(၃၈)ဖြာ နှင့် ဝိရောဓိ ဖြစ်ခြင်း

လူမိုက်ဆိုလျင် ရှောင်သွေလွဲလို့မမှီဝဲနဲ့ကင်းအောင်နေ။ ပညာရှိကို အစဥ်တွဲလို ့မှီဝဲ ဆည်းကပ် နည်းယူပေ။ ကျက်တာတော့ ငယ်ငယ်ကတည်းက မကျက်ချင်လည်း ကျက်ရတယ်။ ကြီးလာမှ စဥ်းစားမိတာက အဲဒီနှစ်ခု အကြီးအကျယ်ပြဿနာ တက်နေတာပါလား။


အသေ ဝနာစ ဗာလာနံ ဆိုတော့ အမြင်ကိုက လူမိုက်ဖက်က မဟုတ်ပြန်ဘူး လူမိုက်မဟုတ်သေးတဲ့ လူဘက်ကနေ ပြောနေတာကိုးဗျ ဟုတ်တယ်လေ လူမိုက်နဲ့ပေါင်းရင် မမိုက်သေးတဲ့လူက မိုက်သွားနိုင်တယ်ပေါ့ အခုထက်ထိတော့ မှန်နေတယ်ထင်ပါတယ်။


ပဏ္ဍိတာ န ဉ္စ သေဝနာ ဆိုတော့လည်း ပညာရှိမဟုတ်သေးတဲ့ ကြားလူအဖြစ်ကနေ ပြောနေတာဖြစ်ပြန်ရော ပညာရှိနဲ့ပေါင်းတော့ ကိုယ်တပည့်ဖြစ်တာပေါ့ အဲလေ ကိုယ်လိမ္မာတယ်ဆိုတော့လည်း မှန်နေပြန်ရော။


အဲဒီနှစ်ခုကို ဆက်စပ်ကြည့်တော့ သချင်္ာလိုရေးရင် ဆုံးမခံတဲ့လူက ကြားလူနေရာမှာပဲ ပဏ္ဍိတလည်းမဟုတ် ဗာလလည်းမဟုတ် ကြားလူကိုဆုံးမနေတာပဲ။ ပြဿနာတက်တာက ပဏ္ဍိတနဲ့ ဗာလ ဖြစ်မယ်ထင်တယ်။ ဗာလကလည်း ပဏ္ဍိတဖြစ်ချင်ရှာသလို ပဏ္ဍိတကလည်း ဗာလဖြစ်မှာလည်း ကြောက်ရှာမှာပေါ့။ ဗာလက ပဏ္ဍိတကို ပဏ္ဍိတာ န ဉ္စ သေဝနာ ဆိုပြီးလာပေါင်းရင် ပဏ္ဍိတက အသေ ဝနာစ ဗာလာနံ ဆိုပြီး အပေါင်းအသင်း မလုပ်နိုင်ဘူးဆိုရင် ပြဿနာ။


လူမိုက်နဲ့ပေါင်းလို့ လူတိုင်းလူမိုက်ဖြစ်တာ မဟုတ်သလို လူလိမ္မာနဲ့ ပေါင်းလည်း လူလိမ္မာဖြစ်ချင်မှ ဖြစ်မှာကိုး။ ဗာလလည်း မဖြစ်ချင်ဘူး ပဏ္ဍိတလည်းမဖြစ်ချင်ဘူး ဗာလမိုက်တာတွေကြည့်ပြီး ကိုယ်သူတို့လိုမဖြစ်အောင် နေတာက ပဏ္ဍိတကိုသွားပြီး ပေါင်းတာက ပိုအကျိုးရှိမလားလို့ တစ်ခါတစ်လေတော့ ထင်မိတယ်။ ပြောသာပြောရမယ် ပဏ္ဍိတကိုလည်း ကြောက်တော့ အကြောက်သား ပဏ္ဍိတဆိုးတာက ဗာလထက် အဆတစ်ရာပိုမယ်။ ဒါကြောင့် ပဏ္ဍိတကိုလည်း အပေါင်းအသင်းကို မလုပ်ချင်တာပါ။

5 thoughts on “(၃၈)ဖြာ နှင့် ဝိရောဓိ ဖြစ်ခြင်း

  1. ဃောဏေ န ဃောဏော သမဏေ န သမဏော ဆိုလား ရှိသေးတယ်ဗျ။ နွားနဲ့ပေါင်းရင် နွားဖြစ်မယ်။ သာမဏေ နဲ့ ပေါင်းရင် သာမဏေ ဖြစ်မယ် ဆိုလားပဲ။

  2. ဒါတွေအားလုံးဟာ ယေဘူယျ ပြောတာတွေပါ
    ရာနှုန်းပြည့်တော့ မမှန်နိုင်ပါ
    တခါတလေ ဘုန်းကြီးတစ္ဆေတွေက ခွတ်ရခက်တယ် း))
    နောက်တာနော် ရှိတ်ရှိုးနဲ ့ း)

  3. တို့ နဲ့ ရော ပေါင်းမှာ လားးးငှင်၊ တူငယ်ချင်း လူပျိုကြီး ရေ

  4. စဥ်းတော့စဥ်းစားစရာတွေပဲ ဗာလနဲ့ရော ပဏ္ဍိတနဲ့ပါ ပေါင်းပြီး ကိုယ်ပိုင်ဟန် ထွင်ကြည့်ပါလား

  5. ခက်မြင့်မြင့်ပြောသွားတာကို အားပေးပါတယ်…

Leave a Reply

Your email address will not be published. Required fields are marked *

*

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong> <pre lang="" line="" escaped="" highlight="">