စာကျက်စာကျက်နဲ့ ငယ်ကတည်းက လူကြီးတွေပြောလာတာ ငယ်တုံးကတော့ နားထောင်ပါတယ် ဒါပေမယ့် ဆယ်တန်းအောင်ကတည်းက ဘယ်တော့မှစာမကျက်တော့ပါဘူး။ တက္ကသိုလ်တစ်လျောက်လုံး စာမကျက်ပါဘူး သူများတွေက ကျက်စာကျက်စာနဲ့ပြောတယ် ကိုယ့်အတွက်တော့ ဘယ်ဟာမှကျက်စာမဟုတ်ဘူး ဖတ်ပဲဖတ်တယ် ပြီးရင်မေးလာရင် အဆင်ပြေသလိုချရေးပေးလိုက်တယ်။ သူများတွေကလည်း စာရှင်းပြပါ စာရှင်းပြပါနဲ့ပြောတတ်တယ် နားလည်ချင်လို့ဆိုရင် ဘယ်လိုရှင်းရှင်းရပါ စာမေးပွဲဖြေနိုင်ချင်လို့ဆိုတော့ ခက်တာကကိုယ်ကလည်း ဘယ်လိုဖြေနိုင်အောင် ရှင်းပြရမှန်းမသိ။
အခုလည်း အတန်းထဲကအစ်မကြီးများက မနက်ဖြန်စာစုကျက်ရအောင် လာခဲ့ပါဦးတဲ့။ ခက်တာက သူတို့က စာရနေတယ်လို့ ထင်တယ် ကိုယ်လည်း စာကဖတ်နေဆဲ။ နောက်ပြဿနာက ကိုယ်ကလည်း စာဖတ်ရင် တစ်ယောက်တည်းပဲ ဖတ်တတ်တယ်။ ကျောင်းမှာ အတန်းတွေလည်း အတူတူတက်လာတာ နှစ်တွေလည်းကြာပါပြီ ကိုယ့်အကြောင်းလည်း သူတို့ကအခုထက်ထိမသိ။ ကိုယ်ကဖြင့် မနက်ဖြန် စာမေးပွဲဆိုတောင် ဒီနေ့ညသန်းခေါင်အထိ စာကိုဖတ်လို့ပြီးသေးတာမဟုတ်။ ဒီလိုပဲမပြီးသေးလည်း စာမေးပွဲသွားဖြေတာ အထဲရောက်မှ ဖတ်ဖူးသမျ လုပ်ဖူးသမျစာတွေ အလုပ်မှာကြုံဖူးတာတွေနဲ့ စုပေါင်းပြီး အသားကုန်ညှစ်ထုတ်ရတာ စာမရလို့ လျောက်ရေးတာမျိုးမဟုတ်ဘူး မေးထားတာနဲ့ ဆက်စပ်ပြီးရေးပေးလိုက်တာ။ စာမေးပွဲအခန်းထဲမှမဟုတ်ရင် အဲဒီလောက်စာက ဘယ်လိုရေးရေး မထွက်လာဘူးရယ်။ မဟုတ်ရင်ပြောကြဦးမယ် စာရှင်းမပြချင်ဘူး ဖြစ်ကြဦးမယ် ခက်တာက ကိုယ့်လိုလျောက်ရေးတတ်ဖို့က သင်ပေးလို့မှမရတာ။ စာတွေလည်းဖတ်ဖို့ အများကြီးကျန်သေးတယ် မနက်ဖြန်တော့ မတတ်နိုင်ဘူး ထင်ချင်ရာသာထင် မလာဘူးလို့ အပြတ်ပြောလိုက်ပြီးသားပဲ။
စာစုကျက်တာ မဟန်ပါဖူးအစ်ကိုရာ း)
တယောက်တည်း ကျက်မှတ်ရတာကောင်းတယ်
း) စာစုကျက်ဖို့ခေါ်တာသွားဖူးပေါ့
း) ကောင်း၏
blogspotမှာလင့်ခ်ထားတာအစ်ကို
း)
အဲ့ဒါတွေ ခက်တာပဲ ခက်တာပဲ….
ဖတ် ဖတ်…ပျို ရေ..
အိမ်း… မသွားပါနဲ့လေ….။ အပြတ်တောင်ပြောပြီးပြီဆိုမှတော့ မလာပါနဲ့လေ…..
ပုံ/အတန်းထဲကအစ်မကြီးများ
အတန်းထဲက ညီမလေးများကရော စာစုဖတ်ဖို့လို့ ခေါ်ဘူးလား..ငှင်
မလာနဲ့ဟာ ကဲ…
ဒါကတော့ အမှန်ပဲ စာမေးပွဲနီးမှ စာစုကျက်ဖို့ခေါ်တဲ့ အမျိုးသမီးအုပ်စုဆို
တော်တော်ကြောက်တယ်
သူတို့က ကြိတ်ကျက် ဖိကျက်လာပြီး ရနေပြီ နီးတော့မှ ဘာမှမရသေးတဲ့
ကိုယ့်ကိုယ်ခေါ်ဒုက္ခပေးသလိုပဲ ခံစားရတယ်
ညီမလေးတွေ မသိလို့ မေးရင်တော့ ဆရာကြီးလုပ်ချင်သား
(အကိုကြီး ဖြစ်ချင်တဲ့ သဘာဝပြောရင်မှားမလား =D
ဒါကတော့ အမှန်ပဲ စာမေးပွဲနီးမှ စာစုကျက်ဖို့ခေါ်တဲ့ အမျိုးသမီးအုပ်စုဆို
တော်တော်ကြောက်တယ်
သူတို့က ကြိတ်ကျက် ဖိကျက်လာပြီး ရနေပြီ နီးတော့မှ ဘာမှမရသေးတဲ့
ကိုယ့်ကိုယ်ခေါ်ဒုက္ခပေးသလိုပဲ ခံစားရတယ်
ညီမလေးတွေ မသိလို့ မေးရင်တော့ ဆရာကြီးလုပ်ချင်သား
(အကိုကြီး ဖြစ်ချင်တဲ့ သဘာဝပြောရင်မှားမလား =D