ပျော်ရှင်စေသော အရာများဆိုပြီးတော့ တဂ်လုပ်ပြန်တော့ အသေအချာပြန်စဥ်းစားကြည့်ပါတယ် ကျွန်တော့််ကို ပျော်ရှင်စေမယ့်အရာက ကျွန်တော်ဝါသနာပါရာ စိတ်ဝင်စားရာ အလုပ်တွေကို လုပ်ခွင့်ရနေရင် ကျွန်တော်ပျော်နေပါတယ်။ ကျွန်တော့််မှာက စိတ်ဝင်စားတဲ့အလုပ်ဆိုတာက နှစ်မျိုးရှိပါတယ် အသက်မွေးဝမ်းကျောင်းအလုပ်ရယ် ဝါသနာအလုပ်ရယ်ရှိပါတယ်။ အသက်မွေးဝမ်းကျောင်း အလုပ်ကိုအခုအချိန်အထိ ငွေရဖို့တစ်တည်းအတွက် မလုပ်ခဲ့ပါဘူး အမြဲပဲငယ်ကတည်းက ကိုယ်တတ်ကွမ်းတဲ့ပညာရေးနဲ့ပဲ အလုပ်လုပ်အသက်မွေးဖို့ ဆုံးဖြတ်ခဲ့တာကြောင့် အသက်မွေးဝမ်းကျောင်းတဲ့ အလုပ်ဟာလည်း ကျွန်တော့််အတွက် ဝါသနာပါလို့ရွေးခြယ်ခဲ့တဲ့ ပညာရေးပဲဖြစ်လို့ လေ့လာရင်းအသုံးချရင်းနဲ့ ပျော်နေတာပါပဲ။ အလုပ်ပဲလုပ်နေပြန်တော့လည်း ပျော်ပေမယ့် စိတ်ပင်ပန်းရင် တစ်ခြားအလုပ်နဲ့ မပါတ်သက်တဲ့ ဝါသနာနဲ့ပဲ အပန်းဖြေရင်း ပျော်စရာရှာရပြန်ပါတယ်။ ရုပ်ရှင်ကြည့်လေ့မရှိဘူး၊ အဝတ်အစားလည်း၊ ဝါသနာမပါဘူး အစားအသောက်လည်း ဖြစ်သလိုစားတတ်တယ် အလကားနေရင်း အချိန်ငွေကုန်သွားတယ်လို့ ယူဆတတ်တယ်။ ဗဟုသုတရမယ် ဝါသနာတွေပဲ များပါတယ် ပြတိုက်တွေ လျောက်လည်တတ်တယ် စာအုပ်အဟောင်းတွေ ဝယ်တတ်တယ်။ လူပင်ပန်းတဲ့အရာဆိုရင် အားကစားလည်း လူချင်းသတ်ရမယ့် အားကစားမှန်သမျ ဝါသနာပါပါတယ် အဲဒီ့ဝါသနာများအတွက်ကျတော့ ငွေကုန်လည်း အကုန်ခံပါတယ် အားကစားယူနီဖောင်းစျေးကြီးပါတယ် Dogi တစ်ထည်ကို ၂၀ဝ လောက်တန်ပါတယ် Hakama တစ်ထည် ၁၅ဝ လောက်ပေးရတယ် ဒါလည်းဝယ်တာပါပဲ။ လူကလည်းငယ်ကတည်းက ပညာရေးဘက်ပဲ လုံးလည်ရိုက်နေတော့ ပညာဒါနလည်းဝါသနာပါပါတယ် ဘောပင်ခဲတံဗလာစာအုပ်လှူတဲ့ ဒါနမျိုးမဟုတ်ပါဘူး ပုံနှိပ်စာအုပ်များ မဝယ်ချင်လို့လာမတောင်းနဲ့ အင်မတန်စိတ်ဆိုးတယ် အော်လှတ်တတ်ပါတယ် မှတ်စုစာအုပ်များ ပိုဆိုးသေးတယ် ကိုယ့်ဟာကိုယ်ရေးလို့ ပြောလှတ်တတ်ပါတယ်။ ဘာလုပ်ပေးသလဲဆိုရင် စာသင်ပေးတတ်ပါတယ် သိချင်တာရှိလိုမေးလာရင် အလုပ်ရှိတောင်ဖျက်ပေးတတ်ပါတယ်။ သိစေချင်လို့များများပြောပြတယ် မလိုက်နိုင်ရင်တော့ အရင်ကဆိုအင်မတန် ကရုဏာဒေါသ ထွက်တတ်ပါတယ် ငါးနှစ်ခြောက်နှစ်လောက်ကြာပြီး အခုတော့ဖြေတတ်သွားပါတယ် မေးတဲ့လူရဲ့ အခြေအနေကိုပဲကြည့်ပါတယ် နားလည်နိုင်မလောက်ပဲ သင်ပေးပါတော့တယ် မလိုက်နိုင်တော့ဘူးထင်ရင်တော့ ဆက်မပြောတော့ပါဘူး လိုက်နိုင်တဲ့လူကိုတော့ မေးနိုင်သလောက်သာမေးပါ ပါးစပ်ပဲ အမြုပ်ထွက်ထွက် မမောမပန်း ကိုယ့်ထမင်းကိုယ်စားပြီး ပြောပြတတ်ပါတယ် ဘာတွေဆက်ဖတ်သင့်တယ်လို့ ညှန်းတတ်ပါတယ် ကိုယ်ဖြေတာထက် အဲဒါတွေကိုဖတ်မှ လုပ်မှသာ ပိုအဆင်ပြေမယ်လို့ ပြောတတ်ပါတယ် အဲဒါမျိုးဖြေရရင်ကိုပဲပျော်နေတာပါ။ ဒီတော့ကျွန်တော်ပျော်စေတဲ့အရာတွေကတော့ အသက်မွေးဝမ်းကျောင်းအတွက် ကိုယ်တတ်တဲ့ပညာနဲ့ဆက်စပ်နေတဲ့အလုပ် အပန်းဖြေစရာ ပျော်စေတာကတော့ ဗဟုသုတအတွက် အပြင်ထွက်တာရယ် စာဖတ်တာရယ် အားကစားရယ် စာသင်တာရယ် ဒါတွေပါပဲ ထူးထူးဆန်းဆန်းမရှိပါဘူး။
တူတူပဲ..
လူချင်းသတ်တဲ့အားကစားနဲ့ လူချင်းယှဥ်တဲ့အားကစားပဲ ကွာတယ်။
ကောင်မလေးတွေကရောကွာ..ပျော်စရာကောင်းဘူးလား..ဟားဟ
ကောင်မလေးတွေနဲ့ သတ်တဲ့အလုပ်ပဲကျွန်တော့်တယ် …
{ဘာလုပ်ပေးသလဲဆိုရင် စာသင်ပေးတတ်ပါတယ် သိချင်တာရှိလိုမေးလာရင် အလုပ်ရှိတောင်ဖျက်ပေးတတ်ပါတယ်။}
ဒီစာလုံးလေး အကြိုက်ဆုံးပဲ။ ကို့စကားနဲ့ ကိုယ်နော်… ဟီးဟီးး
လာမေးဦးမှနဲ့တူတယ်…။ စာကိုပြောတာနော်ဗျ…:)
တို့ကတော့ ဟင်းချက်တာတွေပဲ မေးမယ်နော်၊
ပီးတော့ ဟို ၂ယောက် ပြောသလိုတွေ လျောက်မလုပ်နဲ့နော် ၊ အဲ့ လူတွေ ခွန်တွန်းးးကောင်မလေးတွေ သတ်စရာလား..
ပုံနှိပ်စာအုပ်တွေ ဘာလို့ မဝယ်ဘဲ တောင်းသလဲ စဥ်စားလို့မရပါ…. ကျနော်တို့ကတော့ စာဖတ်တာ မဖတ်တာ အပထား စာအုပ်တွေတော့ ဝယ်ပါသည်..
…. မြန်မာပြည်က လှည်းတန်းအဟောင်းဆိုင်မှာ ကျောင်းမှာ သင်တဲ့ စာအုပ်တွေ ချရောင်းနေတာ မြင်ရင်လည်း စိတ်မကောင်းပါ….. သူများမှတ်စုကိုတော့ မတောင်းတတ်ပါ…. ကိုယ့်မှတ်စု လာတောင်းရင်တော့ နားလည်ရင် ယူသွားဆိုပြီး ပေးတတ်ပါသည်….. မတော်တဆ ကိုလူပျိုကြီးကို စာမေးမိရင် အော်မလှတ်ဖို့တော့ ကြိုတင်ပြောချင်ပါသည် ….. အအော်ခံရရင် အလွန်ရှက်ပါသည်….
ဖတ်သွားတယ်ဗျ
း) း)သူတို့ပြောသလိုပဲ
း) လူပျိုကြီးရဲ့ပျော်ရွင်စရာလေးတွေ
း)