ပွင့်လင်းတဲ့အမြင် (Open Mind)

တစ်ခါတစ်ယံမှာ မှားယွင်းခံစားမိတဲ့ သစ္စာရှိခြင်းဆိုတာက လူတစ်ယောက်ရဲ့ တိုးတက်မှု့ကို ရပ်ဆိုင်းသွားစေတယ်လို့ ခံစားလာမိတယ်။ ဆရာတစ်ယောက်အနေနဲ့ တပည့်တစ်ယောက်ကို အနည်းဆုံးတော့ သူ့ထက်ည့အောင် သင်ပေးနိုင်ရမယ်။ ဆရာထက်တော်အောင် သင်ပေးနိုင်တဲ့ဆရာ ဆိုတာကတော့မရှိဘူး ဆရာ့ထက်တော်ချင်ရင် ဒီလိုလုပ်လို့ပဲ လမ်းကိုပြပေးနိုင်မယ်။ နောက်ထပ် ဆရာတစ်ယောက်ဆီကို လက်ပြောင်းပေးရတာမျိုးလည်း ဖြစ်ကောင်းဖြစ်နိုင်တယ်။ ဆရာတစ်ယောက်အနေနဲ့ တပည့်တစ်ယောက်ကို နောက်ထပ်သင့်လျော်တဲ့ ဆရာတစ်ယောက်ဆီကို လက်လှဲပေးနိုင်မယ်လို့ အမြင်ရှိနေရင် အဲဒီ့ဆရာမှာ ပွင့်လင်းတဲ့အမြင်ရှိတယ်လို့ မြင်မိတယ်။ တပည့်မှာလည်း ငါ့ဆရာမှငါ့ဆရာ သူများဟာဆိုမကောင်းဘူးလို့ မြင်မိရင် အဲဒါကို ဆရာအပေါ်မှာ သစ္စာရှိတယ်ဆိုပြီး ဂုဏ်ယူနေရင်လည်း မကောင်းပြန်ဘူး။ ဘယ်ဆရာမှာတော့ ဘယ်အချက်ကကောင်းတယ် ဘယ်အချက်မကောင်းဘူး ပွင့်ပွင့်လင်းလင်း မြင်သင့်တယ် ဒါမှလည်း တပည့်တစ်ယောက်တွက် ပွင့်လင်းတဲ့အမြင် ပြည့်စုံတယ်လို့ယူဆမိတယ်။ အတတ်ပညာအသစ် တစ်ခုအတွက် ဆရာပြောင်းလိုက်တာကို သစ္စာမဲ့ခြင်းလို့ မခံစားသင့်ဘူးလေ။

ဘာသာရေး ဥပမာပြပါဆိုရင် လက်ဝဲရံနဲ့ လက်ယာရံ ဖြစ်လာမယ့် အလောင်းအလျာနှစ်ယောက်က အရင်က ဘာအယူဝါဒမှ မရှိတာမှမဟုတ်ပဲ သူတို့နှစ်ယောက်က ဂိုဏ်းတစ်ဂိုဏ်မှာ နာမည်ကျော်အသင်းဝင်တွေပဲ နောက်တော့ ဗုဒ္ဓရဲ့ဝါဒကို သဘောကျလို့ ထွက်ပြီးပြောင်းလာတာပဲ လာတာမှ ရိုးရိုးလာတာမဟုတ်ဘူး တစ်ခြားလူတွေပါ စည်းရုံးခေါ်လာတယ် ဆရာကိုတောင်စည်းရုံးလိုက်သေးတယ်။ ဆရာဖြစ်သူကတော့မလိုက်လာဘူး။ ဝါဒပေါင်းစုံ လွတ်လွတ်လပ်လပ်ရှိတဲ့ မဇ္ဇိမမှာ ဒါကထူးဆန်းတဲ့ကိစ္စမဟုတ်ဘူး ဆရာရောတပည့်ပါ ဘယ်သူကမှ သစ္စာဖောက်တယ်လို့ မခံစားကြဘူး။ အဲဒီတော့ အမြင်ကျဥ်းတဲ့ ဗုဒ္ဓဘာသာဝင်များက သြော်ဒါကတော့ ဘုရားဘက်ပြောင်းတာပဲ ကောင်းတာလုပ်တာလို့ ပြောကြမယ်။ ဘာမှမဆိုင်ဘူး အသေအချာကြည့်ရင် ဟိုဘက်ကလည်း ဝါဒတစ်ခု သည်ဘက်ကလည်းဝါဒတစ်ခု ဘယ်အဖွဲအစည်းကမှ သာတယ်မြတ်တယ်မရှိဘူး အားလုံးအတူတူပဲ။ အမြင်ကျဥ်းရင်တော့ လက်ဝဲရံနဲ့ လက်ယာရံ အလောင်းလျာနှစ်ပါး သစ္စာဖောက်ခဲ့ကြတာပါလား။

ဒီလိုအမြင်တွေ ငယ်ငယ်ကရှိခဲ့လို့ တစ်ချို့အတတ်ပညာတွေ မသင်လိုက်ရပဲ ဆုံးရှုံးခဲ့ဖူးတယ်။ ငယ်ငယ်က ရှိုတိုကန်စတိုင် ကာရာတေးကို နှစ်တော်တော်ကြာအောင် သင်ခဲ့ဖူးတယ်။ ခေတ်သစ်ဘာသာပြန်တော့ လက်နက်မဲ့ဆိုပြီး လက်နက်ပါတဲ့ အရာတွေကိုမသင်ခဲ့မိလို့ အဖေ့ဆီက အိုကီနားဝါး ကာရာတေးဖြစ်တဲ့ လက်နက်ပါတဲ့ အတတ်ပညာတွေကို မသင်ဖြစ်လိုက်ဘူး။ သင်ပေးမယ့်သူမရှိတော့တဲ့ အချိန်ရောက်မှ Sai တစ်စုံရယ် နံရံမှာအလှချိတ်စရာ ဖြစ်သွားတာကို နောင်တရမိတယ်။ ဂိုဂျုရုက ကကွက်တွေကို ငါတို့ ရှိုတိုကန်ကဖြစ်လို့ မကစားဘူးလို့ ဂုဏ်ယူစွာပြောခဲ့ဖူးတာကို နောင်တရမိတယ်။ ရှိတိုရုနဲ့ ဂိုဂျုရုမှာ အင်မတန်ကောင်းတဲ့ နှစ်ပေါင်းထောင်ချီသက်တမ်းရှိတဲ့ ကကွက်တွေရှိတယ်။ ငါ့အဖေဆီက တစ်စိတ်တစ်ပိုင်း မရလိုက်တာ အင်မတန်နစ်နာတယ်။ ငယ်ငယ်က သင်ခဲ့တဲ့ ကာရာတေးအသင်းမှာ ပြောပြောနေတဲ့ Yagyu Shinkage Ryu ဆိုတာက ရှေးအကျဆုံး မဟုတ်ဘူးဆိုတာ အချိန်မနှောင်းခင် သိလိုက်တာကံကောင်းခဲ့တယ်။

ဒီလိုအမြင်တွေ ရှိခဲ့ပြီးတဲ့နောက် သစ္စာဖောက်တယ်ပဲ ပြောပြောလုပ်ဖူးတဲ့ အကြောင်းတွေကိုပြောရမယ်ဆိုရင် အများကြီးပဲ။ စာဖတ်ပြီးသင်ဖူးလဲ ဆရာပဲလို့ပြောရမယ်ဆိုရင် ပြက္ခဒိန်အတွက်သင်တုန်းက ပထမဆုံးသင်ခဲ့တဲ့ သံဒိဋ္ဌတွက်နည်းကို ဗမာပြည်မှာရှေးအပြိုင်ဆိုတဲ့ ဦးသန်းမောင်နဲ့ ဦးကျော်ငြိမ်းဆိုတာ အပိုင်းကိန်းလေး ဒဿမတစ်လုံး နှစ်လုံးလွဲတာနဲ့ သူမှန်တယ်ငါမှန်တယ် ငြင်းနေကြတာပဲ။ ပွင့်ပွ

5 thoughts on “ပွင့်လင်းတဲ့အမြင် (Open Mind)

  1. တို့လည်းဖတ်သွားပါတယ်…ဒါပေမယ့် အဆင့် မရှိလို့ လိုက်မမီလို့ မဆွေးနွေးနိုင်ပါဘူးလေ…

    mie nge

  2. အင်း… Aritomo Murishige က အဖိုးဆရာဆိုတော့ … ခက်ပြီ…။ လူပျို့အသက်က ခုမှ အစိပ်ရယ်…။ ဦးသောင်းဒင်က လူပျို့အဖိုးဆရာဆိုရင် နီးစပ်သေးတယ်။ ဂစ်တာရော သင်လိုက်သေးလား။ ကာတားနားနိုင်ပြီလား။
    ရှီနိုင်းကောင်းကောင်းတစ်လက်လောက်တော့ လိုချင်နေတယ်။ အရင်ဟာကို အဒေါ်တွေက ဘာမှန်းမသိပဲ ခွေးရိုက်ပစ်လိုက်လို့..။ ဟီး။ Yagyu ကျောင်းက အလယ်ခေတ်လောက်မှ စတာထင်တယ်။ သူ့ထက်ရှေးကျတာတွေရှိသပေါ့။ နောက်ဆုံးတော့လဲ ဆရာကြီး ဥယေရှီဘ လို “ဘို“လေးတစ်လက်နဲ့ ရွာစဥ်လည်နေရရင်ကောင်းမယ်။ :-) အေးတာပဲ…။
    ဘယ်ပညာမဆိုတတ်ထားရင်တော့ တစ်ချိန်ချိန်မှာ အသုံးဝင်လာမှာပဲလေ။ သူရိယသိဒ္ဒန္တအထိတွက်တတ်ပြီး ပြက္ခဒိန်ထုတ်တတ်တယ်ဆိုရင်လဲကောင်းတာပဲ။ ဒါပေမယ့် ဟိုခေတ်ကတော့ လဂ်ရိုး ဂဏိတတွေမှာ ခုခေတ်လို ကွန်ပျူတာတွေမပေါ်သေးလေတော့ကာ ဒသမလေးတစ်လုံးအတွက်ကို အတော်တွက်ယူရပါတယ်။ ဒါပေမယ့် လီလာဝတီကို သေချာဖတ်ဖူးမယ်ဆိုရင်တော့ အဲဒီခေတ်က ပညာတွေလဲ မခေတာကိုတွေ့မှာ။ အခါပေးပုံတွေကတော့ ရာဇမတ္တန်မှာအတော်လေးစုံတယ်။ လဂ်ရိုးရယ် လဂ်ဆန်းရယ် ငြင်းနေကြတာတွေဟာ မငြင်းသင့်တာတွေပါလေ။ တစ်ကယ်တမ်းကတော့ chaos ကို chaos နဲ့ပြန်ရှာတာပါပဲ။ နည်းစံနစ်တစ်ခုခုကို သေသေချာချာပိုင်ပြီဆိုရင် မဟာဘုတ်လေးနဲ့လဲ အကြားအမြင်ရတယ်ထင်ရလောက်အောင် ပြောနိုင်တာပဲ။
    open minded ထားနိုင်ရင်တော့ အကောင်းဆုံးပေါ့။ ပွင့်လင်းသောမနော….ရှိရင် အရာရာကို ခွင့်လှတ်နိုင်လာမှာပဲ။ အရေးကြီးတာက တစ်ကယ်မှန်တဲ့အချက်တွေကို မှားတယ်လို့မထင်မိဖို့ရယ်၊ မှားနေတာတွေကို အမှန်လို့မထင်မိဖို့ရယ်ပါပဲ။ အမှန်မြင်တာနဲ့ အမြင်မှန်တာဟာ မတူဘူးလေ…။ နော…။ မွေးနေ့အမှတ်တရပေါ့ လူပျိုကြီးရယ်…။

  3. ဟုတ်ပါ့ အမျိုးစပ်သလိုဆိုရင်တော့ သူကအဘိုးတောင်မကဘူး သူ့အောက်မှာ ယာမဂုချိရှိနေတယ် ဟိဟိ တွက်တာလွန်သွားတယ်။ ဂစ်တာမတီးတတ်ဘူး ကာတားနားတော့ နိုင်တယ်လို့ မပြောရဲပါဘူး။

    ဗေဒင်လည်းမလုပ်ဖြစ်တော့ပါဘူး ဝါသနာပြန်ထလာအောင် မပြောနဲ့နော် ဟိဟိ ကျမ်းနာမည်တွေကြားပြီး ပြန်လုပ်ချင်လာရင် ခက်မယ် :P

    အမှန်မြင်တာနဲ့ အမြင်မှန်တာတော့ တော်တော်လေး စိတ်ဝင်စားဖို့ကောင်းတယ်။ နောက်လည်းလာပါဦး ဦးတီရေ စကားပြောလို့ကောင်းပါတယ်ခင်ဗျ။

  4. ဟုတ်ပါ့ အမျိုးစပ်သလိုဆိုရင်တော့ သူကအဘိုးတောင်မကဘူး သူ့အောက်မှာ ယာမဂုချိရှိနေတယ် ဟိဟိ တွက်တာလွန်သွားတယ်။ ဂစ်တာမတီးတတ်ဘူး ကာတားနားတော့ နိုင်တယ်လို့ မပြောရဲပါဘူး။

    ဗေဒင်လည်းမလုပ်ဖြစ်တော့ပါဘူး ဝါသနာပြန်ထလာအောင် မပြောနဲ့နော် ဟိဟိ ကျမ်းနာမည်တွေကြားပြီး ပြန်လုပ်ချင်လာရင် ခက်မယ် :P

    အမှန်မြင်တာနဲ့ အမြင်မှန်တာတော့ တော်တော်လေး စိတ်ဝင်စားဖို့ကောင်းတယ်။ နောက်လည်းလာပါဦး ဦးတီရေ စကားပြောလို့ကောင်းပါတယ်ခင်ဗျ။

Leave a Reply

Your email address will not be published. Required fields are marked *

*

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong> <pre lang="" line="" escaped="" highlight="">