တိုက်ဆိုင်မှု့များ

မနက်ကလည်း အိပ်ယာထကလည်း နောက်ကျတာနဲ့ ကျောင်းကိုသွားအိမ်ကထွက်တော့ ကိုးနာရီကျော်လောက် ဓာတ်လှေကားထဲကျမှ ဘာလို့မှန်းမသိဘူး သောကြာနေ့ ကိုးနာရီကျော်ဆိုတော့ တနင်္လာအခါပဲလို့ စိတ်ထဲကသတိရလိုက်တယ် အဲဒါတွေက စိတ်မဝင်စားတာ ကြာပါပြီ သင်တုံးကတော့ ဗဟုသုတဆိုပြီး သင်လိုက်တာပဲကိုး ယုံလို့သင်တာမှ မဟုတ်တာပဲ အတတ်ပညာတစ်ခု ပိုတတ်ရင်နည်းသလားဆိုပြီး ရည်ရွယ်တယ်။ ဘုရားဖြစ်စဥ်နဲ့ပြောရရင် တောထွက်တဲ့အခါဆိုတော့ တစ်ချို့ကလည်း အပြောင်းအရှေ့ရှိတတ်တယ်တို့ လောကီရေးရာည့ပြီး လောကုတ္တရာ အလုပ်ဆိုရင် ကောင်းတဲ့အခါလို့ ပြောကြတာပဲ။ စဥ်းစားကြည့်တော့ တိုင်မှာက ကိုယ့်မွေးနံကအောက်ဆုံးမှာ စိတ်ထဲကတော့ ထင့်သွားတယ် ငါများ အပြောင်းအရှေ့ရှိသလားပေါ့ အိမ်တော့မပြောင်းရတာ သေချာတယ် ပြောင်းတာမဟုတ်ရင်တော့ လောကီည့တယ်ဆိုတော့ ဒီနေ့များ ဆရာနဲ့တွေ့ရတာ ပြင်စရာများပြီး ပြန်လာရမလား စိတ်ကလည်းနည်းနည်း တစ်မျိုးဖြစ်မိတယ်။

—–
—–

ဖြစ်ချင်တော့ မွေးနံကို စီးထားတာက တနင်္ဂနွေဆိုတော့ ဆရာသမားက ထုထောင်းတာလည်း ဖြစ်နိုင်တာပဲကိုး။ ဓာတ်လှေကားက အပြင်ထွက်တော့ ခွေးသေးသေးဖြူဖြူလေးကို တွန်းလှည်းလေးနဲ့ တင်ခေါ်လာတာ တွေ့ပါရောလား။ တနင်္လာမှာ တနင်္လာနိမိတ်မြင်တော့ သေချာပြီ ဒီအတိုင်းပဲ မပြောင်းလဲဘူးဆိုတာများလားပေါ့။ Lab ထဲဝင်တော့လည်း လူကခပ်တွန့်တွန့် ဆရာနဲ့ဘွားကနဲများ တွေ့မလားပေါ့ အထဲရောက်တော့လည်း မမြင်မိပါဘူး ဒါနဲ့ နောက်ခန်းထဲက ကိုယ့်အလုပ်စားပွဲမှာ သွားထိုင်နေပြီး လုပ်စရာရှိတာလုပ် နာရီကြည့်တော့ ၁ဝ နာရီ စန္ဒြောအခာကလည်း မကုန်သေးဘူးလေ။ အဲလိုနေတုံး Lab ထဲက အော်ပိုရေတာက တွန်းလှည်းနဲ့ ရောက်လာပါရော ခန်းမထဲမှာ စားပွဲတွေလွတ်လို့ ဟိုဘက်ပြောင်းရမယ်တဲ့ ပစ္စည်းတွေသိမ်းပါတဲ့။ မပြောင်းလို့မရဘူးလားဆိုတော့ မရဘူးတဲ့ မင်းဆရာက မင်းကိုရှာရခက်လို့ ခန်းမထဲကစားပွဲတစ်နေရာ လွတ်တာနဲ့ သူ့ကြီးကြပ်နေတဲ့လူတွေအကုန် တစ်နေရာတည်းမှာ စုပေးပါဆိုလို့ ပြောင်းကိုပြောင်းရမယ်တဲ့။

ပြောင်းတော့ မပြောင်းချင်ဘူးလေ အင်တင်တင်ပေါ့ ပြောင်းလိုက်တယ်ဆိုရင် အထုအထောင်းတော့ မဖြစ်တော့ဘူး ယတြာကျေပြီလို့တော့ စိတ်ကထင်လိုက်မိသား။ ပြောင်းဆိုတော့ ပြောင်းရတာပေါ့ ဖြစ်ချင်တော့ သူများလိုနှစ်ယောက် ကျောချင်းကပ်မဟုတ်ဘူး ဒေါင့်ဆိုတော့တစ်ယောက်တည်း ပရင်တာတစ်လုံးဘေး ဖြစ်နေတော့ သူများပရင်လာထုတ်ရင်တော့ နည်းနည်းဆူတယ် ကျယ်ကျယ်လွင့်လွင့်လည်း ဖြစ်သွားတာပေါ့။ ကံဆိုးချင်တော့ အေးလိုက်တဲ့ဖြစ်ခြင်း ခန်းမထဲဆိုတော့ အပူချိန်က ပြင်မရဘူး အနောက်ထဲက အခန်းကကျဥ်းတော့ အထဲကလူချင်းညှိပြီး အပူချိန်ပြန်တင်ထားကြတာ။ အနွေးထည်ရှိတာပဲလေဆိုပြီး နေလိုက်တာ ညနေလည်းရောက်ရော ခေါင်းတွေကိုက်လွန်းလို့ အပြင်ထွက်နေရတယ် မဖြစ်သေးဘူး ခေါင်းဆောင်းပါနဲ့ အနွေးထည်တော့ ဝယ်မှဖြစ်တော့မယ်။ နောက်မှ ပြန်စဥ်းစားတယ် ဒါလည်း အပေါ်စီးကနေ ခေါင်းကိုထုထောင်း လိုက်သလိုပါပဲလားနော်။

6 thoughts on “တိုက်ဆိုင်မှု့များ

  1. ဒီရက်ပိုင်း ကံမကောင်းဘူးကွယ်၊ အမ ကို နဲနဲ တွက်ပေးစမ်းပါ း(

  2. ဒီမှာလည်း ကံမကောင်းနေတာ နှစ်နဲ့ချီနေပြီ …တွက်ပေးပါဦး…
    သွေးထွက်အောင် မှန်တဲ့ဗေဒင်ဆရာ ရှာနေတာကြာပြီ…

    mie nge

  3. မီးသွေး မီးဖိုသေးသေးလေးယူသွား၊ မီးလှုံပေး၊ ဒါမှမဟုတ် ဗော့ဒကာတစ်လုံးဝယ်ပြီး ရေသန့်ဗူးနဲ့ ထည့်ယူသွား။

  4. အဲဒါလဲပြီးရော..ဟပ်ချိုးရောဂါဖြစ်တော့မှာဘဲ။ သိုးမွေးဦးထုပ်လေးဝယ်ပါ။ တစ်ကယ်ပြောနေတာ။

Leave a Reply

Your email address will not be published. Required fields are marked *

*

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong> <pre lang="" line="" escaped="" highlight="">