ပြောင်းကြည့်ကြပါဦးလား

နည်းနည်းလေးအားတာနဲ့ နည်းနည်းတော့ တောင်လုပ်မြောက်လုပ်ပေါ့။ WordPress ကို Blogger ကိုပြောင်းကြည့်ချင်ပြန်တယ်။ Blogger ကနေ WordPress ပြောင်းတာက ဘာမှလုပ်စရာမလိုဘူး WordPress မှာက Blogger Export Format ကို Import လုပ်လို့ရပါတယ်။ WordPress ကနေ Blogger ပြောင်းရင်သာ ဇာတ်လမ်းရှုပ်တာ။ Export XML တွေကိုကြည့်လိုက်တော့ Schema တွေကို Transform လုပ်ရင်တော့ ရတယ်ဆိုတာ တွေ့တယ်။ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ပြောင်းလိုက်တော့ WordPress Export Format ကနေ Blogger Export Format ဖြစ်သွားရော။ သူများရေးထားတာလဲ ရှိချင်ရှိမှာပါလေဆိုပြီး လိုက်ရှာတော့ တစ်ခုတော့တွေ့သဗျ

http://code.google.com/p/google-blog-converters-appengine/

ဆိုပြီးတစ်ခုတွေ့တယ်။ သူ့ဟာကတော့ ရေးထားတာ ကြာပြီဆိုတော့ ကိုယ့်ဟာကိုယ် ပြောင်းလိုက်တာထက် ပိုကောင်းတယ်။ ဘာလို့လဲဆိုတော့ ကိုယ့်ဟာကိုယ် ပြောင်းလိုက်တာက အထဲက Link တွေရယ် Youtube video တွေရယ် နည်းနည်း ပြဿနာကျန်ခဲ့တယ်။ Google-Blog-Converters-Appengine မှာကတော့ WordPress တင်မကဘူး livejournal, movabletype, typepad ကနေ Blogger ပြောင်းတာလည်းပါတယ်။ သုံးတာကတော့ Source ကိုဒေါင်းပြီးတော့ Command line ကနေ Run လိုက်ရင်ပြောင်းတယ်။ အဲဒါတွေမှ ရှုပ်တယ်ဆိုလည်း appspot မှာတင်ထားပေးတာရှိတယ်။

http://blogger2wordpress.appspot.com/
http://wordpress2blogger.appspot.com/
http://livejournal2blogger.appspot.com/

အဲဒီမှာတွေကတော့ Web Interface နဲ့တင်ထားပေးတယ် ကိုယ်ပြောင်းချင်တဲ့ Export ကိုသာပေးလိုက် Transform လုပ်ပြီးသားထွက်လာရောပဲ။ သူတို့မှာလည်း သူတို့ပြဿနာနဲ့သူ File Size 1MB ကျော်ရင် မရပြန်ဘူး။ ဗမာဘလော့ကလည်း မကျော်တာမရှိလောက်ပါဘူး အနည်းဆုံးတော့ အင်္ဂလိပ်ဘလော့ထက်တော့ နှစ်ဆများတယ်။ လုပ်တတ်ရင်တော့ သူ့တို့ရေးထားတဲ့ Script ကိုယူပြီး ပြောင်းလိုက်တာပဲ အဆင်ပြေပါတယ်။ ဒါမှမဟုတ်ရင်တော့ Export File ကို နှစ်ခုသုံးခု ခွဲလည်းရတယ် External Schema ကိုဒီအတိုင်းထားပြီး Content လေးတွေပဲ ပြောင်းထည့်လိုက်ပြီး File Size ကိုသေးအောင် လုပ်လိုက်ရင်ရတာပါပဲ။ အဲဒီလိုအကြံအဖန်နဲ့လည်း စမ်းကြည့်လိုက်တော့ အဆင်ပြေပါတယ်။ ဟိုပြောင်းသည်ပြောင်း ပြောင်းချင်သူများအတွက် စမ်းကြည့်လိုက် အဆင်ပြေမယ်ထင်ပါတယ်။ အလုပ်ရှုပ်သက်သာအောင် Blogger ကိုတော့ပြောင်းလိုက်ချင်တယ် ဒါပေမယ့် ကိုယ့်ခြေကိုယ့်လက် WordPress ကိုလည်းသုံးချင်ပြန်တယ် WordPress ကိုနည်းနည်း စိတ်ညစ်တာက Upgrade ရယ် Hosting အပြောင်းအရှေ့ရယ် Free Hosing တွေရဲ့ Service Down တဲ့ဟာတွေပဲ။ Blogger သမားများ WordPress ပြောင်းကြည့် WordPress သမားများ Blogger ပြောင်းကြည့်ကြပါဦးလား။

LaTeX will never Die for Academic Writing

Word ဖြင့်စာရိုက်ရသည်တွင် Algorithm များ Equation များ Mathematical Notation များကို Word ဖြင့်ရိုက်ရသည်လောက် စိတ်ပျက်စရာကောင်းသည့် အရာမရှိပါ။ Equation များ Mathematical Notation ကို Equation Editor ကိုစိတ်ရှည်လက်ရှည် မောက်ဖြင့်နှိပ်လျင် ထွက်လာပါသော်လည်း Algorithm များကို မြန်ဆန်စွာရိုက်ရန် နည်းမတွေ့သေးပါ။ သို့အတွက်ကြောင့် LaTeX မှာ သာမန်စာရိုက်သော လူများအတွက် မသုံးမတည့်သော်လည်း မည်သည့်အခါမှ သင်္ချာနှင့်ဆက်နွယ်သော စာရေးခြင်းများတွင် ပျောက်ကွယ်မည်မဟုတ်ချေ။ algorithm2e ကိုသုံးလိုက်

begin{algorithm}[H]
KwIn{Set of File $Files$}
KwOut{File}
ForEach{File $f$ in $Files$}{
Append to $F$;
}
Return $F$;
}
end{algorithm}

လို့ရေးလိုက်လို့

Input: Set of File
Output: File
foreach File f in Files do
Append to F;
end

ဒါမျိုးလေး Indent တွေ Bold, Italic တွေနဲ့ ကျကျနနပေါ်နေမှတော့ Word မှာဘာကိစ္စ မောက်နဲ့ ကလစ်ကလစ်အိုကေတွေ အခါသုံးလေးဆယ်လောက် နှိပ်နေရတာဘာအသုံးကျသလဲ။ Algorithm ကိုရိုက်တတ်ဖို့ Program ရေးတတ်ရမယ်ဆိုတာလည်း ဟုတ်သေးပါဘူးလေ မအားလို့ သူများအငှားရိုက်ခိုင်းချင်ရင် ရိုက်ခိုင်းမရပြန်ဘူး။ ကိုယ့်ဟာကိုယ်ရိုက်တာပဲ အေးပါတယ် ပိုက်ဆံကုန်သက်သာတယ်။ :P

ခုတလော . . . . (Tag လုပ်ပါသဖြင့် ရေးသည်)

လာပြန်ပြီခင်ဗျ တဂ်ဆိုရင်ကို မျက်ခုံးလှုပ်နေတာပါ မအားတာကလည်း တစ်ကြောင်း။ သို့သော်လည်း ဒီတစ်ခါက Template နဲ့လာတဲ့ Tag ခင်ဗျ သူကအဆင့်မြင့်တယ် ဆာဗေးများ ကောက်နေသလား ထင်ရတယ်။




တွေးနေမိတာက . . . . အနာဂတ်

ကိုယ့်ကိုယ်ကို ပြန်ဆင်ခြင်မိတာက . . . . ငပေါကြီး

ကျန်းမာရေး . . . . တစ်နေ့ရှေတစ်နေ့ငွေပါပဲလေ

ဖတ်ဖြစ်တဲ့ စာအုပ် . . . . အသက်အရွယ်နဲ့ လိုက်အောင် “မောင်ခွေးဖို့ ကဗျာများ”

ရောက်နေဖြစ်တာက . . . . ပစ္စုပ္ပန်

ရေးဖြစ်နေတာက . . . . ခဲတံနဲ့များပါတယ် ဘောပင်နဲ့သိပ်မရေးဖြစ်ဘူး

နားထောင်ဖြစ်နေတာ . . . . အခုတစ်လောတော့ သူများအတင်းပြောတာ နားထောင်နေရတယ်

ရွတ်မိနေတဲ့ကဗျာ . . . . ဝါဆိုဝါခေါင် ရေတွေကြီးလို့ သပြေသီးမှည့် ကောက်စို့ကွယ်

ဖြစ်ချင်နေတာက . . . . နှစ်ရက်ပဲ ရုံးဖွင့် ငါးရက် အလုပ်ပိတ် ခွင့်ယူ လစာမလျော့

စားဖြစ်နေတာက. . . . ပန်းကန်နဲ့စားတယ် ကုလားဆိုင်ဆိုရင်တော့ တစ်ခါတစ်လေ ငှက်ပျောဖက်နဲ့ပေါ့

သနားနေမိတာက . . . . ငါတော်တော် သနားစရာကောင်းပါလား

လွမ်းနေမိတာက . . . . မွေးမြေရပ်ကို အမြန်ရထားဆိုက်ရောက်ချိန်

မေ့လျော့နေတာ . . . . မေ့နေပါတယ်ဆို ဘယ်မှတ်မိပါ့မလဲ

တမ်းတနေမိတာ . . . . အမေချက်ကွေးတဲ့ထမင်းနဲ့ဟင်း

ကြိတ်ပြီး ချီးကျူးနေမိတာ . . . . ကြိတ်ပြီးတော့ချီးကျူးပါတယ်ဆို ချရေးလို့ ဘယ်ဖြစ်မလဲ

ကြိတ်ပြီး အထင်သေးနေမိတာ . . . . ငါတော်တော်ည့သေးပါလားနော်

ဆန္ဒမရှိတဲ့နေရာ . . . . ဆန္ဒမရှိမှတော့ အသက်မရှိတော့ပါဘူးလေ အနည်းဆုံးတော့ အသက်ရှင်ဖို့ ဆန္ဒရှိရမယ်

ဆန္ဒရှိနေတဲ့ ကိစ္စ . . . . လုပ်ချင်တာတွေ မကုန်သ၍တော့ အသက်ဆက်ရှင်ချင်တယ်

ချစ်နေတာက . . . . မိမိကိုယ်သာ အချစ်ဆုံးဆိုတာ အမှန်ဆုံးပဲ

စိတ်ပျက်နေမိတာက . . . . အချိန်ဆွဲတတ်တဲ့အကျင့်

စွဲလန်းနေတာက . . . . စွဲလန်းနေရင် သံသရာရှည်တယ် ဘာတစ်ခုမှ မစွဲလန်းအောင်နေသည်

လိုအပ်နေတာက . . . . . အချိန်

တောင်းတနေမိတဲ့ဆု . . . . စိတ်ဖိစီးမှု့တွေ လျော့ချင်တယ်

ထပ်ပြန်တလဲလဲ အော်ဟစ်နေမိတာက . . . . တစ်ခါမှ အော်ဖူးပါဘူး

ဝန်ခံချင်တာ . . . .ရေးထားတာတွေကို ချင့်ချိန်ပြီးယုံပါ