လူမျိုးကွဲ အကျိုးပေး၏ (အိန္ဒိယအထူးပြု)

ဒီရက်ပိုင်း လူမျိုးကွဲအကျိုးပေးပုံရတယ် ပိုထူးတာက အိန္ဒိယအကျိုးပေးနေသလားမသိ။ လူကလည်း ဗမာပြည်မှာကတည်းက ဗမာလားလို့တစ်ခါမှ အမေးမခံရဘူး အဲသည့်လောက်ကို ဗမာနဲ့တူပုံရတယ်။ အဘိုးဖြစ်သူက မျက်ခုံးမှေးကို ခေါင်းဖြီးလို့ရတယ် မြေးဖြစ်သူလက်ထက်ကျတော့ အဲဒီလောက်တော့ မဟုတ်တော့ပါဘူးလေ မျက်ခုံးမှေးအပြားကြီးလို့ ဆယ်တန်းတုံးကတော့ ဆရာတစ်ယောက်က မျက်ခုံးမှေးခြေမလောက်နဲ့ ကောင်ကြီးလို့ခေါ်သဗျ။ ကုလားဗမာအရးအခင်း ဖြစ်နေတော့ လုံခြုံရေးအရ တစ်နေ့တစ်ခါ မုတ်ဆိတ်မှေး ပါးသိုင်းမှေးရိတ်ထားရတယ် မဟုတ်လို့ကတော့ သြကာသဆိုပြတောင် ဘုန်းကြီးတွေက သံသယမကင်းလောက်ဘူး။

စျေးရောင်းနေတော့လည်း မန်နေဂျာက ဖိလစ်ပိုင်အမျိုးသမီး သဘောကတော့ ကောင်းသလားမမေးနဲ့ သူများဆိုင်တွေ ငွေကွာရင် ၁ ကျပ်လောက်နဲ့ ခဏခဏစိုက်ရတယ် ကိုယ်ဖြင့်လုပ်လာတာ ၆ လလောက်ကြာတယ် တစ်ခါမှစိုက်ရတယ်မရှိဘူး ငွေမကွာတဲ့နေ့လည်းမရှိဘူး အမြဲတမ်း ငါးမူးတစ်မတ်တော့ လျော့နေတာများတာပဲ။ လက်ထောက်မန်နေဂျာက စလုံးတရုတ်မ ဒါပေမယ့် သူများတွေပြောတော့ စလုံးတရုတ်မတွေ ဆိုးတယ်တဲ့ သူများနဲ့တော့မသိဘူး ကိုယ်နဲ့တော့အဆင်ပြေနေတာပဲ လမုန့်ပွဲတောင် မုန့်စားလိုက်ရသေးတယ် ကြမ်းတောင်သူပဲတိုက်တာ နင်ကောင်တာပဲနေ နင့်ဗလနဲ့ အလေးအပင်လည်း မမနိုင်ဘူးဆိုပြီး သူပဲအကုန်လုပ်တာများတယ်။ မလေးအန်ကယ်ကြီးကတော့ သူများတွေဥပုသ်စောင့်နေတာ မင်းကမုန့်စားနေသလားဆိုပြီး လာလာပြီးပွစိပွစိလုပ်နေလို့ မလေးမဟုတ်ပါဘူးဗျာလို့ မနည်းရှင်းထားရတယ်။ MRT ထဲကလက်မှတ်ဌာနက ဟိန္ဒူကုလားမကြီးဆိုရင် ဘော်တာကိုဖြစ်လို့ ဒီပါဝလီနေ့ကဆိုရင် မလိုင်မုန့်တွေတောင် တကူးတကယူလာပြီး လက်ဆောင်ပေးသေးဗျာ။

ကျောင်းက Supervisor ကလည်း အိန္ဒိယကလာတဲ့ ကုလားစစ်စစ်ပါဗျာ လက်ခံထားတဲ့ တပည့်တွေကလည်း ကုလားတွေကြည့်ပဲ ကိုယ်တစ်ယောက်ပဲ ဗမာပါတယ် ဒါတောင် သူတို့နဲ့အရောင်တူတယ် သို့ပေမယ့်သူတို့ထဲတော့အဖြူဆုံးပေါ့ဗျာ။ ဒီနှစ်ထဲကို Paper သုံးစောင်တင်တယ် တစ်ခုက ဘယ်လဂျီယမ်မှာ ဒီနှစ်အလှည့်ကျတယ် နောက်တစ်ခုကအိန္ဒိယမှာ အလှည့်ကျသဗျာ။ နောက်တစ်ခုက ဂျာနယ်ဆိုတော့ ဘယ်မှသွားစရာမလိုဘူး။ ဘယ်လဂျီယမ်မှာတင်တာကျတော့ သုံးလလောက် အချိန်ယူရေးထားသဗျာ သို့ပေမယ့် မပါဘူးတဲ့ ၁ဝ ရက်နဲ့အပြီးရေးပြီး ဖြစ်သလို တင်ထားတဲ့ အိန္ဒိယကဟာကျတော့ ကောင်းသတဲ့ဗျာ လက်ခံလိုက်သည်လို့ပြန်လာသဗျာ။ ကြည့်ရတာ ကုလားအကျိုးပေးများနေတယ်ထင်တယ်။ ဒါတောင်တစ်ခါက ကုလားပရော်ဖက်ဆာ တစ်ယောက်က စကားစပ်မိလို့ နာမည်မေးလို့ပြောလိုက်တာ သြော်…. မင်းကတရုတ်ကိုးဆိုလို့ မျက်လုံးပြူးဖူးတယ် ဘယ်လိုမျက်စေ့နဲ့များ ကြည့်လိုက်သလဲမသိဘူး။

6 thoughts on “လူမျိုးကွဲ အကျိုးပေး၏ (အိန္ဒိယအထူးပြု)

  1. အနော်လည်း ကုလားနဲ့ အကျိုးပေးမယ်ထင်တယ်။ အကျိုးမနည်းရင်ကို တော်ပါပြီလေ။ (SCE က Mr.Sabu က ဆူပါဗိုက်ဆာလေ)။

  2. ကိုကိုဒီဘီတစ်ယောက်လဲ လူပျိုကြီးကို တော်တော်သံယောဇဥ်ရှိတယ်နော်… ခွိခွီ

  3. လက်ထောက်တရုတ်မလေး ချောလား မမေးတော့ပါဘူး တာကိုးရယ်…
    စိတ်နာ…ထှာ

  4. အနော်လည်း လူမျိုးကွဲတာပဲ အဟတ် ဟတ် အိန္ဒိယတော့ ဟုတ်ဖူးရယ်…

    (နွယ်ရိုး)

Leave a Reply

Your email address will not be published. Required fields are marked *

*

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong> <pre lang="" line="" escaped="" highlight="">