ခုတလော . . . . (Tag လုပ်ပါသဖြင့် ရေးသည်)

လာပြန်ပြီခင်ဗျ တဂ်ဆိုရင်ကို မျက်ခုံးလှုပ်နေတာပါ မအားတာကလည်း တစ်ကြောင်း။ သို့သော်လည်း ဒီတစ်ခါက Template နဲ့လာတဲ့ Tag ခင်ဗျ သူကအဆင့်မြင့်တယ် ဆာဗေးများ ကောက်နေသလား ထင်ရတယ်။




တွေးနေမိတာက . . . . အနာဂတ်

ကိုယ့်ကိုယ်ကို ပြန်ဆင်ခြင်မိတာက . . . . ငပေါကြီး

ကျန်းမာရေး . . . . တစ်နေ့ရှေတစ်နေ့ငွေပါပဲလေ

ဖတ်ဖြစ်တဲ့ စာအုပ် . . . . အသက်အရွယ်နဲ့ လိုက်အောင် “မောင်ခွေးဖို့ ကဗျာများ”

ရောက်နေဖြစ်တာက . . . . ပစ္စုပ္ပန်

ရေးဖြစ်နေတာက . . . . ခဲတံနဲ့များပါတယ် ဘောပင်နဲ့သိပ်မရေးဖြစ်ဘူး

နားထောင်ဖြစ်နေတာ . . . . အခုတစ်လောတော့ သူများအတင်းပြောတာ နားထောင်နေရတယ်

ရွတ်မိနေတဲ့ကဗျာ . . . . ဝါဆိုဝါခေါင် ရေတွေကြီးလို့ သပြေသီးမှည့် ကောက်စို့ကွယ်

ဖြစ်ချင်နေတာက . . . . နှစ်ရက်ပဲ ရုံးဖွင့် ငါးရက် အလုပ်ပိတ် ခွင့်ယူ လစာမလျော့

စားဖြစ်နေတာက. . . . ပန်းကန်နဲ့စားတယ် ကုလားဆိုင်ဆိုရင်တော့ တစ်ခါတစ်လေ ငှက်ပျောဖက်နဲ့ပေါ့

သနားနေမိတာက . . . . ငါတော်တော် သနားစရာကောင်းပါလား

လွမ်းနေမိတာက . . . . မွေးမြေရပ်ကို အမြန်ရထားဆိုက်ရောက်ချိန်

မေ့လျော့နေတာ . . . . မေ့နေပါတယ်ဆို ဘယ်မှတ်မိပါ့မလဲ

တမ်းတနေမိတာ . . . . အမေချက်ကွေးတဲ့ထမင်းနဲ့ဟင်း

ကြိတ်ပြီး ချီးကျူးနေမိတာ . . . . ကြိတ်ပြီးတော့ချီးကျူးပါတယ်ဆို ချရေးလို့ ဘယ်ဖြစ်မလဲ

ကြိတ်ပြီး အထင်သေးနေမိတာ . . . . ငါတော်တော်ည့သေးပါလားနော်

ဆန္ဒမရှိတဲ့နေရာ . . . . ဆန္ဒမရှိမှတော့ အသက်မရှိတော့ပါဘူးလေ အနည်းဆုံးတော့ အသက်ရှင်ဖို့ ဆန္ဒရှိရမယ်

ဆန္ဒရှိနေတဲ့ ကိစ္စ . . . . လုပ်ချင်တာတွေ မကုန်သ၍တော့ အသက်ဆက်ရှင်ချင်တယ်

ချစ်နေတာက . . . . မိမိကိုယ်သာ အချစ်ဆုံးဆိုတာ အမှန်ဆုံးပဲ

စိတ်ပျက်နေမိတာက . . . . အချိန်ဆွဲတတ်တဲ့အကျင့်

စွဲလန်းနေတာက . . . . စွဲလန်းနေရင် သံသရာရှည်တယ် ဘာတစ်ခုမှ မစွဲလန်းအောင်နေသည်

လိုအပ်နေတာက . . . . . အချိန်

တောင်းတနေမိတဲ့ဆု . . . . စိတ်ဖိစီးမှု့တွေ လျော့ချင်တယ်

ထပ်ပြန်တလဲလဲ အော်ဟစ်နေမိတာက . . . . တစ်ခါမှ အော်ဖူးပါဘူး

ဝန်ခံချင်တာ . . . .ရေးထားတာတွေကို ချင့်ချိန်ပြီးယုံပါ

10 thoughts on “ခုတလော . . . . (Tag လုပ်ပါသဖြင့် ရေးသည်)

  1. လူပျိုကြီးက သဘောကောင်းတယ် ချက်ချင်းရေးပေးတယ်.။ ကျေးဇူးနော်…

    လူညာကြီးလို့ နောက်မခေါ်တော့ဘူးးးးး

    ရှေ့ပဲဆက်ခေါ်မယ်။

    ခင်မင်လျက်
    မိရောင်

  2. ရွတ်နေမိတဲ့ကဗျာက အဲဒါဟုတ်လို့လားးးးးးး

    ကိုလူပျို ထရံပေါက်က
    ခြေတောက်ကိုစွဲ
    တွဲလဲ တွဲလဲ

    ဟီးဟီး စတာနော်

  3. အော် တို့ ရောင်က တဂ်တာတောင် တို့ ပျိုကို သတိရသားဟဲ့ :P

  4. စွဲလန်းမှုသံသရာကိုဖြတ်နိုင်တဲ့ တို့ကိုပျိုပျိုပဲ
    လေးစားပါ၏

    ခင်မင်စွာဖြင့်
    သီဟသစ်

  5. လူပျိုကြီး ဘယ်ကာလအထိ အချိန်ဆွဲပြီး လူပျိုကြီးလုပ်နေဦးမှာလဲ ?

  6. အော် မေ့သွားလို့ ပြောဖို့… လူပျိုရဲ့ ့ ခုတလောတွေကို ချဥ့် ပြီးယုံသွားပါတယ်…
    ချိန် တော့ မ ချိန်တော့ပါဘူးကွယ်…

  7. ချစ်နေတာက . . . . မိမိကိုယ်သာ အချစ်ဆုံးဆိုတာ အမှန်ဆုံးပဲ
    (မှန်လိုက်လေ….)

    စိတ်ပျက်နေမိတာက . . . . အချိန်ဆွဲတတ်တဲ့အကျင့်
    (တူလေစွ)
    အင်းလူပျိုကြီးနဲ့တော်တော်များများတူနေလို့ အပျိုကြီးများဖြစ်မလား မသိ..ဟီး

  8. ချင့်တယ် ချိန်တယ် ယုံတယ် မယ့်ဘူး ရှုပ်သွားသလား
    ပြန်ပြောပြမယ်
    ချင့်တယ် ချိန်တယ် ယုံတယ် ယုံဘူး။

    ညီညီpm

  9. ရေးဖြစ်တာက ခဲတံနဲ့များတယ်
    ထူးဆန်းပဲတော့
    ထူးဆန်းပဲ

  10. လူပျိုကြီး ဘယ်ကာလအထိ အချိန်ဆွဲပြီး လူပျိုကြီးလုပ်နေဦးမှာလဲ ?

Leave a Reply

Your email address will not be published. Required fields are marked *

*

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong> <pre lang="" line="" escaped="" highlight="">