အလုပ်ကလည်း တစ်ခါတစ်လေ လုပ်ချင်တာတွေက များများနေတော့ မေ့တတ်တဲ့အကျင့်က ပြန်ပေါ်လာတယ်။ အီးမေး ပို့လိုက်တယ် Attachement မေ့သွားတာကတော့ ရိုးနေပြီ။ အရင်တစ်ပါတ်ကလည်း ဆရာကို စမ်းထားတဲ့ အဖြေတွေ ပို့လိုက်တာ ဆရာကချက်ချင်းပြန်လာတယ် အဖြေတွေကကောင်းပါတဲ့ ဒါပေမယ့် ငါဖတ်လို့မရဘူးတဲ့ ဘာလို့လဲဆိုတော့ မင်း Attachement ကျန်နေခဲ့တယ်တဲ့ ကောင်းရော။ ဒါပေမယ့် ငယ်ငယ်က ကြုံဖူးတဲ့လူကြီးလောက်တော့ မဆိုးသေးဘူး။ တစ်ခါဗျာ ကျွန်တော့်အဖေနဲ့ တောင်ကြီးကနေ မန္တလေးကို အလည်ပြန်လာတာ အခုခေတ်လို ကားတွေလမ်းတွေကလည်း မကောင်းသေးဘူး တိုက်ရိုက်ကားမမှီတော့လို့ မိတ္ထီလာကိုအရင် ဆင်းလာရတယ် ခုံဘေးကပ်လျက်မှာ ပါလာတဲ့ လူကြီးတစ်ယောက်နဲ့ အဖေနဲ့က လေပေးဖြောင့်နေတာပေါ့။ အောင်ပန်းရောက်လို့ ထမင်းစားနားတော့လည်း အတူတူဆင်းလာပြီး လက်ဘက်ရည်သောက် ထမင်းစားကြတာပေါ့။ စားနေရင်းနဲ့မှ အလန့်တကြား ဘာပြောလဲဆိုတော့ ကျွန်တော့် မိန်းမကမြို့မစျေးထဲမှာ စျေးဝယ်နေတာ အပြင်ကနေစောင့်လို့ ပြောထားတာကို မေ့ထားခဲ့မိပြီတဲ့ ပြန်မှဖြစ်မယ်ဆိုပြီး အောင်ပန်းရောက်မှ တောင်ကြီး အူလျားဖားလျား ပြန်တက်သွားတယ်။ ဟိုရောက်မှ မိန်းမနဲ့ ဘယ်လိုစာရင်းရှင်းကြသလဲတော့ မသိတော့ဘူးဗျာ။
ကိုလူပျိူကြီးရေ အရမ်းကောင်းတယ်ဗျာ
ရယ်စရာတွေက အသက်ကို ရှည်စေတယ်တဲ့ အကိုကောင့်မလေးကတော့ အမြဲတမ်းရယ်နေရလို့ အသက်ရှည်မှာသေချာတယ်နော် . . .
ဆိုးပ ဆိုးပ လူပျို ရေ၊
ဟိဟိ အပေါ်က တယောက်က အကို့ကောင်မလေးတဲ့ အသက်ရှည်မယ်တဲ့ မွေးသေးဘူး လို့ ပြောလိုက်
shwebo တို့များ အပြောချိုလိုက်ပုံက ပြောမပြောချင်ဘူး
ဟဲဟဲ လူပျိုကြီးတို့လည်း ရန်ကုန်မှာ ဘာကျန်ခဲ့လဲမသိဘူး
မမေးဘူးသဘောထားလဲ ဖြစ်ပါတယ် O.o
ဒီပုံပြင်က ရိုးနေပြီ။
အဖေ့အကြောင်းဘဲပြောစရာရှိသလား
အမ်… ဒီဟာက မရေးဖူးပါဘူး အဘွားရယ် ဒါပေမယ့် ရေးတော့ လူကဇဝေဇဝါဖြစ်နေတာ ရေးပြိးသလိုလို ပြန်ရှာတော့လည်း မတွေ့ဘူးဗျ။ ပုံပြန်မဟုတ်ပါဘူး တစ်ကယ်ဖြစ်တာဗျ။
မဖြစ်သေးပါဘူး ကျုပ်သမီးနဲ့ လူပျိုကြီးကို ပေးစားဖို့တော့ …တော်ကြာ ပျိုပျို ့ အဖေ ဘေးက လူကြီးလိုဖြစ်နေမှ ဒွတ်ခ မန်းလေးသားကြီးရေ ့…
လူပျိုကြီး ၂၅ လို့ ပြောတာယုံဖို့တော့ ခက်သေးရဲ ့…
မေ့တတ်ရတာနဲ့ ဘလော့ဂ်ထဲမှာရေးထားတာတွေက ဒဿနဆန်ရတာနဲ့
ယုံဘူး…
အန်တီယောက္ခမ mie nge
my dad once left my mom at the cinema .
dunno how they solved it out .
heee