ဘလော့ကို လူဝင်ဖို့ဆိုတာက မားကက်တင်းဆင်းဖို့ကလည်း လိုသေးတာကိုးဗျ ကိုယ့်ဟာကိုယ် ဆတ်ဆော့ပြီးရေးတာတော့ ဟုတ်ပါတယ်လေ လာမယ့်မလူမရှိတော့လည်း တစ်ယောက်တည်း စကားပြောနေရသလို ငပေါကြီးဖြစ်နေတယ် မဟုတ်လား။ ဖတ်တဲ့လူက ကြိုက်ကြိုက်မကြိုက်ကြိုက် ကောင်းတယ်ပြောပြော မကောင်းဘူးပြောပြော Response တော့လို့တယ်ဗျ။ စာသိပ်မရေးတော့ လူလည်းသိပ်မလာတော့တာ ကြာပါပြီလေ စာမရေးလို့မလာတာလားဆိုတော့ ပြန်စဥ်းစားတော့ ဟုတ်လည်းဟုတ်တယ် ဟုတ်လည်းမဟုတ်ပြန်ဘူး အရင်ဆိုရင်စာမရေးလည်း ရေးပါဦးလို့တော့လာအော်ကြတယ်။
အသေအချာစဥ်းစားကြည့်တော့ ပထမတစ်ချက်က ကိုယ်ကလည်း သူများဆီသွားဦးမှ ကိုယ့်ဆီလည်း အနည်းဆုံးတော့ အားနာပြီးလာလည်မှာပေါ့။ အရင်ကတော့ အားနေတော့သွားပါတယ် တွေ့ရာဘလော့မှာ ဝင်ပြီးအာလူးဖုတ်တတ်ပါတယ် နောက်တော့ မအားလို့မရောက်ဖြစ်ရာကနေ မိတ်ဆွေတွေ အဆက်ပြတ်ကုန်တာဖြစ်မယ်။ ရောက်ရင်လည်းရောက်ကြောင်းတော့ ChatBox မှာအော်ခဲ့မှအဆင်ပြေမယ်လေ ကိုယ်ရောက်ခဲ့ပါတယ်ပေါ့။ အလည်မထွက်လို့ လူမဝင်တဲ့ဘလော့ကို ပြပါဆိုရင် ကိုကိုဒီဘီဘလော့ပဲ ပြရမယ်ထင်တယ် သူလည်းစာရေးပျက်ရာကနေ လူတွေသိပ်မလာဘူး ပြောနေတာ တစ်ကယ်က သူကမှမအားလို့ မလည်မထွက်နိုင်တော့တာကိုးဗျ။ အိမ်အလည်ထွက်လို့ လူအဝင်များတဲ့ ဘလော့ကို ပြပါဆိုရင် ဘွားကွန်ဘလော့ကတော့ လူအင်မတန်များသကိုး။ ဘွားကွန်ကတော့ သူပြောသလိုပဲ ဘလော့ကို ပရော်ဖက်ရှင်နယ်ရေးဆိုသလို အချိန်တယ်ပေးနိုင်တယ် လာတဲ့လူကိုလည်း ချိုချိုသာသာဧည့်ခံတတ်တယ်။ ဘလော့ဘယ်လောက်များများ လာသွားတယ်ဆိုရင် ပြန်ပြီးအလည်လာတတ်ပါတယ်။ ဒါ့ကြောင့်လည်း လူချစ်လူခင်များသကိုးဗျ။ ကိုယ့်လိုလူကတော့ လာလည်လည်း သွားတော့လည်တယ် မတော်မတည့်တွေ လျောက်လျောက်ပြောခဲ့တော့ လူအမြင်ကပ်သပေါ့။
နောက်တစ်ချက်က ဘလော့ဂါကိုပြောင်းလိုက်တာရယ် ဒိုမိန်းနာမည်ပြောင်းလိုက်တာရယ်ကလည်း တစ်ချက်ပါမယ်ထင်တယ်။ နာမည်အသစ်က မှတ်ရခက်သတဲ့ ဟုတ်တော့လည်းဟုတ်ပါတယ် ဘိုနာမည်ရွေးလိုက်မိတာကိုး။ ဘိုနာမည်ရွေးလိုက်တာက အစက ဘိုလိုလည်းရေးမလို့ပါ ဒါပေမယ့်လူကငပျင်း ဘိုလိုရေးတဲ့ဘလော့ကို အခုထက်ထိ မစဖြစ်သေးဘူး။ အစက Free Host တစ်ခုမှာတင်ထားတော့ ကံဆိုးချင်တော့ Database Server ကခဏခဏ ဒေါင်းသကိုး Database နဲ့ Research လုပ်တဲ့လူ Database ပြဿနာတက်သလားလို့ ရွဲ့မေးချင်မေးကြပါမယ် အလကားရတာသုံးတော့ အတွန့်တက်လို့မရဘူးကိုးဗျ။ ဒါနဲ့စိတ်ရှုပ်တာနဲ့ ဘလော့ဂါကိုပြောင်းလိုက်တယ်။ အရင်လည်းကိုယ့်ဒိုမိန်းနဲ့ကိုယ် သုံးနေတာဆိုတော့ ပြောင်းလည်းပြဿနာမဟုတ်ပါဘူး ဗမာပြည်ကလူလည်း ဝင်လို့ရပါတယ် ပြဿနာက Comment ရေးမရဘူးတဲ့ ဒီတော့ဘာလုပ်ရမယ်မသိတော့ဘူး Hosting တစ်ခုပဲဝယ်ပြီး ပြန်တင်မယ်စိတ်ကူးပြန်တော့ ဘလော့ဂါလို အလုပ်ရှုပ်ကင်းပြီး Performance ကောင်းတဲ့ဟာကိုလည်း လက်ကမလှတ်ချင်ပြန်ဘူး။ Comment ကိစ္စကတော့ တစ်မျိုးစီစဥ်ရဦးမယ် မရရင်တော့ ကိုယ့်ဟာကိုယ်ပဲ ပြန်ပြောင်းရမှာပဲ မတတ်နိုင်ဘူး။
ဒါနဲ့အခုရက်ပိုင်း မားကက်တင်းပြန်ဆင်းနေရတယ် ဘလော့လည်ထွက်ချိန် တစ်နာရီသတ်သတ်ဖယ်ထားရတယ် မားကက်တင်းကောင်းလို့ထင်တယ် Statistic တွေပြန်စစ်တာ တော်တော်တိုးတက်လာတယ် Return Back တွေ Duration တွေပြန်တက်လာတယ်။ သြော်…. မဖြစ်သေးပါဘူး ဘလော့မားကက်တင်းလေး လုပ်ထားဦးမှပါ မဟုတ်ရင်ဘလော့လည်း သရဲခြောက်မှာကြောက်ရတယ်။
၁ ၂ ၃ နေရာ ဦးတာ.. ဟိဟိ
ကျုပ်တယောက်လုံး ယူ ့ ဘလော့ရယ် ကိုကို့ ဘလော့မှာရယ် ရှိပါတယ်အေ၊ အားမငယ်နဲ့ တနေ့ ၁ခေါက်တော့ မရောက်ပဲ မနေဘူး လာတယ်အေ…
မားကက်တင်းပဲလား၊ လက်ဆောင်ပစ္စည်းတွဲပေးဖို့ အစီအစဥ်ရှိလား လာမေးတာ
အကျေးအမွေးလေးလည်း ပါပေ့စေနော်…
ကိုလူပျိုကြီး စာရေးနေသရွေ့တော့ နော် လာအားပေးနေမှာပါ … ခင်များ အမာခံ ပရိတ်သတ်လို့သာ မှတ်ထားပါ…
ကျွန်တော်တို့လို RSS ဖတ် ပရိတ်သက်တွေကြောင့်လည်း ပါ ပါလိမ့်မယ်။
Blog တွေက များလွန်းတော့ အကုန်လုံး လိုက်မဖတ်နိုင်ဘူး။ Google Reader ထဲ ထည့်ထားပြီး Reader ထဲကနေပဲ စောင့်စောင့်ဖတ်တယ်။
ကျော်ရ၊ ခွရ ရန်လည်း ဝေး၊ ကွန်နက်ရှင်မကောင်းလည်း စိတ်ပူစရာ မလိုလေ။
အခု ပို့စ်တောင် ကွန်မန့်ပေးချင်လွန်းလို့ တမင်ရာက်အောင်လာခဲ့တာ။ ပုံမှန်ဆို Reader ထဲမှာပဲ ပြောဖြစ်တယ်။
RSS ဖတ် ပရိတ်သတ်များလည်း ရှိပါတယ်ဆိုတဲ့အကြောင်း . . .
မားကတ်တင်း မဆင်းလဲ လာရောက်ဖတ်ရှုနေကြပါဗျ။ အမြဲတော့ ဟုတ်ဘူးပေါ့။ ဂူဂယ်ဖတ်စာထဲကနေ ဖတ်တယ်။ ယုံ။
လာတယ်နော်
(မားကက်တင်းကြောင့်တော့မဟုတ်ဘူး မျက်စိလည်လာတာ) ဟီး း)