ကျေးဇူးတင်စရာ မိတ်ဆွေများနဲ့ တစ်နေ့တာ ဘဝအမောများ

အလုပ်ကလည်း လခက ကံဆိုးချင်တော့ နောက်ကျပြီး အခုထက်ထိ မရသေး အဲဒါကိုမှန်းမထားတော့ အမေကဟိုတစ်လောက ပိုက်ဆံလိုသေးလားဆိုတော့ အလုပ်လုပ်နေတာပဲ မလိုဘူးပြောလိုက်တယ် ကျောင်းဖွင့်တော့ ကျန်းမာရေးအာမခံတွေ မူပိုင်ခွင့်ဖိုးတွေ အတွက်ရှိတဲ့ လက်ကျန်နဲ့ ကြိုပြီးပေးလိုက်တာ ပြဿနာတက်တာပဲ အခုတော့စားစရာက ဟိုဘက်ဘဏ်မှာ ၁ဝ သည်ဘက်ဘဏ်မှာ ၁၁ ကျပ်ကျန်တယ် အဲဒါကလည်း ထုတ်မရလို့ ကျော်မကောင်းကြားမကောင်း ၁ဝ အွန်လိုင်းကနေ ဟိုဘက်သည်ဘက် လှဲလိုက်မှ ၂ဝ ပြည့်လို့ ATM မှာထုတ်လို့ရသွားတယ် အဲဒါလည်း စားစရာစျေးဝယ်လိုက်တာ ကုန်ပါရောလား။


ကိုဒီဘီအိမ်က ဆွမ်းကွေးကိုသွားဖို့ MRT ဖိုးတောင်အသွားပဲရှိတယ် အပြန်ဖိုးမရှိလို့ မလာတော့ဘူးလုပ်နေတာ ကိုသာသာက ဟာဗျာ ကျွန်တော် ပါနေတာ ဒါအတွက်နဲ့တော့ မလာပဲမနေပါနဲ့ဆိုလို့ သူ့ကျေးဇူးနဲ့ ကိုဒီဘီအိမ်က ဆွမ်းကွေးကိုသွားစားရတယ် စားရတဲ့ထမင်းထဲမှာ ငတ်နေတဲ့အချိန်လို့ ပြောရမယ့်အချိန်မှာ စားရတဲ့အတွက် အင်မတန်ကျေးဇူးတင်ပါတယ်။ ကိုသာသာကိုတော့ ဘယ်လိုကျေးဇူးတင်ရမှန်းကို မသိတော့ပါဘူး။ ကိုသာသာရဲ့ စရိတ်နဲ့ ထမင်းစားလာရတယ်လို့ ပြောရမယ်ထင်တယ်။


ဆွမ်းကွေးမှာလည်း မမဆင်က ရေဘူးလာသိမ်းရင်း ရယ်ပြတယ်တဲ့ မြင်ဘူးလေ နှစ်ရက်လောက် မအိပ်ရသေးတော့ လူကလည်း ဝါးတားတား ဖြစ်နေပြီး ငိုက်ချင်နေတာပါ အဲဒါကိုသူလည်းမသိဘူးလေ ဒါနဲ့ လူမှု့ရေးနားမလည်ဘူး အပြောခံလိုက်ရသေးတယ်။ ကိုဒီဘီဆီလာတဲ့ ဧည့်သည်နှစ်ယောက်ကတော့ လူပျိုကြီးဆိုပြီး မိတ်ဆက်လိုက်တာနဲ့ ကြောက်များသွားကြလားမသိဘူး မကြာပါဘူး ပြန်ပြေးကြပါရောလား။ ဘာပဲပြောပြော ရခိုင်ဟင်းတွေနဲ့ အပြီစားခဲ့ရတာပဲ သို့ပေမယ့် အိပ်ရေးတွေပျက်နေလို့ စားလို့မဝင်ဘူး စံချိန်တွေလည်း ကျသွားပါရောလား။


ပြန်မယ်လုပ်တော့ အိုက်ကီဒိုသင်တန်းက ဆရာဆီက SMS ဝင်လာပြန်ရော။ ကိုယ်ကလည်း ပိုက်ဆံကိစ္စနဲ့ လုံးပန်းနေရလို့ မအားတာနဲ့ မသွားနိုင်တာကကြာပြီလေ အလုပ်လုပ်နေရလို့ မအားဘူးလို့ ပြောထားတော့ သူကလည်း အလုပ်ပိတ်ရက်ဆိုပြီး မှတ်မှတ် ရရခေါ်ရှာတယ် If U missed Aikido training, good news Bukit Batok East CC is open 2morrow 10 Aug. Aikido training is as usual time. Do come n join us. Sensei လို့ဝင်လာပါရော။ မနက်ဖြန်တော့ သူ့ကိုအားနာလို့ရယ် ပြန်လည်းသွားသင့် နေတာရယ်ကြောင့် သွားရဦးမယ်။


ဒီညလည်း အိပ်တော့အိပ်ချင်တယ် ရေးထားတဲ့ Paper လေးကိုလည်း ပိုကောင်းအောင် ပြင်ချင်နေတော့ စောစောအိပ်ဖြစ်မယ် မထင်သေးပါဘူးလေ National Day ဆိုပြီး လူတိုင်းအားနေ ပျော်နေကြတဲ့အချိန် ကိုယ့်မှာပဲ စာတမ်းအတွက် နောက်ဆံတင်းနေတာရယ် မနက်ဖြန်ပြီးမှ စားစရာမကျန်ရင်တော့ ဘယ်လိုရှင်းရမလဲ စဥ်းစားပြီးရင်မောနေရတယ် လခစားလုပ်ပြီး လခမျော်ရတဲ့ အလုပ်တယ်တယ်ပြီး မကိုက်ပါဘူးဆိုတဲ့ ကိုသာသာပြောတဲ့စကား တယ်မှန်ပါလားနော်။

14 thoughts on “ကျေးဇူးတင်စရာ မိတ်ဆွေများနဲ့ တစ်နေ့တာ ဘဝအမောများ

  1. အလုပ်အကိုင်တစ်ခု ရှိနေတာပဲ များမကြာခင် အဆင်ပြေသွားမှာပါ။ ဒီမှာ တစ်နှစ်လောက် ဘယ်လို ထိုင်စားရင် ကောင်းမလဲ စဥ်းစားနေရတဲ့သူကို အားနာပါ :)

  2. အခုမှ ရုံးက ပြန်ရောက်တယ် လူပျိုကြီးရေ .. ပင်ပန်းးထှာဗျာ ..။ ခင်ဗျားကလဲ ပြတ်သွားရင်ပြောမှပေါ့ .. ဒီလူနဲ့ ဒီလူဘဲ အတိုးနဲနဲနဲ့ ချေးမှာပါ။

  3. ကောင်မလေးတွေအများကြီးရှေ့မှာ အိန္ဒြေကြီးနဲ့လူကြီးလုပ်နေလို့ ပြန်ရီမပြနိုင်တာ…၊ တို့လည်း ငယ်ရာက ကြီးလာတာပါအေ့… နားလည်ပါတယ်…။

    ၁ဝ တန်းမှာ လူမှုရေးဘာသာ ဂုင်္ဏထူးမထွက်ဘူးဆိုလားလို့ လူမှုရေး နားမလည်ဘူးပြောမိတာပါ။

  4. လခစားလုပ်ပြီး လခမမှော်ချင်ရင် နေ့စားလုပ်ဗျာ…
    ပို်က်ပိုက်မရှိတာပြောရောပေါ့ ….ခင်ဗျားဘလော့လေး အပေါင်ထားရင် အမ လက်ခံပါတယ်…အမမှာ ဘလော့မရှိတော့ အဆင်မပြေဘူးလား…ဟီး း)))
    ကိုဒီဘီထက်သက်သာစေရပါ့မယ်…..အတိုးပြောတာပါ…

  5. Pauk>>ဟိုက်… ပေါက်ဆိုတာက ဟိုတစ်နေ့က fb ပေါ်မှာ မမဆင်နဲ့ ရန်တိုက်ပေးလိုက်မိတဲ့ တစ်ယောက်ထင်တယ်။ ပြောင်းမယ် ပြောင်းမယ်ဗျာ :D

    MrDBA, ma mie nge>> တစ်ဝက်ဆိုင်း တစ်ဝက်ဆုံးတော့ လုပ်ဗျာ

    sdl>> လူမှု့ရေးကည့တယ် ဘောဂဆရာက ဝယ်လိုအားမျဥ်းကွေးတဲ့ ဆွဲထားက အဖြောင့်ကြီးလေ အဲဒါဘာလို့ ကွေးလို့ပြောတာလဲ မေးလိုက်တာ ခေါင်းခေါက်ခံရဖူးတယ်

  6. လူပျိုကြီးဆိုတာနဲ့ ပြေးရောဆိုတော့
    မင်းကလဲ
    လိုက်ဖမ်းကွာ..
    ငါမလာလိုက်ရတာ နာသကွာ..စောတင်မောင်ရာ

  7. နာလဲ မလာလိုက်ရလို့ ဝမ်းနည်းထှာ၊ စားချင်နေတာ အဲ ကိုကိုက ပြောနေဦးမယ်၊ ပြာပြာက စားဖို့ပဲ စဥ်းစားနေတယ် လုပ်ကွေးဖို့တော့ မစဥ်းစားဘူးဆိုပြီး၊အဲ့နေ့က တကယ်ကို လာချင်တာဟာ

  8. ပြာပြာ … လာချင်တယ်သာ ပြောတာ .. ဖုန်းဆက်တော့ မကိုင်ဘူး။ နောက်ဘယ်တော့မှ မခေါ်ဘူးမှတ်။ ဖုန်းတွေ မကိုင်နိုင်ရင် ပိတ်ထားကွာ။ ပြီး အားရင်ပြန်ခေါ်တာမဟုတ်။ တင်းတယ်။ အရေးကြီးလို့ ခေါ်ရင်မရတော့ဘူး။ တောက် ….

  9. အမလေးတော့ နာ့ကိုကို စိတ်ဆိုးဒေါသတွေ ထွက်နေပီတော့၊ တောင်းရော စကောရော ပန်ပါတယ်တော်၊ ကွန်ပျူတာ မကောင်းလို့ စောစောအိပ်ပျော်သွားတယ်၊ တရေးနိူးတော့ မက်ဆေ့ပို့ပြီးတောင်းပန်ထားပါတယ်၊ မနက်လင်းတော့ အလုပ်ပြေးရပါတယ်၊ အဟင့် ခုတော့ ချိတ်ချိုးပြီ၊ ငတ်ပီထင်ပါတယ်

  10. ကိုကိုလူပျိုရေ

    နာမည်ပြောင်းကင်ပွန်းတပ်လုပ်ပါ (လစာရရင်)
    ပိုက်ဆံများ သူငယ်ချင်းတွေ အများကြီးရှိတာ ဘာလုပ်ဖို့တုန်း
    (သီဟသစ်အား သူငယ်ချင်းအဖြစ်မှ ခေတ္တစွန့်လှတ်ရန်)

    ခင်မင်စွာဖြင့်
    သီဟသစ်

Leave a Reply

Your email address will not be published. Required fields are marked *

*

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong> <pre lang="" line="" escaped="" highlight="">