လူပျိုကြီးများမှာ နေရတာတစ်ကာ မျက်နှာငယ်လှသည်။ သူ့ခမျာတစ်ယောက်တည်း မချက်တတ်မပြုတ်တတ် အစားဆင်းရဲရှာတယ်ဟု လူအများအတင်း တုတ်တတ်ကြသည်။ အမျိုးသမီးများသာ ချက်တတ်သည်ဟု မည်သူပြောသနည်း။ အမျိုးသမီးများ ချက်တတ်ပါသည်ဆိုလည်း အလွန်ဆုံးမိသားစုတစ်စု စားရုံသာချက်ပြုတ်ကြရသည်။ အလှူတွင်အမျိုးသမီး အိုးသူကြီးများ တစ်ခါမှမမြင်ဖူးပါ။
အိမ်ထောင်သည်များမှာလည်း တစ်ခါတစ်ယံ ဇနီးသည်မှ ခြိမ်းခြောက်ခြင်းကို ခံရတတ်သည်။ အမျိုးသမီးများက စိတ်ဆိုးသည့်အခါတိုင်း ထမင်းဟင်းချက်မကွေးခြင်း ဟင်းကိုမကြိုက်သည်များကိုသာ တမင်သက်သက် ချက်ကွေးခြင်းများဖြင့် နိုင်ရာနည်းဖြင့် နှိပ်စက်တတ်ကြသည်။
အမျိုးသားများအတွက်ရည်သန်ကာ လူပျိုကြီး၏ ချက်နည်းပြုတ်နည်း သင်ခန်းစာများကို လောကအလှ အွန်လိုင်းမဂ္ဂဇင်းတွင် စတင်ရေးသားနေပါသည်။ ပဏာမအနေဖြင့် ခုတ်နည်းထစ်နည်း ပါးပါးလှီးနည်းများကို စတင်ရေးသားနေပါပြီ။ မည်သူမဆို သွားရောက် ဖတ်ရှု့နိုင်ပါကြောင်း အသိပေးလိုက်ပါသည်။
http://www.lawka-ahla.com/news.php?item.790
http://www.lawka-ahla.com/news.php?item.792
http://www.lawka-ahla.com/news.php?item.793
စာလုံးပေါင်းပြင်ပါ
တခါတရံ
နေရာတကာ….ဆရာလုပ်သွားသည်…
ဒီလူပျိုကြီးကိုတော့ လုံးဝ လုံးဝ မထင်ရဲပါ…
ချက်တတ်မှန်း ထင်ပါတယ်…ဒါပေမယ့် စားကောင်းအောင် ချက်တတ်လား မ ချက်တတ်လားဆိုတာကိုတော့ မြည်းကြည့်မှ သိပါမည်…
ကျမအမျိုးသားကတော့ ချက်ပြုတ်တဲ့နေရာမှာ ကျမထက် အများကြီး သာပါတယ်…ဒါကြောင့် အမျိုးသားများ ချက်ပြုတ်ရေးမှာ အမျိုးသမီးများထက်
သာလွန်ကြောင်း ကိုယ်တွေ့ မို့လို့ သဘောတူပါသည်…ကျန်တာတော့ မပြောတတ်ပါ…
အမျိုးသားများသာ ချက်တတ်အောင် လုပ်ထားပါလေ၊
အော် လူပျိုကြီးက ဒါလည်း ရတယ်လား။ ဒီတခါ ရောင့်အိမှာ စုပြီး ချက်စားကြရင် ခေါ်ချက်ခိုင်းမယ်နော်။
အမျိုးသမီးများသာ ချက်တတ်သည်ဟု ဘယ်သူမှ မပြောပါ။
စားသောက်ဆိုင်တွင် အဖြူရောင်ဦးထုပ်ရှည်ကြီးများဆောင်းထားသော ချီးကွတ်များမှာ အမျိုးသားများသာ ဖြစ်မည်ထင်ပါသည်။
လောကအလှကိုသွားကြည့်ပြီးပါပြီ.. တို့ကတော့ ဒါး တစ်ချောင်းထဲနဲ့ လိုရာသုံးပါသည်။
သက်သေပြရန်။ ။
ချက်တတ်ပြုတ်တတ်တယ်ဆိုတာ အိမ်ခေါ်ထမင်းဖိတ်ကျေးပြီးသက်သေပြပါ။
လူပျိုကြီး ချီးကွတ် လုပ်မလို့လား … ဟီးဟီး ဆင်ဆင်စကား ငှားသုံးသွားတယ်။
လူပျိုကြီး
အိမ်ထောင်ရှင်ထီးကောင်းကြီး ဖြစ်အောင်ကြိုးစားတော့မယ်ပေါ့လေ
ခင်မင်စွာဖြင့်
သီဟသစ်
ဟယ် သွားချက်ရတော့မယ် ဒန်တန်တန်
အောင်မယ်လေး ချီးကွတ် လုပ်ခိုင်းမယ့်လူနဲ့ ထမင်းချက်ငှားမယ့်လူနဲ့ စုံနေတာပါလား တစ်ခြားလူကတော့ ကိစ္စမရှိပါဘူးလေ ကိုသီဟသစ်သာ သတိထားပါ သူလည်း ကလေးထိမ်းရင်း ဟင်းချက်ဖို့ နီးစပ်နေပြီ