရွာမှာ မုဆိုးမ သားအမိနှစ်ယောက် ရှိကြသတဲ့။ ကြုံရာအလုပ် လုပ်ကိုင်စားကြပြီး ဆင်းဆင်းရဲရဲ နေကြရတာပေါ့။ ကံကောင်းသလား ကံဆိုးသလားတော့မသိဘူး မြို့က မုဆိုးဖို သူဌေးကြီးတစ်ယောက်က သမီးဖြစ်တဲ့ လူကိုမျက်စေ့ကျပြီး အိမ်လာလာနေပါရောတဲ့။ မုဆိုးဖိုကြီးကလည်း မုဆိုးဖို ဆိုတာကလွဲရင် ဘာမှတော့ အထွေထွေထူးထူး ပြောစရာတော့ မရှိဘူးတဲ့။ ဒီတော့ မအေဖြစ်သူကလည်း သဘောတွေတူနေတာပေါ့။ ဒါပေမယ့် သမီးဖြစ်သူကတော့ ဒီမုဆိုးဖိုကြီး ဘယ်ကြိုက်ပါ့မလဲ။ ကြာတော့ အမေဖြစ်သူက သမီးဖြစ်သူကို အပြတ်ပြောရတယ်။



အမေ။ ။ ညည်း ဒီတစ်ခါတော့ ငြင်းလို့မရတော့ဘူး ယူကိုယူရမယ်အေ။
သမီး။ ။ အမေကလည်း မုဆိုးဖိုကြီး သမီးက မကြိုက်ပါဘူးဆိုနေ၊ အမေသဘောကျရင် အမေယူပါလား။
အမေ။ ။ ငါ့မကြိုက်လို့ပေါ့အေ့ ကြိုက်ရင်ယူတယ်။ စကားများစမ်းပါနဲ့အေ မုဆိုးဖိုဆိုတာ အရင်ကတော့ လူပျိုပါပဲအေ့။
သမီး။ ။ ဟာ…. မယူနိုင်ပါဘူးဆိုနေ။
အမေ။ ။ စကားများနဲ့ ဒီနေ့ညနေ သူလာပြီး လူကြီးတွေနဲ့ လာတောင်းလိမ့်မယ် ညည်း လူကြီးတွေ ကွေးမွေးဖို့သာ ထမင်းဟင်း ချက်ဖို့ပြင်တော့။

သမီးဖြစ်သူကလည်း အမေဖြစ်သူ့စကားဆိုတော့ နားမထောင်လို့ကလည်းမရ ဒါနဲ့ ထမင်းဟင်း ချက်ရတာပေါ့။ ညနေပိုင်း မုဆိုးဖိုကြီးကလည်း လူကြီးစုံရာနဲ့ အိမ်ရောက်လာပါရော။ ပြောကြဆိုကြပေါ့ သမီးဖြစ်သူကတော့ မျက်နှာမကောင်းဘူးပေါ့။ ပြီးတော့ ထမင်းကွေးဧည့်ခံမယ်ဆိုပြီး မအေဖြစ်သူက သမီးဖြစ်သူကို ပြင်ဆင်ခိုင်းတယ်။


လူကြီးတွေအားလုံး စားကြသောက်ကြတာပေါ့ ဟင်းတွေကလည်း ဖွယ်ဖွယ်ရာရာပါပဲ။ လူကြီးတွေကလည်း ပြောကြတာပေါ့ ဟင်းတွေကလည်း စားလို့ကောင်းလိုက်တာဆိုပြီး။ အဲဒီလိုနေတုန်း သမီးဖြစ်သူက နေဦးမေ့နေတာ ဟင်းတစ်ခွက် ကျန်သေးတယ်ဆိုပြီး ကြောင်အိမ်ထဲကနေ ထုတ်လာတယ်။ စားလိုက်တော့ ဘယ်သူမှ အဲဒီ့ဟင်းကို ဖဲ့လို့လည်းမရ ဝါးလို့လည်းမရ။





လူကြီး။ ။ သမီးရယ် ညည်းဟင်းက ဘာလို့ ဝါးလုံးတွေ ချက်ထားတာလဲ ဝါးလို့မရဘူး။
သမီး။ ။ အဲဒါ မျစ်ပါ အဘရဲ့ ဝါးလုံးမဟုတ်ပါဘူး။
လူကြီး။ ။ ဟုတ်သေးပါဘူးကွယ် ဒါက ဝါးလုံးတွေပါဟ။
သမီး။ ။ အဘရယ် ဝါးလုံးဆိုတာ အရင်ကတော့ မျစ်ပါပဲ။


မအေဖြစ်သူကတော့ မျက်စိမျက်နှာတွေပျက်ပေါ့။ လူကြီးတွေကတော့ သဘောကျပြီး ဝိုင်းပြီးရယ်ကြတာပေါ့။ အဲဒီတင် သမီးဖြစ်သူကို လာပြီးတောင်းတဲ့ လူကြီးလည်း ရှက်ပြီး ပြန်ပြေးပါရောတဲ့။

11 thoughts on “လူကြီးဆိုတာ တစ်ခါက လူငယ်ပါပဲ

  1. ဟီးဟီး ချိတ်ချိုးနဲ့နော် ၊ မေးပါရစေ၊ လူပျိုကြီးဆိုတာ အရင်က မုဆိုးဖိုလားဟင်

  2. လူပျိုကြီးဆိုတာ တစ်ခါတုန်းက ?
    မမပြာပြာမေးတဲ့ဟာပဲလား
    :)

    ခင်မင်စွာဖြင့်
    သီဟသစ်

  3. ဘယ်ကလာ …. မုဆိုးဖိုဆိုတာ တခါက လူပျိုကြီးတဲ့ …

  4. ကိုလူပျို နောင်တတွေ ရနေပြီလား…နောက်ဆိုသေချာစဥ်းစားနော်…
    လူပျိုကြီး မှစ်ကြိုက်လား…

  5. ရေးမိတာကိုက နာ့အမှား ကိုယ့်စာနဲ့ ကိုယ်ပြန်ပြီး အတွယ်ခံနေရပြီ။

  6. ကဲ လူပျိုကြီးဆိုတာ အရင်တုန်းက လူပျိုလေးပါပဲတဲ့
    ဒီတော့ သန်တယ် မြန်တယ် သွက်တယ် လက်တယ်
    ရှင်းရော

  7. ဟားဟား လူပျိုကြီးအတွယ်ခံရတာသိလို်က်ပီ
    ဝါးလဲ မျစ်ပါနော်
    း)

  8. လူပျိုကြီး ဆိုတာ တစ်ခါက လူငယ်ပါပဲ လို့ ခေါင်းစဥ်ကို မှားဖတ်မိနေတာ…. :)

Leave a Reply

Your email address will not be published. Required fields are marked *

*

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong> <pre lang="" line="" escaped="" highlight="">