Online ယဥ်ကျေးမှု့

ငယ်ငယ်ကတည်းက မိဘတွေက အပြောအဆို အနေအထိုင်ကို သူ့ယဥ်ကျေးမှု့အလိုက် သွန်သင်ခဲ့ကြတာပါပဲ အခုနောက်ပိုင်းတော့ Online ယဥ်ကျေးမှု့အဖြစ် သင်စရာနောက်တစ်ခု တိုးလာနေတာတွေ့ရတယ်။ ဗမာပြည်မှာကတော့ အင်တာနက်ဆိုတာ အသုံးများတာ နှစ်ပိုင်းပဲရှိသေးတော့ လူငယ်တွေအနေနဲ့ သိပ်ပြီးတော့ မသိကြဘူး မိဘတွေကလည်း Online နဲ့ အဆက်အစပ်နည်းတာရယ် ဒါမှမဟုတ် အဆက်အစပ်မရှိတာရယ် ကြောင့်ဒါတွေကို သိပ်သတိမထားမိဘူး။ တစ်ခြားနိုင်ငံတွေမှာကတော့ အခုနောက်ပိုင်း ကလေးတွေကို စနစ်တစ်ကျ ထိမ်းချုပ်ပြီး ဘယ်လိုသုံးသင့်တယ် မသုံးသင့်ဘူးစသည်ဖြင့် ငယ်စဥ်ကတည်းက သင်ကြားပေးလာတာပါ။ ဒါတွေ မသိခဲ့တဲ့အတွက် ဘာတွေဖြစ်လာကြသလဲ ခြေရာခံမိတယ်။



အမြင်သာဆုံးကိုကြည့်မယ်ဆိုရင် အီးမေးကိုကောင်းကောင်း မရေးတတ်ကြဘူး ဗမာလိုရေးတာ အင်္ဂလိပ်လိုရေးတာကို မဆိုလိုပါဘူး။ အနည်းဆုံးတော့ ကျင့်ဝတ်လေးတွေတော့ သိသင့်တယ်။ တွေ့သမျလာသမျအီးမေးတွေကို ကိုယ့်ထဲက လိပ်စာမှာရှိသမျ အကုန်လုံး Forward လုပ်တဲအကျင့်လည်း တစ်ဖြည်းဖြည်း ပြင်ဖို့လိုနေပြီ။ တစ်ခါတစ်ရံမှာ တစ်ဘက်လူအတွက် တော်တော်လေး အနှောက်အယှက်ဖြစ်ရပါတယ်။ နောက်ပြီးတော့ အီးမေးကနေ ရန်လည်း ဖြစ်တတ်သေးတယ်။ နည်းနည်းတော့ကြာပါပြီ နာမည်ကြီး တက္ကသိုလ်နှစ်ခုက ဗမာကျောင်းသားများ သူ့ကျောင်းကောင်းတယ် ငါ့ကျောင်းကောင်းတယ် ပြိုင်ရာကနေစပြီး အီးမေးနဲ့ ဟိုဘက်သည်ဘက် ဆဲကြပါရောလား။ ဘေးလူအနေနဲ့ ကြည့်ရင် နှစ်ဘက်လုံး ဘယ်ကျောင်းကထွက်ထွက် အဆင့်အတန်း လုံးဝမရှိတဲ့ အဖြစ်ကိုရောက်ရပါတယ်။



နောက်ပြီးတော့ Personal Information တွေကို ဘယ်သူမှန်းမသိတဲ့လူတွေကို လုံးဝမပေးသင့်ဘူးဆိုတာလည်း အရေးကြီးပါတယ် ဗမာပြည်မှာ GTalk လို IM တွေခေတ်မရောက်ခင်က IRC တွေသုံးနေတဲ့ အချိန်ကဆိုရင် ဘယ်သူတက်လာ တက်လာ ASL ဆိုပြီးမေးတယ် အစတော့ မဟုတ်တာတွေ လျောက်ဖြေတယ် နောက်တော့ ဖုန်းနံပါတ်က အစအကုန်သိကုန်ပါရော။ အနည်းဆုံးတော့ ကိုယ်ကြိုက်မှန်းမသိ မကြိုက်မှန်းမသိ ဖုန်းခေါ်တဲ့ ဒဏ်တော့ခံရမယ်။ နောက်တော့ ဒီထက်ဆိုးတဲ့ ကိစ္စတွေဖြစ်ကုန်ကြတယ်။ GTalk ပေါ်လာတော့လည်း ချက်နေကျလူက ချက်ဖို့အတွက်ပဲ သုံးလိုက်တာပါပဲ။



ဟိုတစ်လောကလည်း ဘလော့တွေမှာ လိုက်ပြီး ဆဲနေပြန်ပါရောလား သူများဆဲတာအားမရလို့ ဟိုဘက်သည်ဘက်တောင် လင့်တွေချန်ထားခဲ့ပြီး ရန်ဖြစ်အောင် ထားခဲ့ပြန်တယ်။ ဖိုရမ်မှာ ရန်ဖြစ်တာများ ထူးဆန်းတဲ့ကိစ္စကို မဟုတ်တော့တာပါ ဗမာဖိုရမ်မှန်ရင် ရန်မဖြစ်တာ တွေ့ကိုမတွေ့ဘူး နည်းတာနဲ့များတာပဲကွာတယ်။ တစ်ခြားနိုင်ငံက ဖိုရမ်တွေ ဝင်ကြည့်တယ် မဖြစ်ဘူးလို့ပြောလို့မရပေမယ့် ဖြစ်ခဲပါတယ်။ သူ့လည်းမမြင်ရ ကိုယ့်လည်းမမြင်ရ Nick ပဲမြင်ရတဲ့ Virtual Community တွေမှာပိုပြီး ယဥ်ကျေးမှု့ထိမ်းသင့်တာကို မမြင်ရတာအကြောင်းပြုပြီး အားနာမှု့လည်းမရှိကြတော့တာ ပြဿနာတစ်ခုပဲ။



အခုတော့ Social Networking တွေမှာအသုံးများနေကြပြန်ပြီ။ Facebook ပေါ်မှာ မိတ်ဟောင်းဆွေဟောင်းတွေ ပြန်တွေ့ကြဘာကြနဲ့ ကောင်းပါတယ်။ နည်းနည်း စိတ်ချမ်းသာတာက တစ်ခြားနေရာတွေလို ရန်ဖြစ်တာမတွေ့သေးဘူး ဖြစ်နိုင်တာက သူ့ကိုယ်မသိ ကိုယ့်သူမသိအခြေအနေ မဟုတ်ပဲနဲ့ အပြင်က သူငယ်ချင်းအချင်းချင်းရယ် ပါတ်သက်ရာ ပါတ်သက်ကြောင်းတွေ ဆက်စပ်နေတာ မြင်နေရလို့ အားနာလို့မပြောကြတာလို့ပဲ သုံးသပ်ပါတယ်။ Social Networking ဆိုက်တွေမှာတောင် Personal Information တွေကို ထိမ်းချုပ်ထားသင့်ပါတယ် မိတ်ဆွေမဟုတ်ရင် ဘယ်သူ့ကိုမှ Personal Information ပေးမကြည့်တာ အကောင်းဆုံးပါပဲ။



မြင်သမျပြောမိပြန်ရင်လည်း လူအမြင်ကပ်တာ အဖတ်တင်မယ် သို့သော်လည်း နည်းပညာအပြောင်းအလဲမှာ လူနေမှု့ဘဝတွေလည်း ပြောင်းလဲသွားသလို မျိုးဆက်သစ်တွ

8 thoughts on “Online ယဥ်ကျေးမှု့

  1. ဖေ့စ်ဘွတ်ထဲ ရန်ဖြစ်ချင်တာလား ပြောစမ်းဘာ ပြောလိုက်စမ်းဘာာာာာာာာ။
    စက်မကောင်းပေမဲ့ တူများစက်ထဲက ဝင်ပြီး လာဖတ်တွားတယ်

  2. လာလိုက်စမ်းဘာ မမပြာရယ် လာလိုက်စမ်းဘာာာာာာာာာာ :D

  3. မှန်ပါတယ် ကိုလူပျို
    မြန်မာတော်တော်များများ ဖောဝပ်ဒ် မေလ်းကို ဖြစ်သလို ပို ့နေတက်ကြတယ်

  4. ဟုတ်တယ် ပျို ့ လိုမျိုး သိဖို့လူတွေ အများကြီးလိုတယ်…အခုလိုသိလွန်းလို့များ လူပျိုကြီးဖြစ်နေတယ်ထင်ပ ကွယ်…ဟင်း..ဟင်း ))) အရွယ်နဲ့ မလိုက်ဖူး……….

  5. ပြောပါကွယ်.. သက်ငယ်စကား၊ သက်ကြီးကြား ဆိုသလိုပေါ့။

  6. မမဆင်ပြောမှပဲ ကောသလအိမ်မက်လည်း ပါလာပါလား :D

  7. Xanthos ရဲ့ ကဗျာထဲကလို
    ..
    ကိုယ်မဖတ်ချင်တာကြီးကို
    သူဖတ်ချင်မယ်ထင်ပါရဲ့ဆိုတာမျိုး
    အလွန်အကျံ အကောင်းမမြင်လိုက်ပါနဲ့ …
    ကိုယ့်လိုပဲ ကြိုက်မှာပါလို့ .. တယူသန်ကြီးမလုပ်လိုက်ပါနဲ့ ..
    စိတ်နည်းနည်းလျော့ပါ … ..

  8. Xanthos ရဲ့ ကဗျာထဲကလို
    ..
    ကိုယ်မဖတ်ချင်တာကြီးကို
    သူဖတ်ချင်မယ်ထင်ပါရဲ့ဆိုတာမျိုး
    အလွန်အကျံ အကောင်းမမြင်လိုက်ပါနဲ့ …
    ကိုယ့်လိုပဲ ကြိုက်မှာပါလို့ .. တယူသန်ကြီးမလုပ်လိုက်ပါနဲ့ ..
    စိတ်နည်းနည်းလျော့ပါ … ..

Leave a Reply

Your email address will not be published. Required fields are marked *

*

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong> <pre lang="" line="" escaped="" highlight="">