ပေါက်ပေါက်ရှာရှာ လူပျိုကြီးကိုများ ကျွန်တော်နှင့်အိမ်ထောင်ရေး ဆိုပြီးတဂ်ရတယ်လို့ မတတ်နိုင်ဘူးလေ ကိုယ်လည်းကိုယ်သိတာ ရှာဖွေပြီးရေးရတာပေါ့။ လူပျိုကြီးဆိုတော့ အိမ်ထောင်ရေးနဲ့ မဆိုင်ဘူးရယ်တော့ မဟုတ်ပါဘူးလေ သိတော့သိရမယ်မဟုတ်လား။ တစ်ခါတစ်လေတော့လည်း ချစ်တာတွေ မေတ္တာတွေနဲ့ အိမ်ထောင်ရေးမဆိုင်သလိုပါပဲ တစ်ချိုကလည်း ချစ်လို့ကြိုက်လို့အိမ်ထောင်ပြုကြတယ် တစ်ချို့ကလည်း အိမ်ကစီစဥ်လို့အိမ်ထောင်ပြုကြတယ် ဒါပေမယ့်ကွဲချင်လည်း ကွဲကြတာပါပဲ။ အဓိကကတော့ တစိမ်းလူနှစ်ယောက် အတူနေကြတယ်ဆိုတော့ အနည်းနဲ့အများတော့ အခက်အခဲဖြစ်ကြတာပါပဲ။ အရေးကြီးတာကစိတ်ပါပဲ တစ်ကယ်ကတော့ ကိုယ့်အတ္တနဲ့သူ့အတ္တမျနိုင်ရင် အဆင်ပြေမှာပါပဲ။ ယောက်ျားဖြစ်လို့ အလိုလိုက်ရမယ် မိန်းမဖြစ်လို့ အလျော့ပေးရမယ်ရယ် မဟုတ်ပါဘူး မျမျတတပေါ့။ ရှင်းရှင်းပြောရရင် လင်နိုင်တဲ့မိန်းမလည်း ကြည့်မရသလို မယားနိုင်တဲ့ယောက်ျားလည်း အမြင်မကြည်ပါဘူး။
အိမ်ထောင်ကျသွားရင်တော့ နှစ်ဘက်လုံး ကိုယ်ပိုင်လွတ်လပ်ခွင့်တွေ မျော်လင့်ချက်တွေကို အညီအမျဆုံးရှုံးခံကြရတာပါ။ ဥပမာပြောရရင် ကျောင်းတက်ရင်း အိမ်ထောင်ကျတဲ့ သူငယ်ချင်းတွေ ကျောင်းဆက်မတက်နိုင်ကြတာ များပါတယ် နှစ်ဦးနှစ်ယောက်ရပ်တည်ဖို့အတွက် အလုပ်လုပ်ဖို့လိုပြီလေ။ တစ်ချိန်က ပညာရေးအတွက် ဘယ်လိုပဲမျော်လင့်ခဲ့ပါစေ တစ်ခြားတစ်ယောက်အတွက်ငဲ့ပြီးတော့ ဆက်မလုပ်နိုင်တော့ဘူးမဟုတ်လား။ ဒါပေမယ့် သူ့ဘက်ကဆုံးရှုံးတယ်ဆိုပေမယ့် နှစ်ယောက်ဘဝအတွက်ကျတော့ အောင်မြင်တာဖြစ်ပြန်ရော။ လူပျိုလူလွတ်တွေ အလုပ်ကိုအာရုံမစိုက်နိုင်ခင်မှာ မိသားစုအတွက်ရုန်းကန်ရတော့ အလုပ်တွေအခြေတစ်ကျ ဖြစ်နေတာတွေလည်း အများကြီးပါ။ ဒါပေမယ့် သူ့အတ္တငါ့အတ္တမညှိနိုင်လို့ အချိန်မတိုင်ခင်ကွဲခဲ့ကြလို့ ဘဝပျက်သွားတဲ့ သူငယ်ချင်းတွေလည်း မြင်ဖူးပြန်တော့ စိတ်မကောင်းမိပြန်ဘူး။ ဘာပဲပြောပြော လက်ခုပ်ဆိုတာ တစ်ဘက်တည်းတီးလို့မှ မရတာပဲ ချစ်လို့ခင်လို့ အလျော့အပေးတယ်ဆိုတာ မဖြစ်ထိုက်ဖူးလေ နှစ်ဦးနှစ်ဘက်လျော့မှသာ အဆင်ပြေမယ် အတူတူရည်ရှည် လက်တွဲသွားနိုင်မယ်မဟုတ်လား။
အဲဒါတွေကတော့ ကိုယ်ဥာဏ်မှီရာပြောတာပဲလေ ကိုယ်လည်းမသိဘူး။ ကိုယ်နဲ့ဆိုင်တာပြောရရင် လူပျိုကြီးရဲ့ အိမ်ထောင်မကျတာက အဲဒါတွေမြင်လို့မဟုတ်ပါဘူး လူပျိုကြီးရဲ့ အတ္တကြောင့်ပဲဖြစ်ပါလိမ့်မယ်။ လုပ်ချင်တာတွေကလည်း များနေတယ်လေ ငယ်ကတည်းက ရည်မှန်းထားတာတွေကို အခုအချိန်အထိ တစ်ဆင့်ချင်းလုပ်လာ ခဲ့တာပါပဲ။ ဒီအချိန်ရောက်မှ အမျိုးသမီးတစ်ယောက်အတွက် တစ်သက်လုံးလုပ်ခဲ့တာတွေကို ရပ်လိုက်ဖို့ဆုံးဖြတ်ဖို့ အခက်သားလား။ နောက်ပြီးတော့ ကိုယ့်ကြောင့်တော့ အိမ်ထောင်ဖက်ကို မျက်နှာမငယ်စေချင်ပါဘူး ကိုယ့်အလုပ်က အများအလုပ်လုပ်သလို မချမ်းသာနိုင်ပေမယ့် ဆင်းရဲတဲ့အလုပ်လည်း မဟုတ်ပါဘူးလေ သို့ပေမယ့် လက်ရှိတော့ မပြီးဆုံးသေးဘူးမဟုတ်လား ရှေ့ဆက်ဖို့တွေလည်း ကျန်နေသေးတာကိုး။ မည်သူ့ကိုမှ အများထက်မျက်နှာငယ်မယ့်ဘဝမှာ နေနိုင်ပါတယ်ဆိုတောင် စောင့်နိုင်မယ်ဆိုရင်တောင် ကိုယ့်တစ်ယောက်တည်းအတွက် လိုက်လျောပေးရမှာဖြစ်လို့ တောင်းဆိုဖို့စိတ်ကူးမရှိပါ။ တစ်ခုတော့ရှိပါတယ် စကားကိုကုန်အောင်တော့ မပြောပါဘူးလေ အခုဆုံးဖြတ်ချက်ကို ပြန်ပြင်လောက်တဲ့ မိန်းကလေးနဲ့ မဆုံဖြစ်သေးတာလည်း ဖြစ်နိုင်ပါတယ်။
နောက်များတော့ တဂ်လုပ်မယ့်လူများ ဒီလိုမျိုး မဟုတ်ကဟုတ်ကများ တဂ်မလုပ်ကြပါနှင့် ဘာတွေလျောက်ရေးရမှန်းမသိပါဘူး။ သွားလေသူ တဂ်လုပ်သူကြီးကလည်း တဂ်လုပ်လို့မှမကြာသေးဘ
ူး ဘလော့လောကကနေ သိုင်းစာအုပ်ထဲကစကားနဲ့ပြောရရင် လက်ဆေးပွဲကျင်းပသွားတယ် ကောင်းကြရော ပြန်လာရင်လာပြောဦးနော်။
ူး ဘလော့လောကကနေ သိုင်းစာအုပ်ထဲကစကားနဲ့ပြောရရင် လက်ဆေးပွဲကျင်းပသွားတယ် ကောင်းကြရော ပြန်လာရင်လာပြောဦးနော်။
မည်သူ့ကိုမှ အများထက်မျက်နှာငယ်မယ့်ဘဝမှာ နေနိုင်ပါတယ်ဆိုတောင် စောင့်နိုင်မယ်ဆိုရင်တောင် ကိုယ့်တစ်ယောက်တည်းအတွက် လိုက်လျောပေးရမှာဖြစ်လို့ တောင်းဆိုဖို့စိတ်ကူးမရှိပါ။
ဟိဟိ ခွိခွိ သဘောကျသဟေ့…ရေးထားတာ ပြောဒါနော်…မိုက်စ်..
အမှန်ဆုံးတွေပါ၊ ပျို ဒီပို့စ်ကို ဘယ်လိုရေးမလဲ အမ စောင့်နေတာ စောင့်ဖတ်ရကျိုး နပ်ပါတယ်..
ကျွန်တော်ကတော့ " ငါ ငတ်နေသလို သူများ သားသမီးကို မငတ်စေချင်ဘူး " ဆိုပြီး စိတ်ထဲ ထည့်ထားတာ ..ဟားဟား
ဟုတ်တယ်လေ တစ်ယောက်တည်းဆို အပူအပင်မရှိဘူး နောက်လှည့်ကြည့်စရာ မရှိဘူးဗျ ကိုယ့်ဟာကိုယ် တစ်ယောက်တည်း ငတ်နေတာ ကိစ္စမရှိဘူးရယ် သူများပါ အဆစ်ငတ်သွားရင် ဒုက္ခများမယ် ဟားဟားဟားဟား
ဒီခေါင်းစဥ်လေးကို ကိုလူပျိုကြီး ဘယ်လိုရေးမှာလဲ ဆိုပြီး ဖတ်ချင်လွန်းလို့ နေ့တိုင်း လာရတဲ့ ဒုတ်ခွ မှ ကင်းလွတ်သွားပါပြီ…..
…..
ကောင်းတယ်ဗျ ရေးထားတာလေး…..
ဒီအချိန်ရောက်မှ အမျိုးသမီးတစ်ယောက်အတွက် တစ်သက်လုံးလုပ်ခဲ့တာတွေကို ရပ်လိုက်ဖို့ဆုံးဖြတ်ဖို့ အခက်သားလား။
လို့တော့ မပြောပါနဲ့ဗျ… ပါရမီဖြည့်ဖက်ဆိုတာလည်း ပေါ်လာကောင်းပေါ်လာနိုင်ပါတယ်… ဟိ ….
# kom အမှန်ဆုံးဆုံးဖြတ်ချက်ချလိုက်မိတာဘဲ။
Details
2009-11-12 9:00 PM
#
# kom တို့တော့အိမ်ထောင်ပြူလိုက်တာ တစ်ခါတည်းအိုကေ သွားတာဘဲ။
ဒီအတိုင်းဆို လူပျိုကြီးဆိုတဲ့ ဂုဏ်ကို ဆက်ထိန်းထားချင်တယ် ဆိုတဲ့သဘောပေါ့။ ဂွတ်ထ
ယှဥ်ပြိုင်ရမဲ့လူ တစ်လျောက် လျော့သွားပြီ… ဟီးဟီး
တာကိုး
သွေးသောက်ညီအကိုဖွဲ့ပြီး မိန်းမမယူဂိုဏ်း ထူထောင်ရအောင်ဗျာ…
အသင်းဦးတည်ချက် ၃ ရပ်
တရုတ်မတွေကို မုန်းတယ်
မလေးမတွေကို မချစ်ချင်ဘူး
ဗမာမတွေကျ စိတ်မပါဘူး
တာကိုး
သွေးသောက်ညီအကိုဖွဲ့ပြီး မိန်းမမယူဂိုဏ်း ထူထောင်ရအောင်ဗျာ…
အသင်းဦးတည်ချက် ၃ ရပ်
တရုတ်မတွေကို မုန်းတယ်
မလေးမတွေကို မချစ်ချင်ဘူး
ဗမာမတွေကျ စိတ်မပါဘူး