Blog နာမည်ပြောင်းလျင် ကောင်းမည်လော

ယခုဘလော့ကို နာမည်ပြောင်းမည်ဟု အကြံဖြစ်နေသည်မှာ ကြာပြီဖြစ်ပါသည်။ သို့သော်လည်း အလုပ်ရှုပ်မည်က တစ်ကြောင်း မအားမလပ်ဖြစ်နေသည်က တစ်ကြောင်းကြောင့် မပြောင်းဖြစ်ပဲဖြစ်နေခဲ့ပါသည်။ မောင်စေတန်ကလည်း ဟိုတစ်လောကပြောသည် ဦးဂူဂဲကို လူပျိုကြီးဟု မေးလိုက်ရာ ထွက်လာသော အဖြေများမှာ ကြက်ခြေခတ် သုံးလုံးများလည်း ပါလာသဖြင့် မကောင်းဟုဆို၏။ မှန်ပါသည် ထိုသို့ဖြစ်နေသည်မှာ ကြာပြီဖြစ်ပါသည် သို့ကြောင့် နာမည်မပြောင်းပါက အနှီလူများနှင့် ကြာလျင်လူမှားတော့မည်ဖြစ်သည်။ ဤအချက်မှာ အရေးအကြီးဆုံးဖြစ်၏။

နောက်ထပ်အကြောင်းတစ်ခုမှာ ကိုဒီဘီဖြစ်သည်။ ထိုလူကြီးမှာ လူတစ်ယောက်တွေ့တိုင်း မိတ်ဆက်ပေးလျင် ဒါလူပျိုကြီးဟုသာ မိတ်ဆက်တော့သည် သို့ကြောင့် ကြာလျင် ရာသက်ပန် နာမည်တွင်တော့မည် ဖြစ်သည်။ နာမည်ကို မည်သို့ပင်ခေါ်ခေါ် ကိစ္စမရှိပါ စိတ်ထဲလည်း မည်သို့မှပင် မဖြစ်ပါ။ သို့သော် စကားများသော ကျွန်တော်နှင့် ထိုနာမည်ကား ပြဿနာတက်ပါသည် အမျိုးသမီးများနှင့်စကားပြောပါက ထိုအမျိုးသမီးများမှ နာမည်ကိုကြည့်ကာ ကြောက်ရွံ့ကြပါသည်။ ဤမျလောက် ပေါတောတောနေတတ်သော ကျွန်တော့်ကို နာမည်ကြောင့် ရွံ့နေခြင်းမဖြစ်စေသင့်ဟု ယူဆမိသည်။ :P

သို့ကြောင့် နာမည်ပြောင်းပါတော့မည် လာရောက်ဖတ်ရှု့ကြသော စာဖတ်သူများနှင့် မလာပဲ RSS ဖြင့်ဖတ်ကြသောသူများလည်း ဖြစ်နိုင်မည်ဆိုပါက နာမည်ကို စဥ်းစားပေးစေလိုပါသည် မည်သို့ပင် စဥ်းစားပါသော်လည်း အကြံအိုက်နေပါသည် သို့ကြောင့် အကြံဥာဏ်လေးများ ပေးကြပါကုန်။ ယခုနာမည်သည်လည်း သက်တမ်းကျန်ရှိနေသေးသောကြောင့် အကူးအပြောင်းကာလ အတွင်းမည်သို့မှ အခက်အခဲဖြစ်မည် မဟုတ်ပါ ယခင် co.cc မှပြောင်းသကဲ့သို့ပင် redirect လုပ်မည်ဖြစ်သည်။

(မှတ်ချက်။ ။ နာမည်ပြောင်းသဖြင့် လူလည်းပြောင်းသည်ဟု အထင်မကြီးစေချင်ပါ ဒုံရင်းဒုံရင်းအတိုင်းသာ ဖြစ်၏ :P )

17 thoughts on “Blog နာမည်ပြောင်းလျင် ကောင်းမည်လော

  1. အပျိူလေးလို့ ပြောင်းပါလား။ ဒါမှမဟုတ် အပျိုကြီးဗျာ …

  2. ဟမ်… လာကတည်းက မဟုတ်တာနဲ့ လာပြီ
    ကိုသာသာ ဘလော့နဲ့ မှားလိမ့်မယ် ဟားဟားဟား

  3. {ကိုလူပျို ထရံပေါက်က
    ခြေထောက်ကိုဆွဲ တွဲလဲ
    တွဲလဲရယ်နေပါဦး မိုးတောင်ကချန်း
    မုန့်လုံး}

    လွယ်ပါတရ် ကိုလူပျိုရယ် ဂျာအေးလို့သာပြောင်းလိုက်။

  4. လူပျိုကြီး အစား ခေါ်ရကောင်းအောင် ပျိုကြီးလူ လို့ ပြောင်းလျင်ကောင်းမည် ထင်ကြောင်း

  5. နာမည်ပြောင်းတာကောင်းပါတယ်..အခုနာမည်က ဘုံဆိုင်နာမည်ဖြစ်နေတယ်..
    (ဘုံဆိုင်ဆိုတာ အရက်ဆိုင်ကို ဆိုလိုတာမဟုတ်)
    စဥ်းစားပေးမယ်..။အဟိ.. :P

  6. အဟိ.. အဲဒီလင့်ကို ကလစ်နှိပ်ကြည့်လိုက်သေးတယ်…။ ခွိ

  7. လူပျိုလေး ဆိုတာကောင်းမယ်။
    ဒါမှ ကိုဒီဘီ မိတ်ဆက်ပေးရင် အပျိုကြီးတွေကသဘောကျမှာ။
    လူပျိုလေး လူပျိုလေး ပိစိကွေး ဆိုပြီး အပျိုကြီးတွေ တန်းတန်းစွဲ
    နောက်ကနေလိုက်နေမှာ မြင်ယောင်သေးတယ် ဟိဟိ။

  8. http://www.babylupyo.info လုပ်ဗျာ အားပေးတယ်။
    လူပျိုကြီး မဟုတ်တော့ဘူး
    နောက် မိတ်ဆက်ပေးရင်
    ဒါကတော့ အနောုံကိုကြီး ဘေဘီလူပျိုပါ ဆိုပြီး ပြောမယ်

  9. ဟားဟား ကြောက်လန့်ပြီး ကွန်မန့် မော်ဒရေးရှင်းတွေပါ လုပ်ထားပြီ။ လူဇိုး … :D

  10. အနော်လုပ်ပါဘူးဗျ သူ့ဟာသူ Filter ကစွမ်းတယ်လေ xxx ပါတာနဲ့ အလိုလျောက်တားထားတာပါ။ :D

  11. အဲဒါများလွယ်လွန်းလို့ လူပျိုကြီးက Database စိတ်ဝင်းစားတဲ့အတွက် နောက်ပြီး လူပျိူကြီး နာမည်ကိုလည်းသိပ်မပျောက်ချင်ရင် databasegyi သို့မဟုတ် dbgyi လို့ပြောင်းလိုက် အဟိ :P

Leave a Reply

Your email address will not be published. Required fields are marked *

*

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong> <pre lang="" line="" escaped="" highlight="">